News

ကိုဗစ္ကာလ ရန္ကုန္ၿမိဳ႕ႀကီးမွာ ဒီလိုေတြေတာင္ လုပ္စားေနၾကၿပီ အႏုၾကမ္းတမ်ိဳးပါပဲ

ညီမဝမ္းကြဲ ဖုန္းဆက္ပါတယ္။ သူတစ္ေယာက္ထဲ ကားေမာင္းလာစဥ္ ကန္ေတာ္ႀကီး ဦးေထာင္ဗိုလ္အဝိုင္းအနီး တက္စီကားတစီးက ႐ုတ္တရက္ ေက်ာ္တက္လိုက္ပါတယ္။ ေက်ာ္ၿပီးခ်က္ခ်င္းဒက္စေတာ့ အုပ္ပစ္လိုက္ပါတယ္။ သူလည္း ေနာက္က အျမန္ဆုံးဘရိတ္အုပ္ပါတယ္။ တိုက္ မိမလိုျဖစ္သြားတဲ့အခ်ိန္ တက္စီသမား အုပ္စုလိုက္ ခ်က္ခ်င္းဆင္းလာၿပီး ကားကိုမေ႐ႊ႕ဘို႔ ေျပာပါတယ္။

သူလည္း လန႔္ၿပီး မွန္မဖြင့္ရဲပါ။က်ေနာ္ေရာက္သြားတဲ့အခ်ိန္မွာ ရဲကကားလိုင္စင္လူလိုင္စင္အားလုံးသိမ္းဆည္းထားပါၿပီ။ တက္စီကားေနာက္ဘန္ဘာတခုလုံး အနာအဆာ အျပည့္ပါ။

ယခင္ထဲကလည္း ရွိထားခဲ့ပုံရပါတယ္။ တိုက္လိုက္တယ္ဆိုတဲ့ ကားကိုၾကည့္မိေတာ့ ေဆးပြန္းရာတစက္မွ် မရွိပါ။ သိလိုက္ပါၿပီ တိုက္ထားမိျခင္းမရွိပါ။ ဗဟန္းယာဥ္ထိမ္းရဲစခန္းေရာက္ေတာ့ယာဥ္ထိမ္းရဲေျပာစကားက ကားရဲ႕ပြန္းပဲ့ဒဏ္ရာကို ၾကည့္စရာမလိုဘူးဆိုဘဲ။ က်လည္းက်တဲ့သူေတြ။ ေရးရရင္အရွည္ႀကီးပါ။

ရဲစခန္းေရာက္။ ကိုယ္မတိုက္မိေသာ္ျငား အလုပ္မရႈပ္ခ်င္လို႔ေငြအတိုင္းအတာတခု ညွိေပးလိုက္ရပါတယ္။ ကာယကံရွင္သေဘာထားအတိုင္း ကူညီေပးရတာပါ။တမင္ကားတိုက္ခံၿပီး လုပ္ကိုင္စားေသာက္ေနတဲ့ အုပ္စုရွိေနပါၿပီဆိုတဲ့ မက္ေဆ့ေပးခ်င္တာပါ။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ညီမဝမ်းကွဲ ဖုန်းဆက်ပါတယ်။ သူတစ်ယောက်ထဲ ကားမောင်းလာစဉ် ကန်တော်ကြီး ဦးထောင်ဗိုလ်အဝိုင်းအနီး တက်စီကားတစီးက ရုတ်တရက် ကျော်တက်လိုက်ပါတယ်။ ကျော်ပြီးချက်ချင်းဒက်စတော့ အုပ်ပစ်လိုက်ပါတယ်။ သူလည်း နောက်က အမြန်ဆုံးဘရိတ်အုပ်ပါတယ်။ တိုက် မိမလိုဖြစ်သွားတဲ့အချိန် တက်စီသမား အုပ်စုလိုက် ချက်ချင်းဆင်းလာပြီး ကားကိုမရွှေ့ဘို့ ပြောပါတယ်။

သူလည်း လန့်ပြီး မှန်မဖွင့်ရဲပါ။ကျနော်ရောက်သွားတဲ့အချိန်မှာ ရဲကကားလိုင်စင်လူလိုင်စင်အားလုံးသိမ်းဆည်းထားပါပြီ။ တက်စီကားနောက်ဘန်ဘာတခုလုံး အနာအဆာ အပြည့်ပါ။

ယခင်ထဲကလည်း ရှိထားခဲ့ပုံရပါတယ်။ တိုက်လိုက်တယ်ဆိုတဲ့ ကားကိုကြည့်မိတော့ ဆေးပွန်းရာတစက်မျှ မရှိပါ။ သိလိုက်ပါပြီ တိုက်ထားမိခြင်းမရှိပါ။ ဗဟန်းယာဉ်ထိမ်းရဲစခန်းရောက်တော့ယာဉ်ထိမ်းရဲပြောစကားက ကားရဲ့ပွန်းပဲ့ဒဏ်ရာကို ကြည့်စရာမလိုဘူးဆိုဘဲ။ ကျလည်းကျတဲ့သူတွေ။ ရေးရရင်အရှည်ကြီးပါ။ ရဲစခန်းရောက်။

ကိုယ်မတိုက်မိသော်ငြား အလုပ်မရှုပ်ချင်လို့ငွေအတိုင်းအတာတခု ညှိပေးလိုက်ရပါတယ်။ ကာယကံရှင်သဘောထားအတိုင်း ကူညီပေးရတာပါ။တမင်ကားတိုက်ခံပြီး လုပ်ကိုင်စားသောက်နေတဲ့ အုပ်စုရှိနေပါပြီဆိုတဲ့ မက်ဆေ့ပေးချင်တာပါ။