ကိုဗစ်ကာကွယ်ဆေးတွေမှာ နောက်ဆုံးပန်းဝင်လာနိုင်သူတွေကို တန်းစီကြည့်ပါမယ်။ စုစုပေါင်း ကာကွယ်ဆေး (၁၁) တောင်မျိုးရှိပါတယ်။
ပန်းဝင်ပြီး တစ်ကမ္ဘာလုံးလက်ခံဖို့ အောက်ပါအဖွဲ့အစည်းတွေထဲက အနည်းဆုံးတစ်ဖွဲ့ရဲ့ အသိအမှတ်ပြုမှုကို လိုအပ်ပါတယ်။
?? အမေရိကန်က FDA
?? ဥရောပသမဂ္ဂရဲ့ EMA
?? ယူကေနိုင်ငံရဲ့ MHRA
?? WHO
အဲ့လို #အသိအမှတ်ပြုရဖို့က …
▪️ကာကွယ်ဆေးရဲ့အန္တရာယ်ကင်းမှု၊
▪️အာနိသင်ထိရောက်မှုတို့အပြင်၊
▪️ထုတ်သမျှအလုံးတိုင်းမှာ အရည်အသွေးတူညီဖို့၊
▪️ထုတ်လုပ်ရာမှာ သန့်ရှင်းမှု (strict sterilization နဲ့ hygiene standards) တွေ လိုအပ်ပါတယ်။
နောက်ဆုံး FDA ရဲ့အသိအမှတ်ပြုရဖို့တအားနီးကပ်နေတာက ….
(၁) Pfizer/BioNTech
FDA တင်ထားပြီးပြီ။ ဒီဇင်ဘာလလယ်မှာကျနိုင်တယ်။
(၂) Moderna
FDA တင်တော့မယ်။ ဒီဇင်ဘာလလယ်မှာကျနိုင်တယ်။
သူတို့နှစ်မျိုးက RNA နည်းပညာနဲ့ထုတ်ထားတာ။
Non-replicating viral-vector ကာကွယ်ဆေးမျိုးတွေက (၄) မျိုးရှိတယ်။
(၃) Oxford/AstraZeneca
သူနဲ့မျိုးတူတွေထဲမှာ စိတ်အချရဆုံးနဲ့အန္တရာယ်အကင်းဆုံး ကာကွယ်ဆေးဖြစ်တယ်။
ခရစ်စမတ်မတိုင်ခင် EMA နဲ့ MHRA ကျနိုင်တယ်။ တတိယပန်းဝင်နိုင်တဲ့သူဖြစ်တယ်။
(၄) Johnson & Johnson
တစ်လုံးပဲထိုးဖို့လိုတဲ့အမျိုးက စက်တင်ဘာလထဲမှာ Phase 3 စစမ်းသပ်ထားတယ်။
သူလည်းပန်းဝင်ကာနီးနေပြီ။
နှစ်လုံးထိုးရတဲ့ နောက်တစ်မျိုးကို နိုဝင်ဘာလ ၁၆ ရက်နေ့မှာစထားတယ်။ အဲ့ဒါကတော့ နောက်နှစ်ဆန်းထဲမှာမှ ပန်းဝင်မယ်။
(၅) ?? တရုတ် CanSino က တရုတ်မှာပထမဆုံး အစိုးရက စစ်တပ်သုံးအဖြစ်ခွင့်ပြုပေးခဲ့တဲ့ ကုမ္ပဏီဖြစ်တယ်။
တကယ်လို့ အထက်ပါအဖွဲ့အစည်းတစ်ခုခုက လက်ခံနိုင်ခဲ့ရင် သူက နံပါတ်(၅)လောက်မှာ ပန်းဝင်လာမယ်။
? CanSino ရဲ့ ကာကွယ်ဆေးဟာ ရိုးရိုးတုပ်ကွေးဗိုင်းရပ်စ်ကိုသုံးထားလို့ အာနိသင်ထိရောက်မှုကို #သံသယရှိနေကြတယ်။
(၆) ?? ရုရှားရဲ့ Gamaleya က သူ့ဟာသူတော့ ၉၂% ထိရောက်တယ်ကြေညာထားပေမယ့် Phase 3 ရလဒ်ကို လူသိရှင်ကြားသေချာချပြဖို့လိုတယ်။
အဲ့လိုချပြလို့ လက်ခံနိုင်ရင်တော့ နံပါတ် (၆) နေရာမှာပန်းဝင်လာနိုင်တယ်။
နောက်ထပ် (၄) မျိုးက Inactivated virus ကာကွယ်ဆေးမျိုးတွေဖြစ်တယ်။
Inactivated virus ? ဟာ ကာကွယ်ဆေးထုတ်လုပ်ရေးအပိုင်းမှာ သေသေချာချာကိုဂရုစိုက်ဖို့လိုတယ်။
(၇) ?? တရုတ် SinoVac ရဲ့ကာကွယ်ဆေးဟာ နောက်လထဲမှာ Phase 3 ရလဒ်ကိုထုတ်ပေးနိုင်မယ်ပြောနေတယ်။
တကယ်လို့ အထက်ပါအဖွဲ့အစည်းတစ်ခုခုက လက်ခံနိုင်ခဲ့ရင် သူက နံပါတ်(၅)/(၆)/(၇) တစ်နေရာရာလောက်မှာ ပန်းဝင်လာမယ်။
(၈) (၉) ?? Sinopham ရဲ့ကာကွယ်ဆေးကလည်း တရုတ်မှာ လူတစ်သန်းနီးပါးလောက်ကိုထိုးပေးထားတယ်ကြားတယ်။
Phase 3 ရလဒ်အပြည့်အစုံမထွက်သေးပဲနဲ့ ချနေတာ။
တကယ်လို့ အထက်ပါအဖွဲ့အစည်းတစ်ခုခုက လက်ခံနိုင်ခဲ့ရင် သူက နံပါတ်(၅)/(၆)/(၇)/(၈) တစ်နေရာရာလောက်မှာ ပန်းဝင်လာမယ်။
?? Sinopham က Beijing Institute နဲ့ တစ်မျိုးထုတ်ပြီးတော့ Wuhan Institute နဲ့လည်း တစ်မျိုးထုတ်ကာ နှစ်သီးစားဖို့လုပ်ထားတယ်။
(၁၀) Bharat Biotech က အိန္ဒိယကကာကွယ်ဆေးကလည်း Phase 3 စမ်းသပ်နေပြီမို့ နံပါတ် (၁၀) လောက်မှာ ပန်းဝင်လာနိုင်တယ်။
?? အိန္ဒိယရဲ့ ဂုဏ်ယူဖွယ်ကာကွယ်ဆေးတစ်ခုဖြစ်လာနိုင်တယ်။
(၁၁) မျိုးမတူလို့နောက်ဆုံးမှာရေးထားပေမယ့် နံပါတ် (၄)/(၅) လောက်မှာပန်းဝင်လာနိုင်တာက Novavax ဆိုတဲ့ ?? အမေရိကန်ကုမ္ပဏီရဲ့ကာကွယ်ဆေး။
သူက စက်တင်ဘာ ၂၃ ကတည်းက Phase 3 စတင်ခဲ့တာဆိုတော့ ၂၀၂၁ နှစ်ဆန်းမှာ ပန်းဝင်နိုင်တယ်။
သူက Protein subunit ဆိုတဲ့ ပရိုတိန်းကိုအခြေခံတဲ့ကာကွယ်ဆေး။
အခုဆိုရင် နောက်ဆုံးအဆင့်မှာ ပန်းဝင်ဖို့ကပ်နေတဲ့ ကာကွယ်ဆေး (၁၁) မျိုးတောင်ရှိတယ်ဆိုတာ သိထားကြဖို့ တင်ပြပေးလိုက်ပါတယ်။
ဒီကာကွယ်ဆေးတွေနဲ့အတူ အထိရောက်ရောက်ဆုံးကာကွယ်ဆေးတစ်ခုအဖြစ် #တွဲပြီးတစ်နှစ်လောက်ကျင့်သုံးနေရမှာက Mask ? တပ်ခြင်း၊ လက်ကိုသေသေချာချာဆေးခြင်းနဲ့ ခပ်ခွာခွာနေခြင်းတို့ဖြစ်ပါကြောင်း။
Time magazine ကယူရေးတယ်ထင်ပြီး credit: Time magazine လုပ်ချနေအုံးမယ်။ ကိုယ်တွေက အစုံလိုက်ဖတ်ပြီးစုရေးတာ။ ပုံသာ Times ကနေ ခေါင်းစဉ်နဲ့ကိုက်လို့ယူထားတာ။
အရင်ရက်ကလည်း ကိုယ့်သတင်းကိုကူးပြီး Source: Financial Times လို့ ခပ်တည်တည်လုပ်ချနေတာတွေလည်း တွေ့နေရလို့ပြောရတာ။
Richard Myo Thant
22-November-2020
(စာကိုကူးယူသူများ Page လင့်လေးပါထည့်သွင်းကူးယူပေးဖို့ မေတ္တာရပ်ခံပါတယ်။)