News

“ရန်ကုန်မှ ကုန်ကားနှင့် လိုက်လာပြီး Q ဝင်နေသူတစ်ဦး ထွက်ပြေးနေပြီး ယခုထိ ရှာမတွေ့သေး”

နိုဝင်ဘာ ၂၄၊ ၂၀၂၀။ တောင်ကြီး

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိအမှတ်(၅) quarantine center တွင်နိုဝင်ဘာလ ၂၃ရက်နေ့ကquarantine ဝင်နေ‌သည့်အမျိုးသားတစ်ဦးထွက်ပြေး
သွားကြောင်းသိရှိရပါသည်။

ထိုအကြောင်းနှင်စပ်လျဉ်း၍ Q center မှ တာဝန်ခံ စေတနာ့ဝန်ထမ်း ဒေါ်ရီရီသိန်း အားမေးမြန်းခဲ့ရာ “သူက ၂၃ရက်နေ့ မနက်စော၁ နာရီလောက်က စပျောက်သွားတာပေါ့။

သူ့ အခန်းဖော်ကောင်လေးက ည အိမ်သာ ထ သွားတဲ့ အချိန်မှာ သတိထားမိတာပါ အစက အိမ်သာသွားတယ်ပဲထင်နေတာ မနက် မိုးလင်းတဲ့ထိ အခန်းထဲပြန်မလာမှ ထွက်ပြေးသွားပြီဆိုပြီး အန်တီတို့ကို လာပြောပြတာ။

သူက ဘယ်ကလာလဲတော့့ အတိအကျမပြောနိုင်ဘူး သတင်းတွေက မျိုးစုံထွက်နေတာပဲ ရန်ကုန်ကလို့လဲ ပြောတယ် နေပြည်တော်ကလို့လဲကြားတယ်

နောက်ထပ်ကြားတာက သူက ရပ်ကွက်အုပ်ချုပ်ရေးမှုးဆီမှာ quarantine ၀င်ချင်တယ် လာပြောပြီး ၀င်နေတယ်လို့လဲ ကြားတယ်။ “ဟု သံလွင်သွေးချင်းအားပြောပါသည်။

ယခုထွက်ပြေးနေသူသည်ခြေတစ်ဖက်မသန်စွမ်းသူစုသိရပြီး၎င်း၏ခြေထောက်မှာကျည်မှန်ပြီး ကျည်ဆိပ်တက်၍ဖြတ်ထားရကြောင်း သိရသည်။

“ခေါင်းမှာလဲကျည်မှန်ထားလို့စိတ်ကသိပ်မမှန်ဘူးလို့တော့ သူ့အိမ်က ပြောတာပဲ။ သူက ၁၄ ရက်နေ့တည်းက စ ၀င်တာဆိုတော့ ၁၀ ရောက်လောက်တော့ရှိပြီ။

အဖြေစစ်ထားတာလဲ Negative ထွက်ထားတယ်။ ခုထိတော့ ရှာနေဆဲပါပဲ” ဟုဒေါ်ရီရီသိန်းက သံလွင်သွေးချင်းမီဒီယာကိုဖြေကြားခဲ့ပါသည်။

ထွက်ပြေးနေသူသည်အသက်၃၉နှစ်အရွယ်ဂေါ်ရခါးလူမျိုးဟုမှတ်တမ်းတွင်ဖြည့်စွက်ထားပြီး ရန်ကုန်မြို့မင်္ဂလာဒုံမှ ကုန်ကားဖြင့်နိုဝင်ဘာလ၁၄ရက်ကပြန်လာခြင်းဖြစ်သည်ဟုသိရသည်။

သံလွင်သွေးချင်း