News

တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်သွားခဲ့တဲ့ မဲမသမာမှုတွေကို ပြည်သူနဲ့ ပူးပေါင်းဖော်ထုတ်သွာမည်ဟု ရှမ်းနီတပ်မတော် (SNA) ပြော

တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်သွားခဲ့တဲ့ မဲမသမာမှုတွေကို ပြည်သူနဲ့ ပူးပေါင်းဖော်ထုတ်သွာမည်ဟု ရှမ်းနီတပ်မတော် (SNA) ပြော …..

၂၂ နိုဝင်ဘာ

ဟုမ္မလင်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ဖြေရှင်းလို့မပြီးနိုင်ဖြစ်နေတဲ့ တိုင်းရင်းသားအများစုနေထိုက်ရာဒေသတွေ က မဲရုံတွေမှာဖြစ်ပွားခဲ့တဲ့ မဲလိမ်မဲခိုးမှုတွေနဲ့ မဲမသမာမှုတွေကို ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းဖော်ထုတ်ပြီး ပါဝင်ပါတ်သက်မှုလုပ်ခဲ့သူတွေကို အရေးယူမှုတွေလုပ်သွားဖို့ရှိတယ်လို့ ရှမ်းနီတပ်မတော် (SNA)က ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။

လက်ရှိအခြေအနေအရ တိုင်းရင်းသားအများစုနေထိုင်ကြတဲ့ဒေသအချို့မှာ တိုင်းရင်းသားပါတီတွေရရှိတဲ့မဲအရေအတွက်ထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရရှိတဲ့မဲတွေက အဆမတန်များပြားနေတဲ့အတွက် တိုင်းရင်းသားတွေက မခံမရပ်နိုင်ဖြစ်ပြီး

မဲရလဒ်တွေကို ကန့်ကွက်နေတာမျိုးတွေရှိနေတဲ့အတွက် သူတို့ထင်သလို မဲမသမာမှုတွေ လုပ်ခဲ့သလားမလုပ်ခဲ့ဘူးလား လုပ်ခဲ့ရင်ရော ဘယ်သူတွေလုပ်ခဲသလဲ ဘယ်သူတွေခိုင်းလို့လုပ်တာလဲ ဒါမျိုးတွေကို စစ်ဆေးဖော်ထုတ်သွားမယ် ပြီးရင်ကျနော်တို့ ရှမ်းနီနယ်မြေရဲ့တိုင်းရင်းသားဥပဒေ ကျနော်တို့ ရှမ်းနီတပ်မတော်ရဲ့ဥပဒေတွေနဲ့အရေးယူဆောင်ရွက်သွားမယ်လို့ ရှမ်းနီတပ်မတာ်(SNA)ပြောခွင့်ရ ဗိုလ်မှူးတစ်ဦးကပြောကြားခဲ့ပါတယ် ။

ရှမ်းနီတပ်မတော်(SNA)ဟာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ် မိုးညှင်း အင်တော်ကြီး ဒေသနဲ့ ဗန်မော် ရွှေကူ စသည့်ဒေသတွေမှာ အခြေပြုအဖွဲတွေနဲ့လုပ်ရှားနေတာဖြစ်ပြီး သူတို့နယ်မြေတွေမှာဖြစ်ပွာခဲ့တဲ မဲရုံမဲလက်မှတ်ကိစ္စတွေနဲ့ အငြင်းပွားစရာကိစ္စတွေကို ဒေသခံ မဲဆန္ဒရှင်တွေနဲ့ပူးပေါင်းဖော်ထုတ်သွားမယ်လို့ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပါတ်သက်ပြီး တိုင်းဒေသကြီးအချို့နဲ့တိုင်းရင်းသားပြည်နယ်တွေမှာဖြစ်ပွားနေတဲ့ မဲမသမာမှုတွေ မဲရလဒ်ကိစ္စတွေ ဟာအခြေအမြစ်မရှိ သက်သေအထောက်အထားမရှိတဲ့ ဖြစ်စဉ်တွေဖြစ်တဲ့အတွက်အရေးယူလို့မရဘူးလို့ အစိုးရအဖွဲ့အစည်းတွေက ပြောဆိုလာပြီးသည့် နောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဖက်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နေအိမ်အားသေနတ်ဖြင့်ပြစ်ခတ်ခဲ့ခြင်း နောက် ရှမ်းပြည်နယ်မြောက်ပိုင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်တစ်ဦး မနေ့ညက အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ဖြင့်ပစ်သတ်သွားခြင်း ခံခဲ့ရကြောင်းသိရသည် ။

#crd cheery media

#စစ်အားမာန်