ဗဟုသုတ

“သင်္ဘောပင် စိုက်တဲ့အခါ အမ ပင်ပဲ ဖြစ်လာစေမယ့် နည်းလမ်းကောင်းလေး”

ပထမ အဆင့်

1. အသီး​၏အောက်ပိုင်းအခြမ်းမှ အစေ့များကိုယူပါ။

ဒုတိယအဆင့်

2. အစေ့များကိုရေစိမ်၍ ရေပေါ် ပေါ်လာသောအစေ့များကိုဖယ်ပါ။ ရေပေါ် ပေါ်သော အစေ့များသည် ကျန်းမာစွာသီးနိုင်ဖို့အခွင်းရေးနည်းပါသည်။

3. ကျန်သောအစေ့များကို ရေစစ်ပါ။

သတိ: နေရောင်ဖြင့်အ​ခြောက်မခံရပါ။ နေရောင်ဖြင့်အခြောက်ခံလျှင် အားနည်းသောပျိုးပင်များဖြစ်တတ်ပါသည်။

4. ရေစစ်ထားသော အစေ့များကို အိုး၌တန်းစိုက်လျင်ပိုကျန်းမာသောအပင်ဖြစ်ပါမည်။

5. ထိုနောက်အပင်ကို ရေလောင်းပေးပါ၊ နေရောင်ခြည်အောက်ထားပါ။

တတိယအဆင့်

6. ဒုတိယအဆင့်တွင် စိုက်က်ထားသောအပင် အရွယ်ရောက်လာလျှင် ပင်မ အမြစ်ကိုညှပ်ပါ။

7. ညှပ်ပြီးသားအပင်ကို ပလက်စတစ် အိတ်ထဲတွင် တစ်ပတ် အရင်သိမ်းထားပြီး ရေနိုင်နိုင်လောင်းပေးပါ။

၎င်းအဆင့်များလိုက်နာပြုလုပ်ခြင်းဖြင့် သင်္ဘောအမ ပင်ရရှိပါပြီ။

ဗဟုသုတတွေ နဲ့ သတင်းတွေ တင်ပြပေးသွားမည်ဖြစ်သည့်အတွက် ဒီ စာမျက်နှာလေးကို like and follow လုပ်ဖို့ ဖိတ်ခေါ်ပါရစေ။

EFR Agro Venture Co., Ltd.