News

“ကျန်းမာရေးစစ်ဆေးချက်မပါဘဲ လူတစ်ဦးကို (၂) သောင်းနှုန်းနဲ့ လူ(၂၅) ဦး ခိုးတင်လာသောကားကို ဖမ်းမိ”

စစ်တောင်းတံတားမှကျမ္မာရေးစစ်ဆေးချက်မပါဘဲတစ်ဦးလျှင် ၂ သောင်းကျပ်နှုန်းဖြင့်ပေးဆောင်ကာ Faw Car ဖြင့်သယ်ဆောင်လာသူများအားစစ်ဆေးတွေ့ရှိ

(21.11.2020)ည(၈)နာရီတွင်မွန်ပြည်နယ်၊သထုံမြို့၊သိမ်ကုန်းရပ်ကွက်၊နတ်စင်လမ်းတွင် စစ်တောင်းတံတားမှ ကျန်းမာရေးစစ်ဆေးချက်မပါပဲ တဦးကို(၂သောင်း)နှုန်းဖြင့်ပေးဆောင်ကာ faw ကားဖြင့်ခိုး၍တင်ဆောင်ကာစစ်တောင်းအကျော်တွင် ကန်တာယာဉ်တစီးဖြင့်ချိန်းကာ မွန်ပြည်နယ်အတွင်းသို့ဝင်ရောက်လာပါသည်။ဘားအံမြို့သို့ အုတ်ဖိုသွားရန်ဖြစ်သည်ဟုသိရ။

သထုံသို့အရောက် နတ်စင်လမ်းတွင်အတွဲကားတစီးဖြင့်ဆက်၍ကားချိန်းကာ ရပ်ကွက်နေပြည်သူများမှတွေ့ရှိ၍ သက်တန့်ရောင်စဉ်သို့အကူညီလှမ်းတောင်းသဖြင့် ဖြစ်စဉ်အားကြည့်ရှုရာမှန်ကနိမှုရှိသည့်အတွက်

မြို့နယ်အုပ်ချုပ်ရေးမှူး၊သထုံခရိုင်ရဲတပ်ဖွဲ့၊လွှတ်တော်ကိုယ်စားလှယ်တို့အား ဆက်သွယ်၍ ပူးပေါင်းတိုင်ပင်ကြရာ ကရင်ပြည်နယ်ဘက်ခြမ်းမှလဲဝင်ရောက်ခွင့်မပြုသည့်အတွက် ကျွန်တော်တို့မြို့တွင်လဲထားရန်မဖြစ် ထို့ကြောင့်စစ်တောင်းတံတားထိပ်သို့ပို့ဆောင်ရန်ဆုံးဖြတ်ခဲ့ကြသည်။

ပို့ဆောင်ရာတွင် ခိုးဝင်(၂၅)ဦးအား သက်တန့်ရောင်စဉ်အသင်းမှ ကန်တာယာဉ်တစီး၊မြ်ု့နယ်အုပ်ချုပ်ရေးမှူးရုံးမှတစီး၊သထုံခရိုင်ရဲတပ်ဖွဲ့မှပွိုင့်ကားတစီးတို့ဖြင့်ည(၉)နာရီအချိန်တွင် စစ်တောင်းသို့ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ပါသည်။

Credit #ကောင်းခန့်