မိုင်းကိုင် နိုဝင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၏ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ စုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်းသည် ယနေ့ နံနက် ၄နာရီခွဲအချိန်တွင် ဖယောင်းတိုင်မီးထွန်းညှိ ပြီး ဘုရားမီးပူဇော်ရာမှ ဘုရားစင်အား မီးကူးစက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့သည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် စုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်း အလျား ၆၀ ပေ အနံ ၄၀ ပေ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း ခြေတန်ရှည် ဘုန်းတော်ကြီးကျောင်း တစ်ခုလုံး မီးကူးစက် လောင်ကျွမ်းသွားသည်။
မီးလောင်မှုကို ကျေးရွာနေပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် နံနက် ၅ နာရီခွဲတွင်မီးငြိမ်းပြီးလူ တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပဲကျောင်းထိုင်ဆရာတော် ဦးဝိလာသ အပါအဝင် သံဃာတော် ၁၄ ပါး မီးဘေးလွှတ်ရာသို့ တိမ်းရှောင် နိုင်ခဲ့ကြောင်း သိရှိရသည်။
နန်းလှိုင်လှိုင်ဦး
သံလွင်သွေးချင်း