အရင်ခေတ်ဆိုရင် ကြောက်လို့ တိုင်ရဲမှာမဟုတ်ဘူး။ အန်နယ်လ်ဒီ အစိုးရ လက်ထက်မှာ အပြောင်းအလဲဖြစ်ဆုံးကတော့ ပြည်သူတွေ ကြောက်စိတ်တွေ နည်းပါးသွားတာပဲ..
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမိုင်းသန်းထွန်းက နေပြည်တော်ရှိ မွေး/ကု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်အောင်ကို နိုဝင်ဘာ ၂၅ ရက်နေ့က လားရှိုးမြို့မရဲစခန်းတွင် ဆဲဆိုမှုနဲ့ ထိုးကြိတ်မှုကြောင့် အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့က လားရှိုး မွေး/ကုခရိုင် ဦးစီးမှူး ဒေါက်တာဦးကျော်လွင်ဦးက ဒေါက်တာမိုင်းသန်းထွန်းကို ခေါ်ဆောင်ပြီး လားရှိုးမြို့ကို ရောက်ရှိနေသည့် ဒုညွှန်ချုပ် ဒေါက်တာခင်အောင်ကို ဂါရဝ ပြုဖို့ဆိုပြီး ခေါ်ဆောင်သွားခဲ့ရာ ည ၁၁ နာရီခွဲခန့်၌ နှုတ်ဆက်ပွဲ လာရောက်သူများဖြင့် စကားပြောနေစဉ် ဒေါက်တာခင်အောင်က ဒေါက်တာမိုင်းသန်းထွန်းအား “မင်းအနေနဲ့ ခရိုင်မှူးကို ကလန်ကဆန်လုပ်၍မရကြောင်း၊
ဆရာအရင်းမှာ ဒေါက်တာကျော်လွင်ဦးသာဖြစ်ပြီး မင်းကပလောင်လူမျိုးဖြစ်ကြောင်း၊ လူမျိုးရေးအရ ထိခိုက်ပြောဆိုခြင်း လူမျိုးအား ဆဲဆိုခြင်း မင်းမိသားစုဒုက္ခရောက်သွားမယ်။ တစ်ဆင့်နှိမ့်ရာထူး ချလိုက်မယ် ရခိုင်ကို ပို့မယ်” ဟု အကြိမ်ကြိမ်ခါခါ ဧည့်ခံပွဲတွင် ပြောဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်မှ သိရသည်။
ထိုသို့ ပြောဆိုပြီး ဒေါက်တာခင်အောင်က အနားမှာရှိတဲ့ ပန်းကန်နဲ့ ဒေါက်တာမိုင်းသန်းထွန်းကို ပစ်ပေါက်ခဲ့ရာ ဝဲဘက်မျက်စိအောက် ထိမှန်ကာ ဖူးယောင်ဒဏ်ရာရရှိခဲ့ပြီး ဆက်လက်၍ ဒေါက်တာခင်အောင်က ဒေါက်တာမိုင်းသန်းထွန်းအနားကိုသွားပြီး၊ မျက်နှာနှင့်ဦးခေါင်းတို့အား အချက်ပေါင်းများစွာ ထိုးကြိတ် ခြင်းများပြုလုပ်ကာ သေဆုံးစေသည့်အထိ ပြုလုပ်မည့် အကြောင်း ကြိမ်းမောင်းပြောဆို ခဲ့ကြောင်း ၎င်းတိုင်ကြားချက်မှ သိရသည်။
ပန်ကန်ဖြင့် ပစ်ပေါက်ကာ ထိုးကြိတ်ခံခဲ့ရသဖြင့် ဒဏ်ရာများရရှိခဲ့သည့် မိုင်းသန်းထွန်းသည် နိုဝင်ဘာ ၂၁ ရက်နေ့ ၂၄ ရက်အထိ သိန္နီမြို့ ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် (၄)ရက် တက်ရောက်ဆေးကုသမှုခံယူခဲ့ရသဖြင့်ဆဲဆို ကြိမ်းမောင်း ထိုးကြိတ်ခဲ့သူ ဒေါက်တာခင်အောင်အား ဥပဒေအရအရေးယူပေးပါရန် နိုဝင်ဘာ ၂၅ ရက်၌ မိုင်းသန်းထွန်းမှ တရားလိုပြုလုပ်တိုင်ကြားခဲ့ကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါက်တာခင်အောင်အား လားရှိုးမြို့မရဲစခန်းမှ (ပ)၅၇၄/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃/၅၀၆ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
နေမျိုး (လားရှိုး)