သူလိုလူ သူ႔နာမည္က အိမိုးေထြး အထက္ဇိုင္းဂနိုင္းႀကီးေက်းရြာက သူ႔မိခင္က ေဒၚခင္ရီ အသက္က၆၆ႏွစ္ သူ႔မိခင္က ပဲခူးေဆး႐ုံ(ကလိ) ကိုဗစ္ကုသေရးစင္တာမွာ ကိုဗစ္ကူးစက္လို႔ တက္ေရာက္ကုသရင္း ဆုံးသြားတယ္။
သူ႔အေမဆုံးတဲ့ ေန႔မွာဘဲ သူ႔မွာ ကိုဗစ္ပိုးေတြ႕လို႔ ပဲခူးေဆး႐ုံႀကီး(ကလိ) Isolation ထဲေရာက္လာျပန္တယ္။ ခု သူ႔မိခင္လည္း ဆုံးပါးသြားၿပီ သူလည္း ကုသေရးစင္တာထဲ ေရာက္ေနၿပီ သူဘာလုပ္ေနမလဲ ငိုေနမွာလား သူမငိုပါဘူး။PPE ဝတ္ၿပီး လူနာေတြ ျပဳစုေစာင့္ေရွာက္ေပးေနတဲ့ က်န္းမာေရး ဝန္ထမ္းေတြကို ကူညီေပးတယ္။
သူ႔လို ေရာဂါကုသခံဖို႔ ေရာက္ေနတဲ့ အသက္အရြယ္ႀကီးသူ လူနာေတြကို တတ္စြမ္းသေလာက္ ကူညီေပးတယ္။ ျပဳစု ေစာင့္ေရွာက္ေပးတယ္။ ေသြးေပါင္ခ်ိန္ တိုင္းခ်င္တယ္ဆို တိုင္းေပးတယ္။ ေအာက္ဆီဂ်င္ တိုင္းခ်င္တယ္ဆို တိုင္းေပးတယ္။ သူက သူမ်ားကို ကူညီခ်င္စိတ္ အျပည့္ရွိေနသူေလ။သူက အကၤ်ီပန္းေရာင္ေလး ဝတ္တာမ်ားလို႔ လူနာေတြၾကားမွာ ပန္းေရာင္ဆရာမေလးရယ္လို႔ ျမတ္ျမတ္နိုးနိုး နာမည္ေပးထားၾကတယ္ေလ။ ေတာ္လိုက္တာ သူ႔ပင္ကိုယ္စိတ္ရင္းေလးကိုက သူမ်ားကို ကူညီခ်င္ေနတာ။
သူ႔မွာသာ သူနာျပဳသင္တန္း တက္နိုင္ေလာက္တဲ့ ပညာအရည္အခ်င္းရွိမယ္ဆို သူနာျပဳေလး ျဖစ္ေစခ်င္လိုက္တာ။ ကလိမွာ တာဝန္က်တဲ့ က်န္းမာေရးဝန္ထမ္းေတြက သူ႔ကို ခ်စ္စနိုးနဲ႔ Hero ေလးတဲ့ သူ႔ကို ဂုဏ္ျပဳေပးပါတဲ့။ ဒီေန႔ကြယ္လြန္သူ ေဒၚက်င္ဟန္ (ပင္လုံေဆးေပါ့လိပ္) ငါးႏွစ္ျပည့္ႏွစ္ပတ္လည္ လွုဒါန္းေငြ ငါးသိန္းထဲက သူ႔ရဲ့ေစတနာကို သူ႔လုပ္ေဆာင္ခ်က္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ တစ္သိန္းတန္ လက္စြပ္ေလးတကြင္းနဲ႔ ဂုဏ္ျပဳေပးခဲ့တယ္။
တန္ဖိုးမမ်ားေပးမယ့္ သူ႔စိတ္ဓာတ္ကို ေလးစားတန္ဖိုးထားတဲ့အေနနဲ႔ တတ္နိုင္သေလာက္ ဂုဏ္ျပဳေပးတာပါ။ ကိုဗစ္တိုက္ပြဲဝင္ေနသူ ဆရာဆရာမမ်ားနဲ႔ လူနာမ်ား က်န္းမာခ်မ္းသာ ေဘးရန္ကင္းပါေစ။ သူ႔အေၾကာင္း သတင္းေပးတဲ့ sunny သက်ႏြယ္ကိုလည္း ေက်းဇူးတင္ပါတယ္။
Ko Ko Naing
UNICODE
သူလိုလူ သူ့နာမည်က အိမိုးထွေး အထက်ဇိုင်းဂနိုင်းကြီးကျေးရွာက သူ့မိခင်က ဒေါ်ခင်ရီ အသက်က၆၆နှစ် သူ့မိခင်က ပဲခူးဆေးရုံ(ကလိ) ကိုဗစ်ကုသရေးစင်တာမှာ ကိုဗစ်ကူးစက်လို့ တက်ရောက်ကုသရင်း ဆုံးသွားတယ်။သူ့အမေဆုံးတဲ့ နေ့မှာဘဲ သူ့မှာ ကိုဗစ်ပိုးတွေ့လို့ ပဲခူးဆေးရုံကြီး(ကလိ) Isolation ထဲရောက်လာပြန်တယ်။
ခု သူ့မိခင်လည်း ဆုံးပါးသွားပြီ သူလည်း ကုသရေးစင်တာထဲ ရောက်နေပြီ သူဘာလုပ်နေမလဲ ငိုနေမှာလား သူမငိုပါဘူး။PPE ဝတ်ပြီး လူနာတွေ ပြုစုစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကူညီပေးတယ်။
သူ့လို ရောဂါကုသခံဖို့ ရောက်နေတဲ့ အသက်အရွယ်ကြီးသူ လူနာတွေကို တတ်စွမ်းသလောက် ကူညီပေးတယ်။ ပြုစု စောင့်ရှောက်ပေးတယ်။ သွေးပေါင်ချိန် တိုင်းချင်တယ်ဆို တိုင်းပေးတယ်။
အောက်ဆီဂျင် တိုင်းချင်တယ်ဆို တိုင်းပေးတယ်။ သူက သူများကို ကူညီချင်စိတ် အပြည့်ရှိနေသူလေ။သူက အင်္ကျီပန်းရောင်လေး ဝတ်တာများလို့ လူနာတွေကြားမှာ ပန်းရောင်ဆရာမလေးရယ်လို့ မြတ်မြတ်နိုးနိုး နာမည်ပေးထားကြတယ်လေ။ တော်လိုက်တာ သူ့ပင်ကိုယ်စိတ်ရင်းလေးကိုက သူများကို ကူညီချင်နေတာ။
သူ့မှာသာ သူနာပြုသင်တန်း တက်နိုင်လောက်တဲ့ ပညာအရည်အချင်းရှိမယ်ဆို သူနာပြုလေး ဖြစ်စေချင်လိုက်တာ။ ကလိမှာ တာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေက သူ့ကို ချစ်စနိုးနဲ့ Hero လေးတဲ့ သူ့ကို ဂုဏ်ပြုပေးပါတဲ့။ ဒီနေ့ကွယ်လွန်သူ ဒေါ်ကျင်ဟန် (ပင်လုံဆေးပေါ့လိပ်) ငါးနှစ်ပြည့်နှစ်ပတ်လည် လှုဒါန်းငွေ ငါးသိန်းထဲက သူ့ရဲ့စေတနာကို သူ့လုပ်ဆောင်ချက်ကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်သိန်းတန် လက်စွပ်လေးတကွင်းနဲ့ ဂုဏ်ပြုပေးခဲ့တယ်။
တန်ဖိုးမများပေးမယ့် သူ့စိတ်ဓာတ်ကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ တတ်နိုင်သလောက် ဂုဏ်ပြုပေးတာပါ။ ကိုဗစ်တိုက်ပွဲဝင်နေသူ ဆရာဆရာမများနဲ့ လူနာများ ကျန်းမာချမ်းသာ ဘေးရန်ကင်းပါစေ။ သူ့အကြောင်း သတင်းပေးတဲ့ sunny သကျနွယ်ကိုလည်း ကျေးဇူးတင်ပါတယ်။
Ko Ko Naing