(အီတလီ ဘုန်းတော်ကြီး ဦးလောကနာထ မှ သာသနာရေးအရာရှိ ဦးဟန်ဋ္ဌေးကို ပြောကြားခဲ့သောစကား) ကြိုက်လို့ ကော်ပီကူး မျှဝေလိုက်ပါသည်
အီတလီ ဘုန်းတော်ကြီး ဦးလောကနာထ မှ သာသနာရေးအရာရှိ ဦးဟန်ဋ္ဌေးကို ပြောကြားခဲ့သော စကား
ဒကာကြီး ဦးဟန်ဋ္ဌေး
မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရင့်သားကနေ ဘုရင် ဖြစ်လာတာနဲ့တူတယ်၊
နိုင်ငံခြားသား ဘာသာခြားကနေ ဗုဒ္ဓဘာသာဖြစ်လာတဲ့ သူတွေကတော့ ဆင်းရဲသားကနေ ဘုရင်ဖြစ်လာတာနဲ့ တူတယ်၊
ဘုရင့်သားတော်ကနေ ဘုရင်ဖြစ်လာတဲ့အခါ လွယ်ကူလွန်းတော့ ဘုရင် အဖြစ်ကို သိပ်တန်ဖိုး မထားသလိုမြန်မာပြည်သားများဟာလည်း ဗုဒ္ဓဘာသာ အဖြစ်ကို လွယ်လွယ်ကူကူရတော့ ဗုဒ္ဓဘာသာအဖြစ်ကို တန်ဖိုး သိပ်မထားကြဘူး၊
ဘုရားဟော ဘာသာတရား အဆုံးအမအတိုင်း သိပ်ယုံယုံကြည်ကြည် လိုက်နာ၊ ကျင့်ကြံ၊ အားထုတ်တာ သိပ်မတွေ့ရဘူး၊ ဝမ်းရေးအတွက် ဘဝရပ်တည်ရေးကိုပဲ ဦးစားပေးကြတယ်၊
တချို့ဆို ဘာသာတောင် ပြောင်းကြသေးတယ်၊ဆင်းရဲသားအဖြစ်က ကျားကုတ်ကျားခဲ ကြိုးစားပြီး ဘုရင် ဖြစ်လာတဲ့သူက ဘုရင် အဖြစ်ကို အလွန်တန်ဖိုးထားသလို ကျုပ်တို့လို ဘာသာခြား ဘ၀ကနေ အခက်အခဲ များစွာကို ကျော်လွှားပြီးမှ ဗုဒ္ဓဘာသာဖြစ်လာသူတွေကတော့ ဗုဒ္ဓဘာသာကို အလွန်တန်ဖိုးထားတယ်
ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုရင် ဗုဒ္ဓဘာသာအဖြစ်ကို အသက်ထက် တန်ဖိုးထားတယ်။
#Crd