ထိုင္းထီ ၁၅ ေစာင္တြဲ ေပါက္ခဲ့သူ ရုတ္တရက္ ေသဆံုး
၂၀-၁၁-၂၀၂၀
၂၀၁၈ ခုနွစ္က ထိုင္း ပထမဆု 149840 ၁၄၉ ၈၄၀ နံပါတ္ ၁၅ ေစာင္တြဲ ေပါက္ခဲ့တဲ့ ဥေဒါင္ဌာနီ ခရိုင္က နိုင္ စုန္ဖန္ စူရမ္ကို Somparn Suranakul အသက္(၄၀) ဟာ နို၀င္ဘာလ ၁၉ ရက္ေန ့ညက ရုတ္တရက္ ေသဆံုးခဲ့ေၾကာင္းထိုင္းသတင္းမီဒီယာေတြမွာေဖၚျပေနပါတယ္။
ဘ၀မွာ တဆစ္ခ်ိဳး အေျပာင္းအလဲျဖစ္သြားခဲ့တဲ့ ဘတ္သန္း ၉၀ ထီသူေဌး ေစရာေသး ( ေပးထားတဲ့ သူေဌးဘြဲ ့) ဟာ ထီေပါက္ျပီး တနွစ္ေက်ာ္မွာ လူမွုေရးေဖါက္ျပန္မွုေတြ ျဖစ္လာျပီလို ့ သတင္းေတြထြက္ျပီး ဇနီး ေက်းေအာ္ (၄၈) နွစ္နဲ ့ တရား၀င္ ကြာရွင္းခဲ့တာ လပိုင္းသာရွိပါေသးတယ္။
ဇနီးျဖစ္တဲ့ Wanlee Panyasai ၀မ္လီပန္ယာစိုင္ (ေက်းေအာ္) အသက္၄၈ႏွစ္ဟာ အိမ္ေထာင္မ်ားသူလို ့ နံမည္ၾကီးခဲ့သူျဖစ္ျပီး ပထမဆံုး ေယာက္က်ား ဥေရာပ သား (ေသဆံုး)ထံကေန အေမြသန္း ေပါင္းမ်ားစြား ရျပီးထားသူျဖစ္ပါတယ္။
ယခုေသဆံုးသူ ခင္ပြန္းနဲ ့ အိမ္ေထာင္ေရးအဆင္မေျပျဖစ္လာျပီး ႏွစ္ဦးသေဘာတူ ျပတ္စဲ လိုက္တဲ့အခါ ခင္ပြန္းကို ဘတ္ေငြသန္း(၅၀) ေပး ကြာရွင္းလိုက္ျပီလို ့ သူကိုယ္တိုင္ ေၾကျငာခဲ့ပါတယ္။
ျပီးခဲ့တဲ့ ရက္ပိုင္းကပဲ ေသဆံုးသူအမ်ိဳးသားဟာမိနစ္သံုးဆယ္ၾကာ live လႊင့္ျပီး သန္းၾကြယ္သူေဌးဘ၀နဲ ့ ဘယ္လိုေနထိုင္ေနတယ္ဆိုတာ ပိုစ့္တင္ခဲ့ျပီးစိန္ေတြ၀ယ္ေနတဲ့ရုပ္သံကုိပါျပသခဲ့တာပါ အဲဒီေနာက္ သူနဲ့ တြဲေနတဲ့ အမ်ိဳးသမီး (၄) ေယာက္ရွိေနတယ္ တရား၀င္ ယူဘို ့ေတာ့ မစဥ္းစားေသးဘူးလို ့ ထုတ္ေျပာေနတာလည္း ေတြ ့ရပါတယ္။
ဘာေၾကာင့္ ေသဆံုးရတယ္ဆိုတာနဲ့ ပါတ္သက္ျပီး ဥေဒါင္ ဌာနီေဆးရံုက တရား၀င္ထုတ္ျပန္တာမေတြ ့ရေသးေပမယ့္ ေသဆံုးသူ ဟာ မၾကာေသးခင္ တစ္ႀကိမ္ဖ်ားနာေနေကာင္းျဖစ္ခဲ့ျပီး ျပန္ေကာင္းလာတယ္ ဒီရက္ပိုင္းမွာ အားကစားလုပ္ေနရင္း အသက္ရူၾကပ္ လာတယ္ ဆိုျပီး ေဆးရံုတင္ခဲ့ရတယ္ လို ့ မိသားစု၀င္တစ္ဦးက ထုတ္ေဖၚေျပာဆိုေႀကာင္းထုိင္းသတင္းေတြမွာေဖာ္ျပပါတယ္ ။
Credit PPTV 36
SAW
ထိုင်းထီ ၁၅ စောင်တွဲ ပေါက်ခဲ့သူ ရုတ်တရက် သေဆုံး
၂၀-၁၁-၂၀၂၀
၂၀၁၈ ခုနှစ်က ထိုင်း ပထမဆု 149840 ၁၄၉ ၈၄၀ နံပါတ် ၁၅ စောင်တွဲ ပေါက်ခဲ့တဲ့ ဥဒေါင်ဌာနီ ခရိုင်က နိုင် စုန်ဖန် စူရမ်ကို Somparn Suranakul အသက်(၄၀) ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့ညက ရုတ်တရက် သေဆုံးခဲ့ကြောင်းထိုင်းသတင်းမီဒီယာတွေမှာဖေါ်ပြနေပါတယ်။
ဘဝမှာ တဆစ်ချိုး အပြောင်းအလဲဖြစ်သွားခဲ့တဲ့ ဘတ်သန်း ၉၀ ထီသူဌေး စေရာသေး ( ပေးထားတဲ့ သူဌေးဘွဲ့) ဟာ ထီပေါက်ပြီး တနှစ်ကျော်မှာ လူမှုရေးဖေါက်ပြန်မှုတွေ ဖြစ်လာပြီလို့ သတင်းတွေထွက်ပြီး ဇနီး ကျေးအော် (၄၈) နှစ်နဲ့ တရားဝင် ကွာရှင်းခဲ့တာ လပိုင်းသာရှိပါသေးတယ်။
ဇနီးဖြစ်တဲ့ Wanlee Panyasai ဝမ်လီပန်ယာစိုင် (ကျေးအော်) အသက်၄၈နှစ်ဟာ အိမ်ထောင်များသူလို့ နံမည်ကြီးခဲ့သူဖြစ်ပြီး ပထမဆုံး ယောက်ကျား ဥရောပ သား (သေဆုံး)ထံကနေ အမွေသန်း ပေါင်းများစွား ရပြီးထားသူဖြစ်ပါတယ်။
ယခုသေဆုံးသူ ခင်ပွန်းနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်လာပြီး နှစ်ဦးသဘောတူ ပြတ်စဲ လိုက်တဲ့အခါ ခင်ပွန်းကို ဘတ်ငွေသန်း(၅၀) ပေး ကွာရှင်းလိုက်ပြီလို့ သူကိုယ်တိုင် ကြေငြာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သေဆုံးသူအမျိုးသားဟာမိနစ်သုံးဆယ်ကြာ live လွှင့်ပြီး သန်းကြွယ်သူဌေးဘဝနဲ့ ဘယ်လိုနေထိုင်နေတယ်ဆိုတာ ပိုစ့်တင်ခဲ့ပြီးစိန်တွေဝယ်နေတဲ့ရုပ်သံကိုပါပြသခဲ့တာပါ အဲဒီနောက် သူနဲ့ တွဲနေတဲ့ အမျိုးသမီး (၄) ယောက်ရှိနေတယ် တရားဝင် ယူဘို့တော့ မစဉ်းစားသေးဘူးလို့ ထုတ်ပြောနေတာလည်း တွေ ့ရပါတယ်။
ဘာကြောင့် သေဆုံးရတယ်ဆိုတာနဲ့ ပါတ်သက်ပြီး ဥဒေါင် ဌာနီဆေးရုံက တရားဝင်ထုတ်ပြန်တာမတွေ့ရသေးပေမယ့် သေဆုံးသူ ဟာ မကြာသေးခင် တစ်ကြိမ်ဖျားနာနေကောင်းဖြစ်ခဲ့ပြီး ပြန်ကောင်းလာတယ် ဒီရက်ပိုင်းမှာ အားကစားလုပ်နေရင်း အသက်ရူကြပ် လာတယ် ဆိုပြီး ဆေးရုံတင်ခဲ့ရတယ် လို့ မိသားစုဝင်တစ်ဦးက ထုတ်ဖေါ်ပြောဆိုကြောင်းထိုင်းသတင်းတွေမှာဖော်ပြပါတယ် ။
Credit PPTV 36
SAW