မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ၊ ဘော်ပဒါန်းကျေးရွာရှိ ဘုံခေါင်းကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းတွင် တွင်းလုပ်သား(၁)ဦး
တွင်းအနက် ပေ(၁၅၀)ခန့်သို့ မတော်တဆပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်မိုးကုတ်မြို့နယ် မီးသတ်စခန်းမှ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်များသည်
သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၁၄း၅၀) အချိန်ခန့်တွင် တွင်းလုပ်သားအားအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး
ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် မြို့နယ် rescueအဖွဲ့မှ သူနာတင်ယာဉ်ဖြင့် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
ဒီလောက်နက်တဲ့ တွင်းထဲ ပြုတ်ကျပြီး ဒဏ်ရာအနည်းငယ်ပဲရတယ်ဆိုတာ အရမ်း ကံကောင်းလို့ပါပဲ….အသက်စွန့်ပြီး ကျောက်ရှာရတဲ့ ကျောက်တူးသမားတွေ အန္တရာယ် ကင်းကြပါစေ…
unicode