News

ကိုဗစ္ေၾကာင့္ လမ္းေဘးမွာ အီၾကာေကြး ေရာင္းေနရတဲ့ ထိုင္းေလေၾကာင္းလိုင္းရဲ့အျဖစ္

ကမာၻ႔ထိပ္တန္း Top 10 စာရင္းမွာ နံပါတ္ ၁၀ အျဖစ္ (အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕အေျခစိုက္ Skytrax Rating ၂၀၁၉ ခုႏွစ္မွာ) ေဖာ္ျပျခင္းခံခဲ့ရတဲ့ ထိုင္းႏိုင္ငံတကာေလေၾကာင္း (Thai Airways International) ကေတာ့ ၂၀၂၀ ကိုဗစ္ကပ္ေရာဂါ အၾကပ္အတည္းေတြနဲ႔အတူေဒဝါလီခံသြားခဲ့ပါၿပီ။

ေဒဝါလီခံထားတဲ့ ထိုင္းႏိုင္ငံတကာေလေၾကာင္း (THAI) ဟာ ဘန္ေကာက္ၿမိဳ႕လယ္ ဆီးလုံလမ္းက သူ႔ရဲ႕႐ုံးခြဲေရွ႕မွာ ဘတ္ ၅၀ ကို ၃ ခုနဲ႔ လမ္းေဘးအီၾကာေကြးဆိုင္ ဖြင့္ေၾကာ္ေရာင္းေနရပါသတဲ့။ Thai Airways ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလဆန္းမွာ စၿပီးေလယာဥ္စတိုင္နဲ႔ စားေသာက္ဆိုင္ ဖြင့္လွစ္ေရာင္းခ်ခဲ့ပါတယ္။

ယခုလို လမ္းေဘးအီၾကာေကြးဆိုင္ ဖြင့္ေရာင္းတာကိုေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာ လဆန္းမွာ စတင္ခဲ့တာ ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံတကာေလေၾကာင္း (THAI) ရဲ႕ စားေသာက္ဖြယ္ရာ ဝန္ေဆာင္မႈဟာ ယခင္ကတည္းကနာမည္ရၿပီးသား ျဖစ္တာေၾကာင့္ သူတို႔ရဲ႕ လမ္းေဘးအီၾကာေကြးဆိုင္ဟာလည္း စားခ်င္သူေတြက တန္းစီၿပီးဝယ္ရတဲ့ထိ အားေပးတဲ့သူ မ်ားျပားလြန္းပါသတဲ့။

ထိုင္းႏိုင္ငံတကာေလေၾကာင္း(THAI) ဟာ ကမာၻ႔ထိပ္တန္း နာမည္ႀကီး ေလေၾကာင္းလိုင္းျဖစ္ၿပီး ေလယာဥ္ ၉၀ ေက်ာ္နဲ႔ကမာၻ႔ ၃၇ ႏိုင္ငံကို ခရီးစဥ္ေပါင္း ၈၄ ခု ေျပးဆြဲေပးေနတဲ့ ေလေၾကာင္းလိုင္းျဖစ္ပါတယ္။

၂၀၁၉ ႏွစ္ကုန္စာရင္းအရ ထိုင္းႏိုင္ငံတကာေလေၾကာင္း (THAI) မွာ ဝန္ထမ္း ၂၂၀၀၀ ေက်ာ္ရွိၿပီး ပိုင္းေလာ့ ၁၄၀၀ ေက်ာ္ရွိေၾကာင္း သိရပါတယ္။ ကမာၻ႔ထိပ္တန္း Top 10 စာရင္းမွာနံပါတ္ ၁၀ ျဖစ္တဲ့ THAI ရဲ႕ လမ္းေဘးအီၾကာေကြးဟာ ႀကိတ္ႀကိတ္တိုးတန္းစီၿပီး ဝယ္ရတဲ့ထိ အားေပးခံရေပမယ့္ ကြၽန္ေတာ္တို႔ႏိုင္ငံက ေလေၾကာင္းလိုင္းေတြ အကယ္၍ အီၾကာေကြး ေရာင္းခဲ့မယ္ဆိုရင္ေတာ့ သူတို႔လို ေရာင္းအားေကာင္းလိမ့္မယ္လို႔ မထင္မိေၾကာင္းပါဗ်ာ။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကမ္ဘာ့ထိပ်တန်း Top 10 စာရင်းမှာ နံပါတ် ၁၀ အဖြစ် (အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် Skytrax Rating ၂၀၁၉ ခုနှစ်မှာ) ဖော်ပြခြင်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံတကာလေကြောင်း (Thai Airways International) ကတော့ ၂၀၂၀ ကိုဗစ်ကပ်ရောဂါ အကြပ်အတည်းတွေနဲ့အတူဒေဝါလီခံသွားခဲ့ပါပြီ။

ဒေဝါလီခံထားတဲ့ ထိုင်းနိုင်ငံတကာလေကြောင်း (THAI) ဟာ ဘန်ကောက်မြို့လယ် ဆီးလုံလမ်းက သူ့ရဲ့ရုံးခွဲရှေ့မှာ ဘတ် ၅၀ ကို ၃ ခုနဲ့ လမ်းဘေးအီကြာကွေးဆိုင် ဖွင့်ကြော်ရောင်းနေရပါသတဲ့။ Thai Airways ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ စပြီးလေယာဉ်စတိုင်နဲ့ စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။

ယခုလို လမ်းဘေးအီကြာကွေးဆိုင် ဖွင့်ရောင်းတာကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတကာလေကြောင်း (THAI) ရဲ့ စားသောက်ဖွယ်ရာ ဝန်ဆောင်မှုဟာ ယခင်ကတည်းကနာမည်ရပြီးသား ဖြစ်တာကြောင့် သူတို့ရဲ့ လမ်းဘေးအီကြာကွေးဆိုင်ဟာလည်း စားချင်သူတွေက တန်းစီပြီးဝယ်ရတဲ့ထိ အားပေးတဲ့သူ များပြားလွန်းပါသတဲ့။

ထိုင်းနိုင်ငံတကာလေကြောင်း(THAI) ဟာ ကမ္ဘာ့ထိပ်တန်း နာမည်ကြီး လေကြောင်းလိုင်းဖြစ်ပြီး လေယာဉ် ၉၀ ကျော်နဲ့ကမ္ဘာ့ ၃၇ နိုင်ငံကို ခရီးစဉ်ပေါင်း ၈၄ ခု ပြေးဆွဲပေးနေတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။

၂၀၁၉ နှစ်ကုန်စာရင်းအရ ထိုင်းနိုင်ငံတကာလေကြောင်း (THAI) မှာ ဝန်ထမ်း ၂၂၀၀၀ ကျော်ရှိပြီး ပိုင်းလော့ ၁၄၀၀ ကျော်ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့ထိပ်တန်း Top 10 စာရင်းမှာနံပါတ် ၁၀ ဖြစ်တဲ့ THAI ရဲ့ လမ်းဘေးအီကြာကွေးဟာ ကြိတ်ကြိတ်တိုးတန်းစီပြီး ဝယ်ရတဲ့ထိ အားပေးခံရပေမယ့် ကျွန်တော်တို့နိုင်ငံက လေကြောင်းလိုင်းတွေ အကယ်၍ အီကြာကွေး ရောင်းခဲ့မယ်ဆိုရင်တော့ သူတို့လို ရောင်းအားကောင်းလိမ့်မယ်လို့ မထင်မိကြောင်းပါဗျာ။