ကိုဗစ်လူနာ သေဆုံးမှု လုံးဝမရှိသေးတဲ့ ကမ္ဘောဒီးယားက မြန်မာကို ကာကွယ်ရေးပစ္စည်းများ လှူဒါန်းကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံကို နှာခေါင်းစည်း (Face Mask) နှစ်သန်းနဲ့အတူကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးက ဒီနေ့ နိုဝင်ဘာလ(၂၅)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံကြား ခင်မင်ရင်းနှီးမှု၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ထောက်ပံကူညီတာလို့လည်း ဖော်ပြထားပါတယ်။
အခုထောက်ပံမှုမှာတော့ Face Mask နှစ်သန်း၊ ချည်ထည် Mask တစ်သိန်းနဲ့ အတူ ကိုဗစ်အထောက်အကူပြု ဆေးရုံသုံးပစ္စည်းတွေ ပါဝင်ပါတယ်။အခုအချိန်ထိတော့ Johns Hopkins ရဲ့ စာရင်းတွေအရ ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ (၃၀၇) ယောက်ရှိပြီး သေဆုံးသူတော့ မရှိသေးပါဘူး။မြန်မာနိုင်ငံမှာတော့နိုဝင်ဘာလ(၂၄)ရက်နေ့ညပိုင်းအထိ ကိုဗစ်လူနာ (၈၂၂၃၆) ယောက်ရှိနေပြီး ပြန်ကောင်းမွန်သူ (၆၀၉၆၅) ယောက်နဲ့ သေဆုံးသူ (၁၇၈၄) ယောက်ရှိနေပါတယ်။
unicode
ကိုဗစ်လူနာ သေဆုံးမှု လုံးဝမရှိသေးတဲ့ ကမ္ဘောဒီးယားက မြန်မာကို ကာကွယ်ရေးပစ္စည်းများ လှူဒါန်းကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံကို နှာခေါင်းစည်း (Face Mask) နှစ်သန်းနဲ့အတူ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးက ဒီနေ့ နိုဝင်ဘာလ(၂၅)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံကြား ခင်မင်ရင်းနှီးမှု၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ထောက်ပံကူညီတာလို့လည်း ဖော်ပြထားပါတယ်။
အခုထောက်ပံမှုမှာတော့ Face Mask နှစ်သန်း၊ ချည်ထည် Mask တစ်သိန်းနဲ့ အတူ ကိုဗစ်အထောက်အကူပြု ဆေးရုံသုံးပစ္စည်းတွေ ပါဝင်ပါတယ်။အခုအချိန်ထိတော့ Johns Hopkins ရဲ့ စာရင်းတွေအရ ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ (၃၀၇) ယောက်ရှိပြီး သေဆုံးသူတော့ မရှိသေးပါဘူး။မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာလ(၂၄)ရက်နေ့ညပိုင်းအထိ ကိုဗစ်လူနာ (၈၂၂၃၆) ယောက်ရှိနေပြီး ပြန်ကောင်းမွန်သူ (၆၀၉၆၅) ယောက်နဲ့ သေဆုံးသူ (၁၇၈၄) ယောက်ရှိနေပါတယ်။