ဗဟုသုတ

“အရေးပေါ်ကားမှန်သော်လည်း ယာဉ်စည်းကမ်းဖောက်ဖျက်လို့ ယာဉ်တိုက်မှု ဖြစ်ခဲ့သော်…”

သူငယ်ချင်း

မင်းမောင်းနေတဲ့ယာဉ်ဟာ လူနာတင်ကားဖြစ်ချင်ဖြစ်လိမ့်မယ်

မီးသတ်ကား(သာမန်အချိန်တွင်မောင်းနှင်ခြင်း)ဌာနဆိုင်ရာကား အရေးပေါ်ကားလဲဖြစ်ချင်ဖြစ်လိမ့်မယ်

မည်သည့်ယာဉ်ကိုပဲမောင်းမောင်း ကိုဟာယာဉ်မောင်းပါပဲ

ယာဉ်မောင်းဆိုကထဲက ယာဉ်မောင်းတို့လိုက်နာရမဲ့ကျင့်ဝတ်တွေ အလိုလိုအပြည့်အဝရှိသွားပါပြီ။လူကြီးကားပဲမောင်းမောင်း နာရေးကားပဲမောင်းမောင်းရဲကားပဲမောင်းမောင်း စည်းကမ်းဖောက်ဖျက်မ်ိရင်တော့ အများနည်းတူအရေးယူခံရမှာပဲ

ရှင်းစရာရှိတာရှင်း လျော်စရာရှိတာလျော်လို့ ထောင်ကျစရာရှိကျကိုကျမှာပဲ။ငါမောင်းတဲ့ကားက ဘာကား ညာကားရယ်ဆိုပီးသီးခြားအထူးခံစားခွင့်ရယ်လို့မရှိပါဘူး
ဒါကြောင့် မင်းမလိုက်နာရင် မင်းခံရမှာပဲ.

သူငယ်ချင်းမင်းသိလားပရဟိတကားတွေ နာရေးကားတွေ မီးပွိုင့်မှာမီးနီဖြတ်လို့ယာဉ်တိုက်မှုဖြစ်ရင်ယာဉ်/လမ်းစည်းကမ်းချိုးဖေါက်လို့ယာဉ်တိုက်မှုဖြစ်ရင်..သူတို့လဲအများနည်းတူ အရေးယူခံရမှာပါ

မှန်ပါတယ် အခြားယာဉ်တွေက အဲ့ဒီလိုအရေးပေါ်ယာဉ်တွေကို ဦးစားပေးရမှာဟုတ်တယ် ဒါကိုအားလုံးသိတယ်….ဒါကဦးစားပေးရမည့်ယာဉ်မို့ ဦးစားပေးတာလေယာဉ်စည်းကမ်းကယာဉ်းစည်းကမ်းပဲ

တခြားစီ တကန့်စီလေ.တချို့လူနာတင်ကားတွေ အန်းဗျူးလင့်တွေအရေးကြီးလို့ဆိုပီး အရမ်းမောင်းတယ်..အရေးပေါ်လူနာပါလို့ဥသြသံဆွဲတယ်..တချို့က လူနာမပါလဲ ဥသြသံဆွဲတယ်

ဝါယာလက်တွေလဲဖွင့်ထားတယ်…အရေးကြီးလို့မီးနီဖြတ်တာ ဖြတ်လို့ရတယ်…အဲ့ဒီလိုအတွေးတွေနဲ့မောင်းရင် မှားပါလိမ့်မယ်..ဦးစားပေးရမှာမှန်ပေမဲ့ ယာဉ်တိုက်မှုဖြစ်ကြည့်ပါလား…အများနည်းတူ အရေးယူခံရမှာပါပဲ

ဒါကြောင့် သီခြားအခွင့်အရေးရှိတယ်လို့တော့ အမှတ်မမှားနဲ့သူငယ်ချင်း..မသာကားမောင်းမောင်း ဆရာ့ကားမောင်းမောင်း တို့တွေယာယာဉ်မောင်းဖြစ်ပီဆိုကထဲက
ယာဉ်/လမ်းစည်းကမ်းတွေအားလုံး ငါတို့နဲ့သက်ဆိုင်ပီမို့ လိုက်နာကြရအောင်သူငယ်ချင်း။

စည်းကမ်းလိုက်နာစေ

ယာဉ်/လမ်းစည်းကမ်းကိုသိစေလို၍ဖော်ပြခြင်းဖြစ်ပါသည် အမှန်တကယ်အရေးပေါ်ကားများအား(မီးသတ်ကားကဲ့သို့) ဥသြဆွဲလာသည်နှင့် ယာဉ်အားလုံးက ဂရုပြုရှောင်းပေးကြသလို တာဝန်ကျတပ်ဖွဲ့ဝင်များ မီးပွိုင့်များမှလည်း အဆင်ပြေအောင် ကြိုတင်ဆောင်ရွက်ပေးကြပါသည်

မီးသတ်ကားသည် သာမာန်ချိန်မှာတော့ အများနည်းတူပါ အရေးပေါ်ချိန်မှာတော့ မီးသတ်ကားသည်အုပ်စုဖွဲ့ ထွက်ခွာခြင်းဖြစ်၍ဦးစားပေးရပါမည် အရေးပေါ်ချိန်တွင် သဘောရိုးဖြင့် မီးသတ်ကားဖြင့်ထိမိမှုမှန်သမျှ ဥပဒေကြောင်းအရ တရားစွဲဆိုခွင့်မရှိစေရဟု ဥပဒေပြဌာန်းထားပြီးဖြစ်ပါသည်)

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

30.9.2018
BoWin