ဒဂုံဆိပ်ကမ်း ၈၇ ရပ်ကွက်ကိစ္စ ကလေးတွေ ကျန်သေးတယ် ဆိုလို့ အလုပ်ရုံထဲ ဝင်ရှာတာ မြို့နယ် ရဲတပ်ဖွဲ့မှူး ၊ရပ်ကွက်နေ ပြည်သူတွေ နဲ့ အတူ NLDက မြို့နယ် ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ကိုဒေါင်းမာန်ဟုန်ကော ကျွန် တော် ကော ဝင်ရှာပါတယ်။
အပြင်မှာ ဖြန့်ထားတာ ကောလ ဟာလတွေ ပဲ။အထဲမှာဘာကလေးမှ မရှိဘူး။ဘာမြေအောက်လှိုင်ဂူမှ မရှိဘူး။ဘာ လူသားပေါက်စီမှ မရှိဘူး။ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဥပဒေ အတိုင်း ဌာနဆိုင်ရာတွေက တရုတ်လုပ်ငန်းရှင်ကို တရားဝိုင်းစွဲနေပြီဥပမာ လုပ်ငန်းလိုင်စင်မရှိတာတွေ အလုပ်သမားတွေ အပေါ် အခွင့်အရေး ချိုးဖောက်တာတွေ ဒါတွေကို သက်ဆိုင်ရာ တရားစွဲနေပြီ
ဥပဒေ အတိုင်းသွားနေတယ်။ဒါကို ညက ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ လူအုပ်စုက ဝင်ပြီး အိမ်တွေ ဖြိုတယ်၊ မှန်တွေ ရိုက်ခွဲတယ်၊ ကားတွေ ကိုဖျက်စီးတယ်၊ နေအိမ်အတွင်းမှာ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖွတယ်။
ဒီလို လုပ်တာ ပြည်သူတွေ မဟုတ်ပါဘူး။လူတစ်စုပါ။ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ လူတစ်စုပါ ။အခု အရေးယူဖို့ လုပ်နေပါပြီ အဲ့ဒီ လူတစ်စု ပစ်တဲ့ ကုံးသီး၊ လေးခွ နဲ့ ခဲလုံးတွေကြောင့်ရဲ တပ်ဖွဲ့က ၂၇ ဦး ဒဏ်ရာရတယ်။ မြို့နယ်ရဲမှူး ရှပ်မှန်တယ်။အဲ့ဒီတော့ ရာဘာကျည်နဲ့ ပစ်ဖောက်သတိပေးရတဲ့ အထိ ဖြစ်ခဲ့တယ် အဲ့ဒီတော့ ဒီကိစ္စက
ရဲ မလွန်ဘူး ။တစ်ချိန်လုံး လူစုခွဲပေးဖို့ မြို့နယ်မှူးက လက်အုပ်ချီပြီး အကြိမ်ကြိမ်တောင်းပန်တာ ကျွန်တော်တို့ အရှေ့မှာပဲ။ဘယ်လိုမှ မရဘူး။ အဲ့ဒီလူတစ်စုက တောင်းပန်လေ ပိုဆိုးလေပဲ ။နောက်ဆုံး မှောင်တဲ့အချိန်မှာ အိမ်ထဲ ဝင်လုံးတော့တယ်။
ပြောချင်တာက ဒီကိစ္စမှာ အပြစ်ရှိသူတွေကို ဖမ်းဆီးထားတယ် ဥပဒေ အတိုင်းဆက်သွားနေတယ်။ကြားထဲက ရောပြီး အုံကြွမှု ဖန်တီးတဲ့ လူတစ်စုရှိပါတယ်။နိုင်ငံရေး အမြတ်ထုတ်တဲ့ လူတစ်စုရှိပါတယ်။ ရပ်ကွက်နေပြည်သူများ သတိထားပေးကြပါ
Facebook Comments