တလောက လူမှုကွန်ရက်ပေါ်မှာ အများအားကျဖွယ် သတင်းတစ်ခု တက်လာခဲ့ပါတယ်။ အဲဒါကတော့ အင်ဒိုအမျိုးသားတစ်ယောက်ဟာ သူ့အိမ်ကို လာမှန်တဲ့ ဥက္ကာခဲကို ပြန်လည်ရောင်းချခဲ့လို့ ညတွင်းချင်း သန်းကြွယ်သူဌေး ဖြစ်ခဲ့ရတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ တကယ် အဖြစ်အမှန်ကတော့ သူဟာ သက်သက် အလိမ်ခံခဲ့ရတာလို့ ဆိုပါတယ်။
သူ့အမည်ကတော့ Josua Hutagalung ဖြစ်ပါတယ်။ အသက်(၃၃)နှစ် အိမ်ထောင်သည်ဖြစ်ပြီး၊ ဥက္ကာခဲကို လိမ်ညာဈေးနှိမ်ပြီး ဝယ်ယူသွားသူကတော့ အမေရိကန်နိုင်ငံသား ဥက္ကာခဲတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ Jared Collins ဖြစ်ပါတယ်။
သူဟာ ဘာလီမှာနေတဲ့အတွက်၊ မသိနားမလည်တဲ့ Josua ကို လိုသလို ဂျင်းထည့်နိုင်ခဲ့တာပါ။Josua က သူဟာ အများထင်သလို သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်မလာဘဲ ဥက္ကာခဲကို ဝယ်သွားတဲ့လူက သူ့ကို ဒေါ်လာ (၁၄၀၀၀)သာ ပေးခဲ့ကြောင်း ဆိုပါတယ်။ ဒီငွေပမာဏဟာ လက်တလော အခက်အခဲတွေ ပြေလည်ရုံသာဖြစ်ပြီး သန်းကြွယ်သူဌေးတစ်ယောက် မဖြစ်စေနိုင်ပါဘူး။ သူဟာ အများထင်သလို သူဌေးမဖြစ်ဘဲ နာမည်ကြီး ထမင်းငတ်သာ ဖြစ်ခဲ့ရပါသတဲ့။
ဥက္ကာခဲကို ဝယ်ယူသွားတဲ့ Jared က ၎င်းဥက္ကာခဲကို တစ်ဆင့် ပြန်လည်ရောင်းချခဲ့ရာ ဒေါ်လာ (၁.၈၅)သန်းအထိ ရရှိခဲ့တာကြောင့် သူက အချောင်နေရင်း သန်းကြွယ်သူဌေးဖြစ်သွားခဲ့တာလို့ ကာယကံရှင် Josua က ဖွင့်ဟခဲ့ပါတယ်။Josua ဟာ သာမန်လက်လုပ်လက်စားတစ်ယောက်ဖြစ်ပြီး အသုဘအခေါင်းရိုက်ရင်း ဘဝကို ရပ်တည်နေရသူပါ။
Jared ဟာ အဆိုပါ ဥက္ကာခဲကို Indianapolis မှာ နေထိုင်တဲ့ ကျွမ်းကျင်ပညာရှင် Jay Piatek ထံရောင်းချခဲ့ပါတယ်။ အဲဒီဥက္ကာခဲကိုပဲ နိုက်ထရိုဂျင်အရည်နဲ့ စိမ်ပြီး Center for Meteorite Studies at Arizona State University ကို ပို့ဆောင်ထားပါတယ်။ ဥက္ကာခဲရဲ့သက်တမ်းဟာ နှစ်ပေါင်း (၄.၅)သန်းလောက် ရှိနေပြီလို့ ယူဆရပါတယ်။
အဲဒီဥက္ကာခဲဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Josua ရဲ့အိမ်ခေါင်မိုးကို ညကြီးသန်းခေါင် လာမှန်ပြီး မြေပြင်အနက် (၁)ပေလောက်ထိ စူးစိုက်ဝင်သွားခဲ့တာပါ။ တကယ့်ကာလတန်ဖိုးမှာ ဒေါ်လာ (၂)သန်းလောက်အထိ ရှိတယ်လို့လည်း ပညာရှင် Jay က ပြောပါတယ်။ ပထမဝယ်သူ ရောင်းသူကြားမှာ ဖြစ်ခဲ့တဲ့ပြဿနာကိုတော့ သူ ဘာမှ မပြောလိုပေမယ့်၊ သူ့အနေနဲ့ဆိုရင် ရိုးရိုးသားသား ထိုက်သင့်သလောက် ပေးမှာလို့ ပြောပါတယ်။
အခု ပေးသွားတဲ့ ငွေပမာဏဟာ အလွန်ကို နည်းပါးနေပြီး၊ Josua အနေနဲ့ ဒီပမာဏကိုသာ အပြည့်အဝ ရခဲ့ရင် နှစ်ပေါင်း(၃၀)လောက် ဘာမှမလုပ်ရဘဲ ကောင်းကောင်းနေ ကောင်းကောင်းစားခွင့် ရမှာလို့ သတင်းတွေက ဖော်ပြနေပါတယ်။ Jared ကတော့ သတင်းတွေရဲ့ဆက်သွယ်မေးမြန်းမှုကို ရှောင်တိမ်းနေပြီး၊ ရထားတဲ့ပိုက်ဆံတွေနဲ့ နှပ်နေလောက်ပါပြီ။
Credit.to
zawgyi version
တေလာက လူမႈကြန္ရက္ေပၚမွာ အမ်ားအားက်ဖြယ္ သတင္းတစ္ခု တက္လာခဲ့ပါတယ္။ အဲဒါကေတာ့ အင္ဒိုအမ်ိဳးသားတစ္ေယာက္ဟာ သူ႔အိမ္ကို လာမွန္တဲ့ ဥကၠာခဲကို ျပန္လည္ေရာင္းခ်ခဲ့လို႔ ညတြင္းခ်င္း သန္းႂကြယ္သူေဌး ျဖစ္ခဲ့ရတယ္ဆိုတဲ့ သတင္းျဖစ္ပါတယ္။ တကယ္ အျဖစ္အမွန္ကေတာ့ သူဟာ သက္သက္ အလိမ္ခံခဲ့ရတာလို႔ ဆိုပါတယ္။
သူ႔အမည္ကေတာ့ Josua Hutagalung ျဖစ္ပါတယ္။ အသက္(၃၃)ႏွစ္ အိမ္ေထာင္သည္ျဖစ္ၿပီး၊ ဥကၠာခဲကို လိမ္ညာေဈးႏွိမ္ၿပီး ဝယ္ယူသြားသူကေတာ့ အေမရိကန္ႏိုင္ငံသား ဥကၠာခဲေတြနဲ႔ပတ္သက္ၿပီး ကြၽမ္းက်င္သူ Jared Collins ျဖစ္ပါတယ္။ သူဟာ ဘာလီမွာေနတဲ့အတြက္၊ မသိနားမလည္တဲ့ Josua ကို လိုသလို ဂ်င္းထည့္ႏိုင္ခဲ့တာပါ။
Josua က သူဟာ အမ်ားထင္သလို သန္းႂကြယ္သူေဌးတစ္ေယာက္ ျဖစ္မလာဘဲ ဥကၠာခဲကို ဝယ္သြားတဲ့လူက သူ႔ကို ေဒၚလာ (၁၄၀၀၀)သာ ေပးခဲ့ေၾကာင္း ဆိုပါတယ္။ ဒီေငြပမာဏဟာ လက္တေလာ အခက္အခဲေတြ ေျပလည္႐ုံသာျဖစ္ၿပီး သန္းႂကြယ္သူေဌးတစ္ေယာက္ မျဖစ္ေစႏိုင္ပါဘူး။ သူဟာ အမ်ားထင္သလို သူေဌးမျဖစ္ဘဲ နာမည္ႀကီး ထမင္းငတ္သာ ျဖစ္ခဲ့ရပါသတဲ့။
ဥကၠာခဲကို ဝယ္ယူသြားတဲ့ Jared က ၎ဥကၠာခဲကို တစ္ဆင့္ ျပန္လည္ေရာင္းခ်ခဲ့ရာ ေဒၚလာ (၁.၈၅)သန္းအထိ ရရွိခဲ့တာေၾကာင့္ သူက အေခ်ာင္ေနရင္း သန္းႂကြယ္သူေဌးျဖစ္သြားခဲ့တာလို႔ ကာယကံရွင္ Josua က ဖြင့္ဟခဲ့ပါတယ္။Josua ဟာ သာမန္လက္လုပ္လက္စားတစ္ေယာက္ျဖစ္ၿပီး အသုဘအေခါင္း႐ိုက္ရင္း ဘဝကို ရပ္တည္ေနရသူပါ။
Jared ဟာ အဆိုပါ ဥကၠာခဲကို Indianapolis မွာ ေနထိုင္တဲ့ ကြၽမ္းက်င္ပညာရွင္ Jay Piatek ထံေရာင္းခ်ခဲ့ပါတယ္။ အဲဒီဥကၠာခဲကိုပဲ ႏိုက္ထ႐ိုဂ်င္အရည္နဲ႔ စိမ္ၿပီး Center for Meteorite Studies at Arizona State University ကို ပို႔ေဆာင္ထားပါတယ္။ ဥကၠာခဲရဲ႕သက္တမ္းဟာ ႏွစ္ေပါင္း (၄.၅)သန္းေလာက္ ရွိေနၿပီလို႔ ယူဆရပါတယ္။
အဲဒီဥကၠာခဲဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက Josua ရဲ႕အိမ္ေခါင္မိုးကို ညႀကီးသန္းေခါင္ လာမွန္ၿပီး ေျမျပင္အနက္ (၁)ေပေလာက္ထိ စူးစိုက္ဝင္သြားခဲ့တာပါ။ တကယ့္ကာလတန္ဖိုးမွာ ေဒၚလာ (၂)သန္းေလာက္အထိ ရွိတယ္လို႔လည္း ပညာရွင္ Jay က ေျပာပါတယ္။ ပထမဝယ္သူ ေရာင္းသူၾကားမွာ ျဖစ္ခဲ့တဲ့ျပႆနာကိုေတာ့ သူ ဘာမွ မေျပာလိုေပမယ့္၊ သူ႔အေနနဲ႔ဆိုရင္ ႐ိုး႐ိုးသားသား ထိုက္သင့္သေလာက္ ေပးမွာလို႔ ေျပာပါတယ္။
အခု ေပးသြားတဲ့ ေငြပမာဏဟာ အလြန္ကို နည္းပါးေနၿပီး၊ Josua အေနနဲ႔ ဒီပမာဏကိုသာ အျပည့္အဝ ရခဲ့ရင္ ႏွစ္ေပါင္း(၃၀)ေလာက္ ဘာမွမလုပ္ရဘဲ ေကာင္းေကာင္းေန ေကာင္းေကာင္းစားခြင့္ ရမွာလို႔ သတင္းေတြက ေဖာ္ျပေနပါတယ္။ Jared ကေတာ့ သတင္းေတြရဲ႕ဆက္သြယ္ေမးျမန္းမႈကို ေရွာင္တိမ္းေနၿပီး၊ ရထားတဲ့ပိုက္ဆံေတြနဲ႔ ႏွပ္ေနေလာက္ပါၿပီ။
လင္းေဇာ္ကို
Credit.to