News

ကိုဗစ္နဲ႔ပတ္သက္လို႔ ေပါ့ဆၿပီး လူမပီသတဲ့သူေတြကို ေျမာက္ဥကၠလာ ေဆး႐ုံအုပ္ႀကီးေျပာၿပီ

စည္းကမ္းရွိပါ Mask တပ္ပါ ေမးမခ်ိတ္နဲ႔ Mask တပ္ၿပီးရင္ လူဆို လူပီသစြာ သူတစ္ပါး ေဘးမျဖစ္ေအာင္ စြန႔္ပစ္ၾကပါ။

အခုေတာ့ ကြၽန္မမတို႔ေဆး႐ုံ သားဖြာေဆာင္ အျပင္ဘက္ လူနာေစာင့္ေတြ ေစာင့္တဲ့ ေကာရစ္တာေအာက္တည့္တည့္က မန္က်ည္းပင္က Mask ပန္းပြင့္ေနတာလား အဲ့ဒါကိုျမင္ေတာ့ ေတာ္ေတာ့္မိတယ္။

ငါတို႔မွာေတာ့ အစစ အဆင္ေျပေအာင္လုပ္ေပးလိုက္ရတာေအာက္တန္းက်တဲ့အျပဳအမူပါ က်န္းမာေရးဝန္ထမ္း ေတြလည္း ဟိုအေဆာင္၊ ဒီအေဆာင္ကပါ သြားလို႔နဲ႔ ရွိတဲ့ ဝန္ထမ္းေလးေတြနဲ႔

လုပ္ေပးေန ၾကတာ ကိုယ့္မ်က္ႏွာေပၚအုပ္ထားတဲ့ Mask ေတာင္ စြန႔္ပစ္တာကအစ တာဝန္မယူႏိုင္ၾကေတာ့ဘူးလားေဆး႐ုံအျပင္ေလးမ်ား မထြက္နဲ႔ ထိပ္မွာ ဆိုင္ကယ္ကယ္ရီ Taxi ဆိုကၠားသမားေတြ

လမ္းေဘးေဈးသယ္ေတြ Mask ေမးခ်ိတ္လို႔တစ္ဖုံ Mask ခြၽတ္လို႔တစ္သြယ္ ေဆး႐ုံအဝင္ထိပ္ ဒီေလာက္ အေရးေပၚကားဝင္ထြက္ေနတာ ေဈးသယ္ Taxi ကားႏွစ္ထပ္ရပ္ထားတယ္ေနာ္။

MOHS page မွာ အၿမဲ နံပါတ္စဥ္ ၁၊ ၂၊ ၃ ေအာက္မဆင္းၾကဘူး ကိုယ့္ၿမိဳ႕နယ္အတြက္လည္း ကိုယ့္တစ္ကိုယ္စာတာဝန္ယူၾကပါအုံး။

ယူနီကုဒ္ျဖင့္ဖတ္ရန္

စည်းကမ်းရှိပါ Mask တပ်ပါ မေးမချိတ်နဲ့ Mask တပ်ပြီးရင် လူဆို လူပီသစွာ သူတစ်ပါး ဘေးမဖြစ်အောင် စွန့်ပစ်ကြပါ။

အခုတော့ ကျွန်မမတို့ဆေးရုံ သားဖွာဆောင် အပြင်ဘက် လူနာစောင့်တွေ စောင့်တဲ့ ကောရစ်တာအောက်တည့်တည့်က မန်ကျည်းပင်က Mask ပန်းပွင့်နေတာလား အဲ့ဒါကိုမြင်တော့ တော်တော့်မိတယ်။

ငါတို့မှာတော့ အစစ အဆင်ပြေအောင်လုပ်ပေးလိုက်ရတာအောက်တန်းကျတဲ့အပြုအမူပါ ကျန်းမာရေးဝန်ထမ်း တွေလည်း ဟိုအဆောင်၊ ဒီအဆောင်ကပါ သွားလို့နဲ့ ရှိတဲ့ ဝန်ထမ်းလေးတွေနဲ့

လုပ်ပေးနေ ကြတာ ကိုယ့်မျက်နှာပေါ်အုပ်ထားတဲ့ Mask တောင် စွန့်ပစ်တာကအစ တာဝန်မယူနိုင်ကြတော့ဘူးလားဆေးရုံအပြင်လေးများ မထွက်နဲ့ ထိပ်မှာ ဆိုင်ကယ်ကယ်ရီ Taxi ဆိုက္ကားသမားတွေ

လမ်းဘေးဈေးသယ်တွေ Mask မေးချိတ်လို့တစ်ဖုံ Mask ချွတ်လို့တစ်သွယ် ဆေးရုံအဝင်ထိပ် ဒီလောက် အရေးပေါ်ကားဝင်ထွက်နေတာ ဈေးသယ် Taxi ကားနှစ်ထပ်ရပ်ထားတယ်နော်။

MOHS page မှာ အမြဲ နံပါတ်စဉ် ၁၊ ၂၊ ၃ အောက်မဆင်းကြဘူး ကိုယ့်မြို့နယ်အတွက်လည်း ကိုယ့်တစ်ကိုယ်စာတာဝန်ယူကြပါအုံး။