News

“မဲကိစ္စအတွက် ဆရာဆရာမတွေကို စော်ကားနေသူတွေကို ဆရာဆရာမများ အဖွဲ့ချုပ်က ဒဲ့ပြောပြီ”

၂၀၂၀ ခုနစ်အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူးတာဝန်များ ထမ်းဆောင်ခဲ့သည့် ဆရာ/ ဆရာမ များကို စော်ကားပုတ်ခတ် ပြောဆိုနေသူများအား အဖတ်လုပ်ပြန်ပ်ပြောနေမည် မဟုတ်ဘဲ ၎င်းတို့၏အကျင့်ကို တစ်တိုင်းပြည်လုံးသိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်၊ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောသည်။

“ကျွန်တော်တို့က အထူးတောင်ပြောစရာ မလိုတော့ပါဘူး။ ဆရာ/ ဆရာမတွေကလည်း သတင်းမီဒီယာတွေက လွှင့်တာကိုကြည့်ပြီးပြီ။ သူ့တို့ရဲ့အဆင့်နဲ့ အကျင့်ကို ဒါဖော်ပြသွားတာဘဲ။ အထူးအထွေကိုပြောမနေတော့ဘဲ။ အဖတ်လည်း လုပ်မနေတော့ဘူး။ သူတို့အဆင့်က တော်တော်ကြီး အဆင့်နိမ့်တဲ့ အနေအထား ရောက်သွားပြီ။ ကျွန်တော်တို့က ပထမဆရာမတွေက ဘက်လိုက်တယ် အသံထွက်ခဲ့တဲ့အချိန်က ကြောညာချက်တွေ ထုတ်ခဲ့၊ပြောခဲ့ ဆိုခဲ့သေးတယ်။ ဒီတခါကတော့ ထွက်ပြီး ပြောမနေတော့ဘူး။ ကျွန်တော်အမြင်ပေါ့ နော်။

သူတို့အဆင့်ကို တစ်တိုင်းပြည်လုံးကို သူ့တို့အဆင့်ကို ဖော်ပြထားတာပဲလေ။ တန်းတူရည်တူ ပြောစရာကို မလိုတော့ဘူးလို့မြင်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်၊ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကပြောသည်။

“ပြည်ထောင်စုကြံ့ခိုင်းရေးပါတီနှင့် မိတ်ဆွေပါတီများက နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးလှသိန်း UEC က ဝန်ခံတယ်။ ဘယ်လို ဝန်ခံလဲဆိုတော့ သူတို့က မျှမျှတတလုပ်ပါတယ်။ အောက်ခြေက လုပ်တဲ့ကိစ္စရပ်တွေ မသိဘူးတဲ့။ မဲရုံမှူးတွေနဲ့ ဆရာမတွေကို ထိုးချတယ်။ လူပေါ် ပြာကျတော့ ခွေးပေါ်ခါကျတယ်။

ရှင်းရှင်းလင်းလင်းပြောရရင်ဗျာ၊ ခုခိုးထုပ်ခိုးထည်နဲ့တောင် မိပြီ အတုံးလိုက် အခဲလိုက်တောင်မိပြီ၊ ဘယ်သူက ဒါကို ကုစားဆောင်ရွက်ပေးမလဲ” ဟု အမျိုးသာနိုင်ငံရေး မဟာမိတ်ပါတီဥက္ကဌ ဦးသိန်းကြည်က ပြောခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသည် ပထမတစ်ကြိမ် သတင်းစာရှင်းလင်းပွဲတွင် ဆရာ၊ဆရာမများကို စော်ကားပြောဆိုသောကြောင့် ပြန်လည် တောင်းပန်ခဲ့ရပြီး ယခုတစ်ခါ အမျိုးသားနိုင်ငံရေးမဟာမိတ်ပါတီဥက္ကဌ ဦးသိန်းကြည်က မဲရုံမှူးများနှင့် ဆရာ၊ဆရာမများကို အထက်ပါအတိုင်း ခိုင်းနှိုင်းသုံးစွဲခဲ့ခြင်း ဖြစ်သည်။

The Ladies News