လယ်ထဲကညောင်ပင်အောက်မှ ဝိဥာဉ်ဖြူလိုလိုသဏ္ဍန်တစ်ခု ဂိမ်းဆော့ကစားနေတဲ့ကလေးတွေအနားရောက်အလာကိုအမှတ်မထင်ရိုက်မိထား
ထိုင်းမှာ တောင်သူမိသားစုစပါးရိတ်သိမ်းပြီးညအိပ်စောင့်နေချိန် ကလေးတွေ ထော်လောဂျီပေါ်မှာအိပ်ပြီးဖုန်းဆောကစားနေတာကို ဦးလေးဖြစ်သူမှ အဝေးကနေအမှတ်မထင် ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီးမှပြန်ကြည့်တဲ့အခါ ညောင်ပင်အောက် အဝတ်ဖြူဝတ်ထားတဲ့ခန္ဓာကိုယ် အရိပ်အကြီးကြီးသဏ္ဌန်တစ်ခု ကလေးတွေဖုန်းဆော့နေတာကိုငုံ့ကြည့်နေပုံကိုတွေ့မြင်ခဲ့ရတဲ့လို့ဆိုပါတယ် ။
ဖြစ်ပုံက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ညက ထိုင်းနိုင်ငံ ကာလဆင်ခရိုင် ကုချိနာရိုင်မြို့နယ် နောင်ဟန့်ကျေးရွာအုပ်စု နောင်စရဖန်ရွာအနီး လယ်ကွင်းထဲတွင် အသက် ၄၃ နှစ်အရွယ် နိုင်စူဖကစ်ထိတိ မှာစပါးရိပ်သိမ်းပြီး ဆွေမျိုးများနှင့်အတူ ညအိပ်စောင့်နေတဲ့အခါ
ညအမှောင် တူကလေး နှစ်ယောက်ဟာ ခပ်လှမ်းလှမ်း ညောင်ပင်ငယ်အနီးမှာရပ်ထားတဲ့ ထော်လာဂျီပေါ်မှာ ဝမ်းလျားမှောက် ဖုန်းဆော့ကစားနေတဲ့အချိန် ဦးလေးဖြစ်သူက အဝေးကနေဖုန်းလှမ်းရိုက်မိရင်း အခုလို ဝိဥာဉ်လိုလို ကွင်းစောင့်လိုလိုရုပ်ပုံကလာပေါ်နေတာလို့ ၄င်းကပြောသည် ။
ဖုန်းကလည်းအကောင်းစားမဟုတ်သလို ဘာ APP မှလည်းမသုံးတတ်ဘူးလို့ဆိုပါတယ် ။ သူတို့ရဲ့ယုံကြည်မှုအတိုင်း ဒါဟာမကောင်းဆိုးဝါးမဟုတ်သလိုကလေးတွေကိုစောင့်ရှောက်မှုပေးတာလည်းဖြစ်နိုင်ကြောင်းပြောပြကာ နောက်နေ့မနက်မှာတော့ ပူဇော်ပသမှုတွေပြုလုပ်ခဲ့ကြကြောင်းသိရပါတယ် ။
Photo #Crd #MGR OnLine
#ယုံသင့်မှယုံပါ#ယုံပါဟုမဆိုလိုပါ
#เล่าเรื่องขนหัวลุก ใช้มือถือถ่าย #ภาพติดวิญญาณเจ้าที่เฝ้านาข้าว
#SiThuMaung