မကွေးမြို့ ၊ အောင်မေတ္တာ(စီ)ရပ်ကွက် အတွင်း၌ ကပ်ရောဂါကာလအတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင်ဖွင့်လှစ်နေကြောင်း သတင်းရရှိခဲ့သည့် မကွေးကမ္ဘာ KTV ကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂ရ ရက်နေ့ မနက် ၁ နာရီအချိန်တွင် သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
KTV အတွင်း K-5 အခန်းထဲမှ သီချင်းသီဆိုနေသူ အမျိုးသားများမှာ ထွက်ပြေးလွတ်မြောက်သွားပြီး သီချင်းအကူသီဆိုသူ ယွန်းမီ နှင့် ချစ်စနိုးတို့ကို ဖမ်းဆီးမိ ခဲ့သည်ဟု ရဲတပ်ဖွဲ့က သိရသည်။
သက်သေခံပစ္စည်းများ နှင့် ဆိုင်တာဝန်ခံ နိုင်လင်း ဆိုသူကို သက်သေများ ရှေ့ မှောက်တွင် သက်သေခံပစ္စည်းများနှင့်တကွ ထိန်းသိမ်းဖမ်းဆီးခဲ့ကြောင်း ၊ ဖမ်းဆီးထားသူများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ တရားစွဲသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က သိရသည်။
ဖမ်းဆီးရေးလုပ်ငန်းတွင် တိုင်း၊ ခရိုင် ၊ မြို့နယ် ၊ နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ၊ အသိသက်သေများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။
#Magway Highlight