News

“ကထိန်ရရှိဖို့ မသေချာတဲ့ ဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်းအတွက် သိန်း(၁၀၀) လှူဒါန်းခဲ့တဲ့ ဦးဦးဇော်ဇော် တို့မိသားစု”

ရခိုင်ဒေသမှ ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်း ကထိန်ခင်းနိုင်ရန်အတွက် ဦးဇော်ဇော် ၏ Max Myanmar group လုပ်ငန်းခွဲတစ်ခုဖြစ်သောမက်စ်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ အလှူငွေ ကျပ်သိန်း(၁၀၀)ဆက်ကပ်လှူဒါန်း

ကိုဗစ်အကျပ်အတည်းကာလတွင် ကထိန်ရရှိရန် မသေချာဖြစ်နေသော ရခိုင်ဒေသမှ ဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်း ကထိန်ခင်းနိုင်ရန်အတွက် မက်စ်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ တစ်ကျောင်းလျှင် ကထိန်မတည်အလှူငွေ ကျပ်(၁၀)သိန်းစီဖြင့် စုစုပေါင်း အလှူငွေ ကျပ်သိန်း(၁၀၀) ကို ရန်ကုန်မြို့ရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်မှတစ်ဆင့် မတည်လှူဒါန်းခဲ့ပါသည်။

ကထိန်ခင်းနိုင်ရန်အတွက် မတည်လှူဒါန်းပေးခဲ့သော ကျောင်းတိုက်များမှာ ကျောက်တော်မြို့နယ်မှ ငှက်ပျောချောင်းကျောင်း၊ ကာဒီကျောင်း၊ ဦးစွန်းတောင်အောက်ရွာကျောင်း၊ ဦးစွန်းတောင်အထက်ရွာကျောင်း၊ မျက်ကွင်းတောင်ကျောင်း၊ ဦးစွန်းတောင်ဘုရားတောင်ပေါ်ကျောင်း၊ သာသနသုခဓမ္မရုံ‌ကျောင်း(သဂ်နက်ရွာ)၊ မြေပုံမြို့နယ်မှ ချောင်းကြီးကျောင်း၊ ကံ့ကော်ချောင်းကျောင်းနှင့် မင်းပြားမြို့နယ်မှ သောင်းခုံမော်ကျောင်းတို့ ဖြစ်ကြပါသည်။

Max High Way

LMP