News

တောင်းရမ်းစားသောက်သူများကို အလှူငွေမထည့်ရန် စည်ပင်ထုတ်ပြန်

မန္တလေးမြို့ရှိ တောင်းရမ်းစားသောက်သူများအား အလှူငွေမထည့်ရန် စည်ပင်ထုတ်ပြန်

မန္တလးမြို့ရှိ တောင်းရမ်းစားသောက်သူများအား အလှူငွေမထည့်ရန် စည်ပင်သာယာရေး ကော်မတီက မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့သည် ။ ယနေ့မန္တလေးတွင်တောင်းရမ်းစားသောက်သူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ရာ ၎င်းတွင်ကိုဗစ် ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ယခုလို ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည် ။”

လမ်းဘေးမှာနေတဲ့ ကလေးငယ် ဆုံးလို့စစ်လိုက်တဲ့အခါ ပေါ့စတစ်ဆိုတော့ ဒါဘာပြောပြော လမ်းပေါ်နေတဲ့ ကလေးတွေမှာလဲရှိနိုင်တာပါ။ ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်အောင်လို့ သတိရှိနိုင်အောင်လို့ သတိပေးတာပါ


” တောင်းစားတဲ့သူကို ပိုက်ဆံမထည့်နဲ့ဆိုတော့ အိမ်ရာမဲ့ တောင်းစားသူတွေက ငတ်သေရမှာလားလို့ မေးစရာရှိတယ် ၊ ရောဂါကို စိုးရိမ်တာက တစ်ပိုင်း သူတို့ကို ဘယ်လို စောင့်ရှောက်မယ်ဆိုတာက တစ်ပိုင်း ခွဲပြီး လုပ်ဆောင်ရမှာ ၊ ပိုက်ဆံမထည့်ရုံနဲ့ အားလုံးအဆင်ပြေမသွားဘူး ၊ နောက်ဆက်တွဲ ဘယ်လိုတွေ လုပ်ဆောင်ထားလဲဆိုတာကိုပဲ သိချင်ပါတယ် ” ဟု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူ ဦးရဲနိုင်က ပြောသည်။

အသိပေးချက်တွင် လမ်းပေါ်နေ ကလေးသူငယ်များ ၊ တောင်းရမ်းစားသောက်သူများနှင့် ပန်းရောင်းမုန့်ရောင်းဟန်ပြတောင်းစားသများ မှ တ ဆင့် ရောဂါကူးစက်ပြန့်ပွားနိုင်သဖြင့် ပေးကမ်းခြင်း၊ ဝယ်ယူအားပေးခြင်း မပြုလုပ်ပဲ ရှောင်ရှားနိုင်ရန် မေတ္တာရပ်ခံ တင်ပြအပ်ပါသည် ဟု ဖော်ပြထားကြောင်း သိရသည်။

Unicode

မန္တလေးမြို့ရှိ တောင်းရမ်းစားသောက်သူများအား အလှူငွေမထည့်ရန် စည်ပင်ထုတ်ပြန်

