ဗဟုသုတ

“မနေ့ညက ဖြစ်ပေါ်ခဲ့တဲ့ ထူးဆန်းတဲ့ တိမ်လှေကား ဖြစ်ပေါ်ရခြင်း အကြောင်းအရင်း”

ဖားကန႔္မွာ ထူးဆန္းတဲ့ တိမ္ေလွကား ျဖစ္ေပၚလာရတဲ့ အေၾကာင္းရင္း

တိမ္လႊာ အထပ္ထပ္ေတြ အေၾကာင္း

မိုးတိမ္ဆိုတာ ေရခိုးေရေငြ႕ေတြ စုေပါင္းဖြဲ႕စည္းထားတဲ့ အစုအဖြဲ႕တစ္ခုလို႔ ဆိုနိုင္ပါတယ္။

ေနေရာင္ျခည္ က်ေရာက္မွုေၾကာင့္ (တနည္း) အပူေၾကာင့္ ေျမျပင္ေပၚရွိ ေရမ်ားဟာ ေငြ႕ရည္ဖြဲ႕ၿပီး ေကာင္းကင္ကို တက္ပါတယ္။

အေပၚေရာက္ေတာ့ ေအးခဲၿပီး ေရျပန္ျဖစ္ခါ မိုးအျဖစ္ တဖန္ရြာက် တတ္ျပန္ပါတယ္။ ေကာင္းကင္ေပၚတက္သြားတဲ့

ေရေငြ႕မ်ားဟာ ေလရဲ့ သယ္ေဆာင္ရာကိုလည္း လိုက္ပါေရြ႕လ်ားၾက ရပါတယ္။

ဒီလိုေရြ႕လ်ားသြားလာတတ္တဲ့ ေလဟာ ကမၻာႀကီးကို ရာသီဥတု အမ်ိဳးမ်ိဳးအလီလီ ျဖစ္ေစျပန္ပါတယ္။

အခုလို ေဆာင္းရာသီအခ်ိန္အခါမွာေတာ့ ေျမာက္ျပန္ေလညႇင္းမ်ားဟာ ဝင္ရိုးစြန္းဖက္က

ေရခဲမွုန္မ်ားကို သယ္ေဆာင္ၿပီး ေတာင္ဘက္အရပ္ဆီကို တိုက္ခတ္ၾကပါတယ္။

ဒီအခ်ိန္မ်ိဳးမွာ ေျမျပင္အပူခ်ိန္ ျမင့္လာျခင္းေၾကာင့္ ႐ုတ္တရက္ ျဖစ္ေပၚလာတဲ့ ေရခိုးေရေငြ႕မ်ားဟာ

ေျမာက္ျပန္ေလညႇင္းမ်ားနဲ႔ ေရာေႏွာၿပီး (တနည္း) အပူ-အေအး ေရာယွက္ၿပီး ပုံသ႑ာန္ဆန္းတဲ့ အခုလို တိမ္တိုက္ေတြ ျဖစ္လာၾကပါတယ္။

ဒီလို တိမ္ေတြကို ျဖစ္တည္တဲ့ အကြာအေဝးေပၚမူတည္ၿပီး အျမင့္ပိုင္း ၊ အလယ္ပိုင္း နဲ႔ အနိမ့္ပိုင္း

တိမ္စိုင္ေတြလို႔ ခြဲျခားၾကည့္နိုင္ပါတယ္။ ယခုပုံမွာျပထားတဲ့ တိမ္လႊာအထပ္ထပ္ေတြဟာ ေျမျပင္မွ

ေပ ၆၀၀၀ ႏွင့္ ၂၀၀၀၀ အၾကားမွာ ျဖစ္တတ္လို႔ အလယ္ပိုင္းက်ေသာ တိမ္လႊာမ်ားလို႔ ဆိုနိုင္ပါတယ္။

ေရေငြ႕ပါဝင္မွုႏွုန္းမ်ားေလေလ ပိုၿပီး ထင္ထင္ရွားရွားျဖစ္ေလပါပဲ။ အျမင့္ေပ ၁၈၀၀၀ အထက္ေလာက္မွာ ျဖစ္ခဲ့လၽွင္ေတာ့ Cirrus cloud လို႔ သတ္မွတ္ပါတယ္။

တိမ္တစ္ခုနဲ႔ တစ္ခုၾကားမွာ ‘ဟ’ ေနရတာကေတာ့ ႐ုတ္တရက္တက္လာတဲ့ ေလပူမ်ားေၾကာင့္ တိမ္ထဲက ေရဟာ

အေငြ႕ပ်ံၿပီး အေပၚတက္.. တိမ္ျဖစ္၊ အေပၚမွာေအးေနေတာ့ ေရျပန္ျဖစ္ၿပီး နိမ့္ဆင္းလာ၊ ေအာက္ဆင္းေတာ့

အေငြ႕ျပန္ျဖစ္ စသည္ျဖင့္ ေျပာင္းလဲမွုျဖစ္စဥ္မ်ားေၾကာင့္ တိမ္တခုႏွင့္တခု ကြာဟေနရျခင္းျဖစ္ပါတယ္။

အပူ နဲ႔ အေအးၾကားမွာ တည္ၿငိမ္မွု မရွိျခင္းလို႔ဆိုနိုင္ပါတယ္။ဒီလို တိမ္လႊာအထပ္မ်ားဟာ ရာသီဥတု ေျပာင္းလဲျခင္းကို ရည္ညႊန္းပါတယ္။

ပူရာကေန ေအးလာေတာ့မယ့္ အရိပ္အေယာင္ျဖစ္ပါတယ္။ ေနာက္တခုက ေအးရမယ့္ေနရာမွာ အပူေတြ ရွိေနျခင္းေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။

မိုးအျဖစ္ရြာသြန္းေလ့ မရွိေပမယ့္ မိုးတိမ္ေတာင္ျဖစ္စဥ္မ်ားနဲ႔ နီးစပ္လၽွင္ေတာ့ မိုးႀကိဳးပစ္ျခင္း၊ လၽွပ္စီးလက္ျခင္းမ်ား ျဖစ္နိုင္ပါတယ္။

မိုးတိမ္မ်ားဟာ ရာသီဥတု ေျပာင္းလဲမွုမ်ားကို ေဖာ္ျပေပးနိုင္တဲ့ အေကာင္းဆုံး အမွတ္အသားမ်ား ျဖစ္ၾကပါတယ္။

ျမန္မာနိုင္ငံေျမာက္ဖက္ပိုင္းေဒသေတြမွာ အေအးပိုလာနိုင္ပါတယ္။

အနာဂတ္ပညာေရးအတြက္..သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Unicode Version

ဖားကန့်မှာ ထူးဆန်းတဲ့ တိမ်လှေကား ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း

တိမ်လွှာ အထပ်ထပ်တွေ အကြောင်း

မိုးတိမ်ဆိုတာ ရေခိုးရေငွေ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အစုအဖွဲ့တစ်ခုလို့ ဆိုနိုင်ပါတယ်။

နေရောင်ခြည် ကျရောက်မှုကြောင့် (တနည်း) အပူကြောင့် မြေပြင်ပေါ်ရှိ ရေများဟာ ငွေ့ရည်ဖွဲ့ပြီး ကောင်းကင်ကို တက်ပါတယ်။

အပေါ်ရောက်တော့ အေးခဲပြီး ရေပြန်ဖြစ်ခါ မိုးအဖြစ် တဖန်ရွာကျ တတ်ပြန်ပါတယ်။ ကောင်းကင်ပေါ်တက်သွားတဲ့

ရေငွေ့များဟာ လေရဲ့ သယ်ဆောင်ရာကိုလည်း လိုက်ပါရွေ့လျားကြ ရပါတယ်။

ဒီလိုရွေ့လျားသွားလာတတ်တဲ့ လေဟာ ကမ္ဘာကြီးကို ရာသီဥတု အမျိုးမျိုးအလီလီ ဖြစ်စေပြန်ပါတယ်။

အခုလို ဆောင်းရာသီအချိန်အခါမှာတော့ မြောက်ပြန်လေညှင်းများဟာ ဝင်ရိုးစွန်းဖက်က

ရေခဲမှုန်များကို သယ်ဆောင်ပြီး တောင်ဘက်အရပ်ဆီကို တိုက်ခတ်ကြပါတယ်။

ဒီအချိန်မျိုးမှာ မြေပြင်အပူချိန် မြင့်လာခြင်းကြောင့် ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ရေခိုးရေငွေ့များဟာ

မြောက်ပြန်လေညှင်းများနဲ့ ရောနှောပြီး (တနည်း) အပူ-အအေး ရောယှက်ပြီး ပုံသဏ္ဍာန်ဆန်းတဲ့ အခုလို တိမ်တိုက်တွေ ဖြစ်လာကြပါတယ်။

ဒီလို တိမ်တွေကို ဖြစ်တည်တဲ့ အကွာအဝေးပေါ်မူတည်ပြီး အမြင့်ပိုင်း ၊ အလယ်ပိုင်း နဲ့ အနိမ့်ပိုင်း

တိမ်စိုင်တွေလို့ ခွဲခြားကြည့်နိုင်ပါတယ်။ ယခုပုံမှာပြထားတဲ့ တိမ်လွှာအထပ်ထပ်တွေဟာ မြေပြင်မှ

ပေ ၆၀၀၀ နှင့် ၂၀၀၀၀ အကြားမှာ ဖြစ်တတ်လို့ အလယ်ပိုင်းကျသော တိမ်လွှာများလို့ ဆိုနိုင်ပါတယ်။

ရေငွေ့ပါဝင်မှုနှုန်းများလေလေ ပိုပြီး ထင်ထင်ရှားရှားဖြစ်လေပါပဲ။ အမြင့်ပေ ၁၈၀၀၀ အထက်လောက်မှာ ဖြစ်ခဲ့လျှင်တော့ Cirrus cloud လို့ သတ်မှတ်ပါတယ်။

တိမ်တစ်ခုနဲ့ တစ်ခုကြားမှာ ‘ဟ’ နေရတာကတော့ ရုတ်တရက်တက်လာတဲ့ လေပူများကြောင့် တိမ်ထဲက ရေဟာ

အငွေ့ပျံပြီး အပေါ်တက်.. တိမ်ဖြစ်၊ အပေါ်မှာအေးနေတော့ ရေပြန်ဖြစ်ပြီး နိမ့်ဆင်းလာ၊ အောက်ဆင်းတော့

အငွေ့ပြန်ဖြစ် စသည်ဖြင့် ပြောင်းလဲမှုဖြစ်စဉ်များကြောင့် တိမ်တခုနှင့်တခု ကွာဟနေရခြင်းဖြစ်ပါတယ်။

အပူ နဲ့ အအေးကြားမှာ တည်ငြိမ်မှု မရှိခြင်းလို့ဆိုနိုင်ပါတယ်။ဒီလို တိမ်လွှာအထပ်များဟာ ရာသီဥတု ပြောင်းလဲခြင်းကို ရည်ညွှန်းပါတယ်။

ပူရာကနေ အေးလာတော့မယ့် အရိပ်အယောင်ဖြစ်ပါတယ်။ နောက်တခုက အေးရမယ့်နေရာမှာ အပူတွေ ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မိုးအဖြစ်ရွာသွန်းလေ့ မရှိပေမယ့် မိုးတိမ်တောင်ဖြစ်စဉ်များနဲ့ နီးစပ်လျှင်တော့ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်နိုင်ပါတယ်။

မိုးတိမ်များဟာ ရာသီဥတု ပြောင်းလဲမှုများကို ဖော်ပြပေးနိုင်တဲ့ အကောင်းဆုံး အမှတ်အသားများ ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမြောက်ဖက်ပိုင်းဒေသတွေမှာ အအေးပိုလာနိုင်ပါတယ်။

အနာဂတ်ပညာရေးအတွက်..သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)