ထိုင်းနိုင်ငံ၌ရေပိုက်လုပ်သားအဖြစ်အလုပ်လုပ်ကိုင် ပြီး နေရပ်ပြန်လာသူ ဦး……………မှာ ယမန့်နေ့ ညပိုင်းက ပေါင်မြို့နယ် ဝဲပတန်ကျေးရွာ ၎င်း၏နေအိမ်သို့ရောက်ရှိလာကြောင်းသိရသည်။
၎င်းမှာရွာထဲရောက်ရောက်ချင်းပဲ ရွာသူရွာသားတွေ ကလည်း အလှပ်တိုက်နယ်ဆေးရုံဆီ ပို့ထားလိုက်ကြောင်း၊ ဒါပေမယ့် နောက်ရွာသား တစ်ဦးကလည်း တိုက်နယ်ဆေးရုံမှာမထားတော့ဘဲ သူ့ကိုခေါ်လာပြီး ဝဲပတန်အမက ကျောင်းထဲထည့် ထားတာ ။ ဒီမနက်အထိ သူ့ကိုစောင့်ကြည့်ပေးနေ ပါကြောင်း၊ အခု အကိုတို့ သိပေးပွားကလာခေါ်တဲ့ အထိ ကျနော်တို့တာဝန်ယူထားကြောင်း ” ဝဲပတန်ကျေးရွာနေ ကိုမိုးဝင်းက နတ်သားကို ပြောသည်။
သူ့ဆီမှာထောက်ခံစာပါလာတဲ့အကြောင်း ရွာသားတွေကိုပြတယ်။ ပြတဲ့ထောက်ခံစာကလည်း အတုဖြစ်နေတယ်။ ဘယ်သူပေးတာလဲလို့ မေးတော့ ကားသမားကပေးတာတဲ့။
#ကဲ_တို့မြန်မာပြည်မှာကားသမားက_Covidထောက်ခံစာတောင်ပေးတတ်တဲ့ခေတ်ရောက်နေပါလား
ဒီလိုတော့မရဘူးလေ။ ပြည်တောပြန် မောင်မင်းကြီးသား ခင်ဗျားက ကိုယ့်ရွာကို ကူညီတဲ့ အနေနဲ့ မော်လမြိုင်CBFQ မှာ Qဝင်ပေးလိုက်တော့ ဒါက အမှန်ဆုံးပဲ။
အခုတော့ သူလည်း မော်လမြိုင် ၁၀မြို့နယ် အဆောင်က ကော့ကရိတ်ဆောင်ကို ရောက်သွားပါပြီ။ မိဘပြည်သူအားလုံးကလည်း မိမိတို့ ရပ်ရွာမှာပြည်တော်ပြန် နေရပ်ပြန် များရောက်ရှိပါက ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ်များရယူကာ မိမိတို့မြို့ရွာကို ကာကွယ်သွားကြပါခင်ဗျား………
နတ်သား
သိပေးပွားRESCUE(ပေါင်မြို့)
အသင်းမှတ်ပုံတင်အမှတ် ၂ / မွန် / ၀၈၂
09 424569556
09 684121721
09 767141992