News

“တရားဝင် ယောက်ကျားရှိလျက်နဲ့ အခြားယောက်ကျားနဲ့ ခိုးရာလိုက်သွားတဲ့ အမျိုးသမီးကို ဖမ်းဆီးအရေးယူ”

ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့နယ်ပဲနွယ်ကုန်းမြို့ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းအပိုင် သံပုရာခုံကျေးရွာအုပ်စုသူဌေးကြီးကျေးရွာ နေသူ ကိုညီညီဝင်း(၃၁)နှစ်(ဘ)ဦးကန်ကြည် သည် ပဲနွယ်ကုန်းမြို့  ကြိမ်ခါးကုန်း ကျေးရွာအုပ်စု မအူပင်ကျေးရွာနေ မထက်ထက်ဦး(၂၁)နှစ်(ဘ) ဦးအောင်မင်းနိုင်နှင့် ချစ်ကြိုက်ခဲ့ပြီး နှစ်ဘက်လူကြီးမိဘများ ရှေ့တွင် တောင်းရမ်းကာ မင်္ဂလာဧည့်ခံပွဲကျင်းပ၍ လက်ထပ်ပေါင်းသင်းခဲ့ပြီး

သား မောင်ချစ်ကိုကို(၃)နှစ် အား မွေးဖွားခဲ့သည် ထိုကဲ့သို့ ပေါင်းသင်းနေထိုင်ရာမှ စီးပွားရေးအဆင်မပြေသဖြင့် လွန်ခဲ့သော ၂၀၁၇ ခုနှစ်၌ ကိုညီညီဝင်းနှင့်မထက်ထက်ဦးတို့မှာ ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ခဲ့ရာမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလ နေ့ရက်မမှတ်မိနေ့တွင် မထက်ထက်ဦး ပျောက်သွားသဖြင့်သူဌေးကြီးကျေးရွာသို့ သွားရောက် ရှာဖွေခဲ့သော်လည်း

သူမအားရှာဖွေတွေ့ရှိခြင်း မရှိ၍ မအူပင်ကျေးရွာသို့ ထပ်မံ၍ သွားရောက်ရှာဖွေခဲ့ရာ သူမ၏မိဘများနေအိမ်တွင်တွ့ရှိသဖြင့် သူဌေးကြီးကျေးရွာရှိ နေအိမ်သို့ပြန်လိုက်ခဲ့ရန် ခေါ်သော်လည်း ပြန်လိုက်လာခြင်းမရှိဘဲ ၂၀၂၀နိုဝင်ဘာလ(၂၃)ရက်နေ့တွင် မထက်ထက်ဦးမှာကြိမ်ခါးကုန်းကျေးရွာအုပ်စု သင်နှီးကောင်းကျေးရွာ နေကျော်သီဟ(၁၉)နှစ် (ဘ)ဦးငြိမ်းငြိးမ်းနှင့်လွန်ခဲ့သည့်(၁၀)ရက်ခန့်က ခိုးရာလိုက်ပြေးသွားခဲ့ပြီး မောင်ကျော်သီဟ၏ နေအိမ်တွင် လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ကြောင်း သတင်းကြားသဖြင့် သွားရောက်၍ စုံစမ်းခဲ့ရာ

ကျော်သီဟ ၏ နေအိမ်တွင် မထက်ထက်ဦးအား တွေရှိခဲ့သဖြင့် ကိုညီညီဝင်းမှတရားလိုပြုလုပ်၍ တရားဝင်ခင်ပွန်း ရှိပါလျက် ကျော်သီဟနှင့် တရားမဝင် နောက်အိမ်ထောင်ပြုသည့် မထက်ထက်ဦးအား အရေးယူပေးရန် တိုင်တန်းလာသဖြင့် ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းမှ (ပ)၂၂၅/၂၀၂၀တစ်လင်တစ်မယား စနစ်ကျင့်သုံးရေးဆိုင်ရာဥပဒေ ပုဒ်မ ၁၃ အရ အမူဖွင့် အရေးယူထားကြောင်းသိရှိရပြီး အမှုအား ခေတ္တစခန်းမူး ဒုရဲအုပ်ဆုဝေ မှ လက်ခံ စစ်ဆေးနေလျှက်ရှိကာ အမှမှ တရားခံအား ဖမ်းဆီးစစ်ဆေး နေလျှက်ရှိကြောင်း သိရှိရပါသည်

မျိုးနိုင်-ကျောက်တံခါး

ZPLUS-သတင်းအေဂျင်စီ