ျမန္မာနိုင္ငံမွာ ငဘစ္ကာလစတင္ကတည္းက ကပ္ဆိုးႀကီးကို ျမန္မာတစ္နိုင္ငံလုံး အဆင္ေျပေျပေက်ာ္လႊားသြားနိုင္ဖို႔ အစိုးရေထာက္ပံ့ကူညီမႈေတြသာမက ပရဟိတအဖြဲ႕အစည္းေတြလည္း မ်ားစြာထြက္ေပၚလာခဲ့ၿပီး ယေန႔အခ်ိန္ထိ အင္တိုက္အားတိုက္ကူညီေနတာေတာ့ျပည္သူလူထုတစ္ရပ္လုံးလည္း သိၾကမွာပါေနာ္။
ျပည္သူခ်စ္အႏုပညာရွင္ေတြလည္း ငဘစ္ကာလကို တတ္နိုင္သမွ် ကိုယ္တိုင္လႉဒါန္းေနၾကသလို ျပည္သူနဲ႔အတူတူလႉၾကမယ္အဖြဲ႕ကေနတဆင့္ လိုအပ္ေနတဲ့ ေဆး႐ုံသုံးစက္ေတြ၊ လိုအပ္ေနတဲ့အကူအညီေတြ မ်ားစြာေပးနိုင္ခဲ့ပါတယ္။
ဒီတစ္ေခါက္မွာလည္း ျပည္သူနဲ႕အတူတူလႉၾကမယ္အစီအစဥ္မွာ အင္တိုက္အားတိုက္ပါဝင္ေနတဲ့ ဂြၽန္လြင္ကေတာ့ သတင္းေကာင္းေလးတစ္ခုကို မွ်ေဝေပးလာျပန္ပါတယ္။ ငဘစ္ေရာဂါကုသေရးအတြက္ အသုံးျပဳခြင့္ေပးထားတဲ့ တစ္လုံးကို (၂၄)ေဒၚလာတန္ေၾကးရွိတဲ့
Remdesivir ေဆး အလုံး(၇၉၀)ကို ျပည္သူနဲ႔အတူလႉဒါန္းၾကမယ္ အလႉလက္က်န္ေငြ (၂၅၄)သိန္းနဲ႔ ဝယ္ယူခဲ့ၿပီး ဒီေန႔နိုဝင္ဘာ(၂၅) ရက္ေန႔မွာ ေရာက္လာေတာ့မွာျဖစ္ေၾကာင္း သတင္းေကာင္းေလးကို မွ်ေဝေပးခဲ့တာပါ။
ဒီေဆးကေတာ့ ငဘစ္ေရာဂါကိုအရွင္းေပ်ာက္ေအာင္ မကုသေပးနိုင္ေသးေပမယ့္ ဗိုင္းရပ္စ္ေတြကို သတ္ေပးတဲ့အျပင္ ကုသရမယ့္ရက္ကိုလည္း ေလွ်ာ့ခ်ေပးနိုင္တာမို႔ FDA ကခြင့္ျပဳထားတဲ့ တစ္ကမာၻလုံးက သုံးစြဲေနၾကတဲ့ေဆးျဖစ္သလို မၾကာေသးခင္ကလည္း အိႏၵိယနိုင္ငံက ျမန္မာနိုင္ငံအတြက္Remdesivir ေဆးေတြကို လႉဒါန္းေပးခဲ့ပါတယ္။
ဂြၽန္လြင္ကေတာ့ ပါဝင္လႉဒါန္းေပးတဲ့သူေတြအကုန္လုံးကို ေက်းဇူးတင္စကားဆိုခဲ့တဲ့အျပင္ ေရာက္ရွိလာတဲ့ေဆးေတြကိုလည္း လိုအပ္တဲ့ေနရာေတြကိုလႉဒါန္းေပးသြားမွာျဖစ္ေၾကာင္း ေရးသားမွ်ေဝခဲ့ပါတယ္။
ယူနီကုဒ္ျဖင့္ဖတ္ရန္
မြန်မာနိုင်ငံမှာ ငဘစ်ကာလစတင်ကတည်းက ကပ်ဆိုးကြီးကို မြန်မာတစ်နိုင်ငံလုံး အဆင်ပြေပြေကျော်လွှားသွားနိုင်ဖို့ အစိုးရထောက်ပံ့ကူညီမှုတွေသာမက ပရဟိတအဖွဲ့အစည်းတွေလည်း များစွာထွက်ပေါ်လာခဲ့ပြီး ယနေ့အချိန်ထိ အင်တိုက်အားတိုက်ကူညီနေတာတော့ပြည်သူလူထုတစ်ရပ်လုံးလည်း သိကြမှာပါနော်။
ပြည်သူချစ်အနုပညာရှင်တွေလည်း ငဘစ်ကာလကို တတ်နိုင်သမျှ ကိုယ်တိုင်လှူဒါန်းနေကြသလို ပြည်သူနဲ့အတူတူလှူကြမယ်အဖွဲ့ကနေတဆင့် လိုအပ်နေတဲ့ ဆေးရုံသုံးစက်တွေ၊ လိုအပ်နေတဲ့အကူအညီတွေ များစွာပေးနိုင်ခဲ့ပါတယ်။
ဒီတစ်ခေါက်မှာလည်း ပြည်သူနဲ့အတူတူလှူကြမယ်အစီအစဉ်မှာ အင်တိုက်အားတိုက်ပါဝင်နေတဲ့ ဂျွန်လွင်ကတော့ သတင်းကောင်းလေးတစ်ခုကို မျှဝေပေးလာပြန်ပါတယ်။
ငဘစ်ရောဂါကုသရေးအတွက် အသုံးပြုခွင့်ပေးထားတဲ့ တစ်လုံးကို (၂၄)ဒေါ်လာတန်ကြေးရှိတဲ့Remdesivir ဆေး အလုံး(၇၉၀)ကို ပြည်သူနဲ့အတူလှူဒါန်းကြမယ် အလှူလက်ကျန်ငွေ(၂၅၄)သိန်းနဲ့ ဝယ်ယူခဲ့ပြီး ဒီနေ့နိုဝင်ဘာ(၂၅)ရက်နေ့မှာ ရောက်လာတော့မှာဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေပေးခဲ့တာပါ။
ဒီဆေးကတော့ ငဘစ်ရောဂါကိုအရှင်းပျောက်အောင် မကုသပေးနိုင်သေးပေမယ့် ဗိုင်းရပ်စ်တွေကို သတ်ပေးတဲ့အပြင် ကုသရမယ့်ရက်ကိုလည်း လျှော့ချပေးနိုင်တာမို့ FDA ကခွင့်ပြုထားတဲ့ တစ်ကမ္ဘာလုံးက သုံးစွဲနေကြတဲ့ဆေးဖြစ်သလို မကြာသေးခင်ကလည်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက်Remdesivir ဆေးတွေကို လှူဒါန်းပေးခဲ့ပါတယ်။ ဂျွန်လွင်ကတော့ ပါဝင်လှူဒါန်းပေးတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်စကားဆိုခဲ့တဲ့အပြင် ရောက်ရှိလာတဲ့ဆေးတွေကိုလည်း လိုအပ်တဲ့နေရာတွေကိုလှူဒါန်းပေးသွားမှာဖြစ်ကြောင်း ရေးသားမျှဝေခဲ့ပါတယ်။