ကိုဗစ္ေရာဂါပိုးမရွိေၾကာင္း အတည္ျပဳကဒ္ အတုမ်ားျပဳလုပ္သူႏွင့္ ကိုင္ေဆာင္သူမ်ားအား အေရးယူခဲ့ေၾကာင္း မန္းႏၲေလးတိုင္းေဒႀကီး ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရပါတယ္။ ျဖစ္စဥ္မွာ ၂၅-၁၁-၂၀၂၀ ရက္ေန႔ တပ္ကုန္းၿမိဳ႕၊ ေညာင္လြန႔္စစ္ေဆးေရးဂိတ္တြင္
ရမည္းသင္းဘက္မွ လာေသာ 9A/xxxx DYNA ယာဥ္ေမာင္း ကိုစိန္ဝင္းထြန္း၊ စည္ပင္တဘကၠာေက်း႐ြာ၊ ရမည္းသင္း ၿမိဳ႕နယ္ ႏွင့္ 8M/ xxxx CANTER ၆ ဘီးယာဥ္ေမာင္း/ယာဥ္ပိုင္ရွင္ ကိုေအာင္ေဇာ္ျမင့္၊ ရွမ္းပြဲရပ္ကြက္၊ ပါရမီလမ္း၊ ေပ်ာ္ဘြယ္ၿမိဳ႕တို႔၏ (RDT)
စစ္ေဆးခ်က္ လက္မွတ္မ်ားအား မသကၤာသျဖင့္ ေပ်ာ္ဘြယ္ ၿမိဳ႕နယ္ ဆရာဝန္ႀကီးအဖြဲ႕၊ ရမည္းသင္းၿမိဳ႕နယ္ဆရာဝန္ႀကီးအဖြဲ႕ႏွင့္ တပ္ကုန္းၿမိဳ႕နယ္ ဆရာဝန္ႀကီး အဖြဲ႕တို႔မွ ေညာင္လြန႔္စစ္ေဆးေရး ဂိတ္သို႔သြားေရာက္စစ္ေဆးရာ အတုျပဳလုပ္ထားျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိ ရပါတယ္။
ယင္းေၾကာင့္ စစ္ေဆးေမးျမန္းရာ ၎ေထာက္ခံခ်က္ စာ႐ြက္အလြတ္ (အတု) မ်ားအား ေပ်ာ္ဘြယ္ၿမိဳ႕ရွိ xxxx ဂိတ္တာဝန္က် ရန္လင္းဦးထံမွ ၂၅-၁၁-၂၀၂၀ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ ရယူခဲ့ေၾကာင္းသိရွိရ၍(RDT) Negative အတည္ျပဳကတ္ အတု ကိုင္ေဆာင္အသုံးျပဳသူ စိန္ဝင္းထြန္းႏွင့္ ေအာင္ေဇာ္ျမင့္ တို႔ ၂ ဦးအား ဖမ္းဆီးစစ္ေဆး ေဆာင္႐ြက္ခဲ့ပါတယ္။ ေပ်ာ္ဘြယ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ အမႈမွ ကြင္းဆက္တရားခံမ်ားအား ဖမ္းဆီးရမိေရး
စုံစမ္းေဆာင္႐ြက္ခဲ့ရာ ည ၆ နာရီအခ်ိန္ ကြင္းဆက္တရားခံ ရန္လင္းဦး ၃၅ ႏွစ္၊ xxxx ဂိတ္(ဂိတ္မႉး)၊ ေပ်ာ္ဘြယ္ၿမိဳ႕ေနသူအား ျမင္းဘက္ရပ္ကြက္ ရန္ကုန္-မႏၲေလးလမ္းမေပၚတြင္ဖမ္းဆီးရမိခဲ့ပါတယ္။ အမႈျဖင့္ ဆက္လက္စစ္ေမးရာ ၎စာ႐ြက္အလြတ္မ်ားအားထက္ေအာင္(၂၆)ႏွစ္၊ ကြန္ပ်ဴတာ/မိတၱဴဆိုင္၊ ေပ်ာ္ဘြယ္ၿမိဳ႕ေနသူထံမွ ဝယ္ယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္၍ ဖမ္းဆီးရမိေရးေဆာင္႐ြက္စဥ္ ထက္ေအာင္အား ၂၆-၁၁-၂၀၂၀ ရက္ေန႔ နံနက္ ၁ နာရီ ၁၀ အခ်ိန္ ၎အလုပ္လုပ္ကိုင္ေနသည့္ မိတၱဴဆိုင္တြင္
က်န္းမာေရး ေထာက္ခံစာႏွင့္ စည္းတံဆိပ္တုံး အတုမ်ားျပဳလုပ္ရာတြင္အသုံးျပဳသည့္ ကြန္ပ်ဴတာႏွင့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သျဖင့္ အမႈျဖင့္ ဆက္လက္စစ္ေဆး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိပါတယ္။
ယူနီကုဒ္ျဖင့္ဖတ္ရန္
ကိုဗစ်ရောဂါပိုးမရှိကြောင်း အတည်ပြုကဒ် အတုများပြုလုပ်သူနှင့် ကိုင်ဆောင်သူများအား အရေးယူခဲ့ကြောင်း မန်းန္တလေးတိုင်းဒေကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖြစ်စဉ်မှာ ၂၅-၁၁-၂၀၂၀ ရက်နေ့ တပ်ကုန်းမြို့၊ ညောင်လွန့်စစ်ဆေးရေးဂိတ်တွင်
ရမည်းသင်းဘက်မှ လာသော 9A/xxxx DYNA ယာဉ်မောင်း ကိုစိန်ဝင်းထွန်း၊ စည်ပင်တဘက္ကာကျေးရွာ၊ ရမည်းသင်း မြို့နယ် နှင့် 8M/ xxxx CANTER ၆ ဘီးယာဉ်မောင်း/ယာဉ်ပိုင်ရှင် ကိုအောင်ဇော်မြင့်၊ ရှမ်းပွဲရပ်ကွက်၊ ပါရမီလမ်း၊ ပျော်ဘွယ်မြို့တို့၏ (RDT)
စစ်ဆေးချက် လက်မှတ်များအား မသင်္ကာသဖြင့် ပျော်ဘွယ် မြို့နယ် ဆရာဝန်ကြီးအဖွဲ့၊ ရမည်းသင်းမြို့နယ်ဆရာဝန်ကြီးအဖွဲ့နှင့် တပ်ကုန်းမြို့နယ် ဆရာဝန်ကြီး အဖွဲ့တို့မှ ညောင်လွန့်စစ်ဆေးရေး ဂိတ်သို့သွားရောက်စစ်ဆေးရာ အတုပြုလုပ်ထားခြင်း
ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရပါတယ်။ ယင်းကြောင့် စစ်ဆေးမေးမြန်းရာ ၎င်းထောက်ခံချက် စာရွက်အလွတ် (အတု) များအား ပျော်ဘွယ်မြို့ရှိ xxxx ဂိတ်တာဝန်ကျ ရန်လင်းဦးထံမှ ၂၅-၁၁-၂၀၂၀ ရက်နေ့ နံနက် ၇ နာရီအချိန် ရယူခဲ့ကြောင်းသိရှိရ၍
(RDT) Negative အတည်ပြုကတ် အတု ကိုင်ဆောင်အသုံးပြုသူ စိန်ဝင်းထွန်းနှင့် အောင်ဇော်မြင့် တို့ ၂ ဦးအား ဖမ်းဆီးစစ်ဆေး ဆောင်ရွက်ခဲ့ပါတယ်။ ပျော်ဘွယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှုမှ ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး
စုံစမ်းဆောင်ရွက်ခဲ့ရာ ည ၆ နာရီအချိန် ကွင်းဆက်တရားခံ ရန်လင်းဦး ၃၅ နှစ်၊ xxxx ဂိတ်(ဂိတ်မှူး)၊ ပျော်ဘွယ်မြို့နေသူအား မြင်းဘက်ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမပေါ်တွင်ဖမ်းဆီးရမိခဲ့ပါတယ်။ အမှုဖြင့် ဆက်လက်စစ်မေးရာ ၎င်းစာရွက်အလွတ်များအား
ထက်အောင်(၂၆)နှစ်၊ ကွန်ပျူတာ/မိတ္တူဆိုင်၊ ပျော်ဘွယ်မြို့နေသူထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် ထက်အောင်အား ၂၆-၁၁-၂၀၂၀ ရက်နေ့ နံနက် ၁ နာရီ ၁၀ အချိန် ၎င်းအလုပ်လုပ်ကိုင်နေသည့် မိတ္တူဆိုင်တွင်
ကျန်းမာရေး ထောက်ခံစာနှင့် စည်းတံဆိပ်တုံး အတုများပြုလုပ်ရာတွင်အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။