News

ေဖ့စ္ဘြတ္ေပၚမွာ လူေျပာမ်ားေနတဲ့ ဖားကန႔္က ထူးဆန္းတဲ့ တိမ္ေလွကား ျဖစ္ေပၚလာရတဲ့ အေၾကာင္းရင္း

“တိမ္လႊာ အထပ္ထပ္ေတြအေၾကာင္း”- မိုးတိမ္ဆိုတာ ေရခိုးေရေငြ႕ေတြ စုေပါင္းဖြဲ႕စည္းထားတဲ့ အစုအဖြဲ႕တစ္ခုလို႔ ဆိုနိုင္ပါတယ္။ ေနေရာင္ျခည္ က်ေရာက္မႈေၾကာင့္ (တနည္း) အပူေၾကာင့္ ေျမျပင္ေပၚရွိ ေရမ်ားဟာ ေငြ႕ရည္ဖြဲ႕ၿပီး ေကာင္းကင္ကို တက္ပါတယ္။ အေပၚေရာက္ေတာ့

ေအးခဲၿပီး ေရျပန္ျဖစ္ခါ မိုးအျဖစ္ တဖန္႐ြာက်တတ္ျပန္ပါတယ္ ေကာင္းကင္ေပၚတက္သြားတဲ့ ေရေငြ႕မ်ားဟာ ေလရဲ႕သယ္ေဆာင္ရာကိုလည္း လိုက္ပါေ႐ြ႕လ်ားၾကရပါတယ္။ ဒီလိုေ႐ြ႕လ်ားသြားလာတတ္တဲ့ ေလဟာ ကမာၻႀကီးကို ရာသီဥတု အမ်ိဳးမ်ိဳးအလီလီ ျဖစ္ေစျပန္ပါတယ္။

အခုလို ေဆာင္းရာသီအခ်ိန္အခါမွာေတာ့ ေျမာက္ျပန္ေလညွင္းမ်ားဟာ ဝင္ရိုးစြန္းဖက္က ေရခဲမႈန္မ်ားကို သယ္ေဆာင္ၿပီး ေတာင္ဘက္အရပ္ဆီကို တိုက္ခတ္ၾကပါတယ္။ ဒီအခ်ိန္မ်ိဳးမွာ ေျမျပင္အပူခ်ိန္ ျမင့္လာျခင္းေၾကာင့္ ႐ုတ္တရက္ျဖစ္ေပၚလာတဲ့ ေရခိုးေရေငြ႕မ်ားဟာ ေျမာက္ျပန္

ေလညွင္းမ်ားနဲ႔ ေရာေႏွာၿပီး (တနည္း) အပူ-အေအး ေရာယွက္ၿပီး ပုံသ႑ာန္ဆန္းတဲ့ အခုလိုတိမ္တိုက္ေတြ ျဖစ္လာၾကပါတယ္။ ဒီလိုတိမ္ေတြကို ျဖစ္တည္တဲ့ အကြာအေဝးေပၚမူတည္ၿပီး အျမင့္ပိုင္း၊ အလယ္ပိုင္းနဲ႔ အနိမ့္ပိုင္းတိမ္စိုင္ေတြလို႔ ခြဲျခားၾကည့္နိုင္ပါတယ္။ ယခုပုံမွာျပထားတဲ့

တိမ္လႊာအထပ္ထပ္ေတြဟာ ေျမျပင္မွ ေပ ၆၀၀၀ ႏွင့္ ၂၀၀၀၀ အၾကားမွာျဖစ္တတ္လို႔ အလယ္ပိုင္းက်ေသာ တိမ္လႊာမ်ားလို႔ ဆိုနိုင္ပါတယ္။ ေရေငြ႕ပါဝင္မႈႏႈန္းမ်ားေလေလ ပိုၿပီးထင္ထင္ရွားရွားျဖစ္ေလပါပဲ။ အျမင့္ေပ ၁၈၀၀၀ အထက္ေလာက္မွာ ျဖစ္ခဲ့လွ်င္ေတာ့ Cirrus cloud

လို႔ သတ္မွတ္ပါတယ္၊ တိမ္တစ္ခုနဲ႔ တစ္ခုၾကားမွာ ‘ဟ’ေနရတာကေတာ့ ႐ုတ္တရက္တက္လာတဲ့ ေလပူမ်ားေၾကာင့္ တိမ္ထဲကေရဟာ အေငြ႕ပ်ံၿပီး အေပၚတက္ တိမ္ျဖစ္၊ အေပၚမွာေအးေနေတာ့ ေရျပန္ျဖစ္ၿပီး နိမ့္ဆင္းလာ၊ ေအာက္ဆင္းေတာ့ အေငြ႕ျပန္ျဖစ္ စသည္ျဖင့္ ေျပာင္းလဲမႈ

ျဖစ္စဥ္မ်ားေၾကာင့္ တိမ္တစ္ခုႏွင့္တစ္ခု ကြာဟေနရျခင္းျဖစ္ပါတယ္၊ အပူနဲ႔အေအးၾကားမွာ တည္ၿငိမ္မႈမရွိျခင္းလို႔ဆိုနိုင္ပါတယ္။ ဒီလို တိမ္လႊာအထပ္မ်ားဟာ ရာသီဥတုေျပာင္းလဲျခင္းကို ရည္ၫႊန္းပါတယ္။ ပူရာကေန ေအးလာေတာ့မယ့္ အရိပ္အေယာင္ျဖစ္ပါတယ္။ ေနာက္တခု

ေအးရမယ့္ေနရာမွာ အပူေတြ ရွိေနျခင္းေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။ မိုးအျဖစ္ ႐ြာသြန္းေလ့မရွိေပမယ့္ မိုးတိမ္ေတာင္ျဖစ္စဥ္မ်ားနဲ႔ နီးစပ္လွ်င္ေတာ့ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းမ်ား ျဖစ္နိုင္ပါတယ္။ မိုးတိမ္မ်ားဟာ ရာသီဥတုေျပာင္းလဲမႈမ်ားကို ေဖာ္ျပေပးနိုင္တဲ့

အေကာင္းဆုံးအမွတ္အသားမ်ား ျဖစ္ၾကပါတယ္၊ ျမန္မာနိုင္ငံေျမာက္ဖက္ပိုင္းေဒသေတြမွာ အေအးပိုလာနိုင္ပါတယ္။ အနာဂတ္ပညာေရးအတြက္၊ သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ) ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

“တိမ်လွှာ အထပ်ထပ်တွေအကြောင်း”- မိုးတိမ်ဆိုတာ ရေခိုးရေငွေ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အစုအဖွဲ့တစ်ခုလို့ ဆိုနိုင်ပါတယ်။ နေရောင်ခြည် ကျရောက်မှုကြောင့် (တနည်း) အပူကြောင့် မြေပြင်ပေါ်ရှိ ရေများဟာ ငွေ့ရည်ဖွဲ့ပြီး ကောင်းကင်ကို တက်ပါတယ်။ အပေါ်ရောက်တော့

အေးခဲပြီး ရေပြန်ဖြစ်ခါ မိုးအဖြစ် တဖန်ရွာကျတတ်ပြန်ပါတယ် ကောင်းကင်ပေါ်တက်သွားတဲ့ ရေငွေ့များဟာ လေရဲ့သယ်ဆောင်ရာကိုလည်း လိုက်ပါရွေ့လျားကြရပါတယ်။ ဒီလိုရွေ့လျားသွားလာတတ်တဲ့ လေဟာ ကမ္ဘာကြီးကို ရာသီဥတု အမျိုးမျိုးအလီလီ ဖြစ်စေပြန်ပါတယ်။

အခုလို ဆောင်းရာသီအချိန်အခါမှာတော့ မြောက်ပြန်လေညှင်းများဟာ ဝင်ရိုးစွန်းဖက်က ရေခဲမှုန်များကို သယ်ဆောင်ပြီး တောင်ဘက်အရပ်ဆီကို တိုက်ခတ်ကြပါတယ်။ ဒီအချိန်မျိုးမှာ မြေပြင်အပူချိန် မြင့်လာခြင်းကြောင့် ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေခိုးရေငွေ့များဟာ မြောက်ပြန်

လေညှင်းများနဲ့ ရောနှောပြီး (တနည်း) အပူ-အအေး ရောယှက်ပြီး ပုံသဏ္ဍာန်ဆန်းတဲ့ အခုလိုတိမ်တိုက်တွေ ဖြစ်လာကြပါတယ်။ ဒီလိုတိမ်တွေကို ဖြစ်တည်တဲ့ အကွာအဝေးပေါ်မူတည်ပြီး အမြင့်ပိုင်း၊ အလယ်ပိုင်းနဲ့ အနိမ့်ပိုင်းတိမ်စိုင်တွေလို့ ခွဲခြားကြည့်နိုင်ပါတယ်။ ယခုပုံမှာပြထားတဲ့

တိမ်လွှာအထပ်ထပ်တွေဟာ မြေပြင်မှ ပေ ၆၀၀၀ နှင့် ၂၀၀၀၀ အကြားမှာဖြစ်တတ်လို့ အလယ်ပိုင်းကျသော တိမ်လွှာများလို့ ဆိုနိုင်ပါတယ်။ ရေငွေ့ပါဝင်မှုနှုန်းများလေလေ ပိုပြီးထင်ထင်ရှားရှားဖြစ်လေပါပဲ။ အမြင့်ပေ ၁၈၀၀၀ အထက်လောက်မှာ ဖြစ်ခဲ့လျှင်တော့ Cirrus cloud

လို့ သတ်မှတ်ပါတယ်၊ တိမ်တစ်ခုနဲ့ တစ်ခုကြားမှာ ‘ဟ’နေရတာကတော့ ရုတ်တရက်တက်လာတဲ့ လေပူများကြောင့် တိမ်ထဲကရေဟာ အငွေ့ပျံပြီး အပေါ်တက် တိမ်ဖြစ်၊ အပေါ်မှာအေးနေတော့ ရေပြန်ဖြစ်ပြီး နိမ့်ဆင်းလာ၊ အောက်ဆင်းတော့ အငွေ့ပြန်ဖြစ် စသည်ဖြင့် ပြောင်းလဲမှု

ဖြစ်စဉ်များကြောင့် တိမ်တစ်ခုနှင့်တစ်ခု ကွာဟနေရခြင်းဖြစ်ပါတယ်၊ အပူနဲ့အအေးကြားမှာ တည်ငြိမ်မှုမရှိခြင်းလို့ဆိုနိုင်ပါတယ်။ ဒီလို တိမ်လွှာအထပ်များဟာ ရာသီဥတုပြောင်းလဲခြင်းကို ရည်ညွှန်းပါတယ်။ ပူရာကနေ အေးလာတော့မယ့် အရိပ်အယောင်ဖြစ်ပါတယ်။ နောက်တခု

အေးရမယ့်နေရာမှာ အပူတွေ ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိုးအဖြစ် ရွာသွန်းလေ့မရှိပေမယ့် မိုးတိမ်တောင်ဖြစ်စဉ်များနဲ့ နီးစပ်လျှင်တော့ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်နိုင်ပါတယ်။ မိုးတိမ်များဟာ ရာသီဥတုပြောင်းလဲမှုများကို ဖော်ပြပေးနိုင်တဲ့

အကောင်းဆုံးအမှတ်အသားများ ဖြစ်ကြပါတယ်၊ မြန်မာနိုင်ငံမြောက်ဖက်ပိုင်းဒေသတွေမှာ အအေးပိုလာနိုင်ပါတယ်။ အနာဂတ်ပညာရေးအတွက်၊ သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ) လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။