News

အသက် 70 အရွယ်အဘိုးအိုကို ချစ်မိသွားခဲ့လို့ အချစ်တစ်ခုတည်းနဲ့ လက်ထပ်ယူခဲ့တဲ့ အမျိုးသမီး

တကယ့်အချစ်စစ် ၊ အချစ်မှန်တစ်ခုမှာဆိုရင် အသက်အရွယ် ၊ ကြွယ်ဝချမ်းသာမှု ဆိုတဲ့အကန့်အသတ်မျိုးတွေမရှိပါဘူး ။ ဒီတစ်ခေါက်မှာလည်း အသက် 28နှစ်အရွယ် အမျိုးသမီးဟာ အသက်70အရွယ်အဘိုးအိုကို ချစ်မိသွားခဲ့လို့

အချင်းချင်းတွေ့ဆုံပြီး 4လအကြာမှာ လက်ထပ်ခဲ့ကြပါတယ် ။ အမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံ Java ကျွန်းမှာနေထိုင်သူဖြစ်ပြီး တောထဲသို့ရေသွားခပ်ရင်းနဲ့ အဆိုပါအဘိုးအိုနဲ့တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ် ။

မကြာခင်မှာပဲ အချင်းချင်းခင်မင်ရင်နှီးသွားခဲ့ပြီးနောက် အဘိုးအိုဟာ အဆိုပါမိန်းကလေး၏နေအိမ်သို့ မကြာခဏသွားရောက်လည်ပတ်ရင်း 4လ အကြာမှာတော့ အချင်းချင်းမခွဲနိုင်အောင်ချစ်မိခဲ့ကြပြီးနောက် လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ် ။

အဆိုပါစုံတွဲဟာ ပြီးခဲ့တဲ့ November 27 ရက်နေ့ကလက်ထပ်ပွဲကျင်းပခဲ့ကြပြီး နှစ်ဖက်သောဆွေမျိုးမိသားစုများကလည်း ကောင်းချီမင်္ဂလာပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါစုံတွဲရဲ့ မင်္ဂလာဆောင်ဓာတ်ပုံများဟာ Internet ပေါ်မှာပျံ့နှံ့သွားခဲ့ကြပြီးနောက် လူအများကအဆိုပါစုံတွဲကိုစပြီးတော့ မျိုးစုံဝေဖန်ကဲ့ရဲ့ခဲ့ကြပါတော့တယ် ။

လူအများစုကတော့ မိန်းကလေးဖြစ်သူဟာ ငွေမက်ပြီးအဘိုးအိုကို လက်ထပ်ယူခဲ့တာပါဆိုပြီးပြောဆိုခဲ့ကြပေမဲ့လည်း အမှန်တကယ်သတို့သမီးတင်တောင်းကြေးမှာ 50,000 rupiah ( မြန်မာငွေ 5000 ကျပ်ဝန်းကျင်) သာရှိခဲ့တဲ့အတွက်

လူအများက အဆိုပါအဖြစ်ကိုသိရှိခဲ့ကြပြီးနောက် အချစ်စစ်အချစ်မှန်သာဖြစ်ကြောင်း လက်ခံနားလည်ပေးခဲ့ကြပါတယ် ။

အဆိုပါအမျိုးသမီးမှာတော့ သူမရဲ့ခင်ပွန်းနဲ့သူမဟာ အသက်အရွယ်အတော်လေးကွာဟနေခဲ့တာဖြစ်ပေမဲ့လည်း ခင်ပွန်းဖြစ်သူနဲ့လက်ထပ်ခဲ့တဲ့အဖြစ်ကို သူမရှက်ကြောက်ခြင်းမျိုးမရှိခဲ့ကြောင်း နှင့် သူမအတော်လေးပျော်ရွှင်နေရကြောင်း ပြောဆိုခဲ့ပါတယ် ။

ထို့အပြင် ခင်ပွန်းဖြစ်သူဟာ မိသားစုကို ကျွေးမွေးပြုစုပျိုးထောင်ဖို့ အတွေ့အကြုံရှိတဲ့အပြင် ၊ ကလေးတွေကိုလည်း ဂရုစိုက်နိုင်သူဖြစ်တဲ့အတွက် သူမစိတ်ကူးအိမ်မက်ထဲကအတိုင် ခင်ပွန်းဖြစ်သူနှင့် လက်ထပ်နိုင်ခဲ့တာဖြစ်ကြောင်း ထပ်လောင်းပြောဆိုသွားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily) Source: worldofbuzz

Unicode