မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆိုက်ကပ်လာသော အလျား(၂၇၂) မီတာ၊ တန်ချိန်(၁၀၆၂၈၃)ရှိသော CNTIC VPOWER ENERGY (LNG TO POWER) သင်္ဘောကြီးသည် သီလဝါဆိပ်ကမ်း အကွက်အမှတ်(၁၄) Dolphin Jetty သို့ နိုဝင်ဘာလ (၂၆)ရက်နေ့က ဆိုက်ကပ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောကြီးသည် စင်ကာပူနိုင်ငံမှ ထွက်ခွာလာပြီး သီလဝါဆိပ်ကမ်းအကွက်အမှတ် (၁၄) ရှိ Dolphin Jetty တွင် Floating Storage Unit (FSU) အဖြစ် ၅ နှစ်ကြာဆိုက်ကပ်ရပ်နား၍
LNG Cargo များအား လက်ခံသိုလှောင် သွားပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပိုက်လိုင်းဖြင့် ပို့ဆောင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်မီးအတွက်ကတော့ တော်တော်လေး စိတ်အေးရပြီ ထင်တယ်ဗျို့…ဝမ်းသာစရာပဲ
ဒီသင်္ဘောကြီး စတင်အလုပ်လုပ်ပြီဆိုရင်တော့ မီးပြတ်တာတွေ တော်တော်သက်သာသွားမယ်လို့ထင်ပါတယ်….စက်ရုံအလုပ်ရုံတွေလည်း မီးမနိုင်တာတွေ လျော့နည်းသွားမယ်လို့ မျှော်လင့်ရပါတယ်…ကိုဗစ်ကြီး မြန်မြန်ပြီးပါစေ…စက်ရုံအလုပ်ရုံတွေ မြန်မြန်လည်ပတ်နိုင်ပါစေလို့ ဆုတောင်းရမှာပါပဲ
MRTV