အကယ်လို့ ဒီအပတ်သောကြာနေ့အမီ Pfizer ရဲ့ကာကွယ်ဆေးဟာ MRHA ရဲ့ခွင့်ပြုမိန့်ကျခဲ့ရင် ?? ယူကေနိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ Phase 3 ရလဒ်ကိုတရားဝင်ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို ပထမဦးဆုံးထိုးခွင့်ရသူတွေဖြစ်လာမှာပါ။
သူတို့နိုင်ငံမှာ အောက်ပါအစီအစဉ်အတိုင်းထိုးပေးမယ်လို့ဆိုပါတယ်။
▪️ဘိုးဘွားရိပ်သာက ဘိုးဘွားတွေနဲ့ ဝန်ထမ်းတွေ – ဒီဇင်ဘာလစစခြင်း၊
▪️အသက် ၈၀ နဲ့အထက်ရယ် ကျန်းမာရေးဝန်ထမ်းတွေရယ် – ဒီဇင်ဘာလအလယ်မှစ၍၊
▪️အသက် ၇၀ နဲ့ ၈၀ ကြား – ဒီဇင်ဘာလကုန်ပိုင်းမှစ၍၊
▪️အသက် ၆၅ နဲ့ ၇၀ ကြား – ဇန်နဝါရီလဆန်းမှစ၍၊
▪️အသက် ၆၅ အောက် high and moderate risk (နာတာရှည်ရောဂါသမားတွေ) – ဇန်နဝါရီလအစောပိုင်းမှစ၍၊
▪️အသက် ၅၀ မှ ၆၅ ကြား – ဇန်နဝါရီလလယ်မှစ၍၊
▪️အသက် ၁၈ နှစ်မှ ၅၀ ကြား – ဇန်နဝါရီလကုန်မှစ၍၊ ဒီအုပ်စုဟာ လူအများစုဖြစ်ပြီး မတ်လအထိ ထိုးရမယ်လို့မှန်းထားပါတယ်။
ဘယ်သူကသတင်းထုတ်ပြန်သလဲဆိုတော့ Vaccination and Immunisation Joint Committee က စီစဉ်ထုတ်ပြန်ပါတယ်။
တကယ်တော့ 11-point vaccine priority list ဆိုတာရှိပါတယ်။
အဲ့ဒီတော့ နောက်နှစ်မေလလောက်မှာ ယူကေနိုင်ငံမှာ အခြေအနေပုံမှန်ပြန်ရောက်လာဖို့ နီးစပ်တယ်လို့ ကျန်းမာရေးဝန်ကြီး Matt Hancock ကဆိုထားပါတယ်။
ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်က ဖြစ်လာနိုင်ခြေတွေ (many diffent scenarios ) ပေါ်မူတည်ပြီး အစီအစဉ်ဆွဲထားပေမယ့် ကာကွယ်ဆေးထုတ်တဲ့သူတွေရဲ့ ပေးတဲ့သတင်းအချက်အလက်ပေါ်မူတည်ပြီး အစီအစဉ်ကို အကြိမ်ကြိမ်ပြင်ဆင်ရပါသတဲ့။
NHS ရဲ့ Plan အရ ကာကွယ်ဆေးအလုံးရေ (၂၈ ) သန်းကို ကာကွယ်ဆေးထိုးပေးမယ့်စင်တာတွေကို ဖြန့်ဖြူးပါမယ်တဲ့။
အဲ့ဒီ ကာကွယ်ဆေးထိုးမယ့်စင်တာပေါင်း ၄၀ – ၅၀ လောက် အင်္ဂလန်တစ်ဝှမ်းမှာစီစဉ်ထားပါတယ်တဲ့။
ဥပမာ – ကွန်ဖရင့်စင်တာကြီးတွေ၊ အားကစားကွင်းလို နေရာမျိုးတွေပါတဲ့။
ဘာလို့အဲ့လို စင်တာကြီးတွေကိုစီစဉ်ရသလဲဆိုတော့ Pfizer ရဲ့ကာကွယ်ဆေးက အအေးလွန် – 70 degree Celsius မှာသိမ်းရလို့ပါတဲ့။
နိုင်ငံတစ်ဝှမ်းက ၁၀၀၀ လောက်ရှိတဲ့ GP ဆေးခန်းတွေကလည်း အလုံးရေ ၃၄ သန်းလောက်ထိုးပေးဖို့စီမံထားပါတယ်တဲ့။
အခုလောလောဆယ်ရတဲ့ Pfizer ကာကွယ်ဆေးအတွက်ကြိုတင်ပြင်ဆင်ပြီး ရရာနဲ့စထိုးမှာဖြစ်ပေမယ့် Oxford/AstraZeneca တို့ရဲ့ကာကွယ်ဆေးတွေကိုလည်း ရတာနဲ့ ဆက်ထိုးပေးမှာ ဖြစ်ပါတယ်။
?? ယူကေနိုင်ငံမှာ လူဦးရေ 66.65 သန်းရှိပါတယ်။ တစ်ယောက်ကို (၂) လုံး – (၁) လုံးစီ ၂၈ ရက်ခွာထိုးရရင် အလုံးရေ သန်း ၁၀၀ လောက်ဆို လုံလောက်တဲ့ Herd Immunity ကိုရမှာဖြစ်ပါတယ်။
လူဦးရေရဲ့ ၇၀ % ထိုးမှာနဲ့ တွက်ထားတာပါ။
Pfizer က ဝယ်ယူထားတဲ့ အလုံးရေ သန်း ၄၀ ထဲက ၁၀ သန်းကို ဒီဇင်ဘာလမကုန်ခင်ရပါမယ်။
Oxford/AstraZeneca ဆီက ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ကိုဝယ်ယူထားပါတယ်။
အဲ့ဒီတော့ လူဦးရေရဲ့ ၁၀၀ % ကိုထိုးပေးတောင် ပိုနေပါသေးတယ်။
နောက်ဆုံးပိတ်စာကြောင်းကိုရေးခါနီးမှ ပါးစပ်ပိတ်လိုက်ပါတယ်။ ?
✍️ ကိုယ့်ဘာသာဖြည့်ရေးသွားကြပေတော့။
Richard Myo Thant
23-November -2020
(စာကိုကူးယူသူများ Page လင့်လေးပါထည့်သွင်းကူးယူပေးဖို့ မေတ္တာရပ်ခံပါတယ်။)