အားလုံးကို ထားခဲ့ပြီလား ဒီယေဂို။
မင်းချစ်တဲ့ဘောလုံး ခင်ဗျားချစ်တဲ့လောကကြီးကို နှုတ်ဆက်ခဲ့ပြီလား။
ရုတ်တရက်တက်လာတဲ့ သတင်းတွေကိုမယုံနိုင်လွန်းလို့ ဂူဂဲတောင်တက်ခေါက်မိတယ်။
ခိုင်မာစွာဖော်ပြထားတဲ့ သတင်းက ရင်ထဲကိုနင့်ခနဲ့။ခင်ဗျားကို ချစ်တဲ့သူတွေရှိမယ်။
မုန်းတဲ့သူတွေ ရှိကောင်းရှိမယ်။ဒါပေမယ့် ပြောနိုင်တာတစ်ခုကခင်ဗျားဟာ ငြင်းလို့မရတဲ့ဘောလုံးလောကရဲ့ မှော်ဘုရင်ဘဲ။
ရုတ်တရက် နှလုံးဖောက်ပြန်မှုတဲ့လားဗျာ။ဘာလို့များ ဘုရားသခင်က ခင်ဗျားကိုအစောကြီး ခေါ်သွားခဲ့တာလဲ။
ခင်ဗျား ရုတ်တရက်ကြီးထွက်ခွာသွားတဲ့ကမ္ဘာမြေကြီးမှာ အံသြမှုတွေတုန်ဟီးပြီးဝမ်းနည်းမှုတွေ ကြီးစိုးလို့။
ခင်ဗျား မတရားဘူးဗျာ။အမြဲတမ်း အနိုင်နဲ့ပိုင်းတတ်တဲ့ခင်ဗျားကြီး ခုတစ်ခါလည်းခင်ဗျား အနိုင်နဲ့ပိုင်သွားပြန်ပြီ။
အေးချမ်းစွာ အနားယူပါတော့ ဒီယေဂို။ခင်ဗျားရဲ့ ဘုရားပေးတဲ့လက်ဆိုတဲ့ စကားဟာနောက်နှစ်ပိုင်းများစွာပြောနေကြဦးမှာပါ။
ဘောလုံးလောကရဲ့ ပြယုဂ်ကြီးတယောက်။
ဘုရားပေးတဲ့ လက်ပိုင်ရှင်ဆိုသူကြီး။
နိုင်ငံအသင်းနဲ့ လူမျိုးအပေါ် အလွန်ချစ်၍ ပေးဆပ်သူကြီး။
ဘောလုံးသမားတိုင်းက လေးစား အားကျ အတုယူရတဲ့ စံပြပုဂ္ဂိုလ်ကြီး။
ကျနော်တို့အားလုံးရဲ့ လမ်းအဆုံးက ကြိုတင်သတ်မှတ်ထားပြီးသားလေ မွေးဖွားရှင်သန်ခြင်းနဲ့ မိတ်ဆက်ခဲ့သူတိုင်း သေဆုံးခြင်းနဲ့ နှုတ်ဆက်ရမှာ ဓမ္မတာပါပဲလေ။
ခင်ဗျား နှုတ်ဆက်ထွက်ခွာသွားတော့ဘောလုံးလောကကြီးတခုလုံး( ဘောလုံးအားကစားကို ချစ်မြတ်နိုးသူတိုင်း) အမှောင်ကမ္ဘာထဲ ခေတ္တရောက်သွားသလိုပါပဲလေ။
လျှင်မြန်မှု့နဲ့ ထိုးဖောက်၊ နေရာယူကောင်းမွန်မှု့နဲ့ ကစားသမားတိုင်းကို လှည့်စားပြီး ဖြတ်ကျော်၊ သွင်းဂိုးတွေ အခွင့်ရေးရတိုင်းသွင်းပြီး ကောင်းကင်ပေါ် လက်နှစ်ချောင်းထောင်ပြီး ဘုရားကို ကျေးဇူးတင်ကြောင်း ပြသတဲ့ သင်္ကေတနဲ့ အောင်ပွဲခံတတ်တဲ့ သူကြီး လက်တွေ့ဘဝမှာ ခင်ဗျား ကျဆုံးပြီး ဘောလုံးချစ်ခင်သူတိုင်းကို နှုတ်ဆက်သွားခဲ့ပေမဲ့ ကျွန်တော်တို့ဆော့နေတဲ့ PES 2021 ဂိမ်းထဲမှာတော့ ခင်ဗျားကို မြင်တွေ့နေရလို့ ဘောလုံးအားကစားချစ်မြတ်နိုးသူတယောက်အနေနဲ့အလွမ်းပြေ ဖြေသိမ့်ရနေပါသေးတယ်လေ(ဒီအတွက်လည်း ကျေးဇူးပါ KONAMI)။
မာရာဒိုနာရေ ဘောလုံး အားကစားရဲ့ ဘုရင်တဆူအဖြစ် ရင်ထဲက အသိမှတ် ပြုပါရစေ ကောင်းကင်ဘုံက ခင်ဗျား သိပါလေစ။
ပျော်ရွှင်ခြင်းနဲ့ အစပြုတဲ့အရာတိုင်း ဝမ်းနည်းခြင်းနဲ့ အဆုံးသတ်ရတာ ဓမ္မတာပဲလား?
နိုင်ငံမတူ၊ လူမျိုး မတူ၊ ကိုးကွယ်တဲ့ ဘာသာ မတူလည်း ခင်ဗျားကို ကျနော်သိနေတယ် ခင်ဗျားက ဘောလုံးလောကရဲ့ စံပြပုဂ္ဂိုလ်၊ ဘောလုံးလောကရဲ့ သူရဲကောင်း၊ ဘောလုံးလောကသားတွေရဲ့ သင်လို့မကုန်နိုင်တဲ့ စာအုပ်ကြီးပါပဲ။
ဘောလုံး အားကစားကို ချစ်မြတ်နိုးသူတိုင်း ခင်ဗျား မိသားစုနဲ့ ထပ်တူ ကြေကွဲ ရတယ်ဆိုတာ ချွင်းချက်မရှိ ယုံကြည်ပေးပါဗျာ
ဒီတနှစ် KONAMIက(ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့) IC FREE ခင်ဗျားကို ပေးခဲ့သည် ရှိသော်
အလွမ်းပြေ သတိရဖို့ ကျနော်တို့ ရဲ့ အကောင့်ထဲ ခင်ဗျားကို သိမ်းထားပါရစေဗျာ။
သွားနှင့်ဦး မာရာဒိုနာကြီးရေ အချိန်တန် အခါသင့်မှ ကျွန်တော်တို့လည်း လိုက်ပါလာရဦးမှာပါလေ(ရှောင်လွှဲလို့မရတဲ့ သေခြင်း)
#KNကိုနိုင်
Sai Bhone Myint Kyaw