Cele new myanmar

ဒါရိုက်တာ လူမင်း ရိုက်ကူးထားတဲ့ နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးက နိုင်ငံတကာဆု (၅) ဆုထပ်မံရရှိ

အိန္ဒိယနိုင်ငံ ကလကတ္တားမြို့မှာ ကျင်းပခဲ့တဲ့ (၄၅) ကြိမ်မြောက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဖြစ်တဲ့Calcutta International cult Film Festival (CICFF) (၂၀၂၀) ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဒါရိုက်တာလူမင်း ရိုက်ကူးခဲ့တဲ့ ” နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီး ” က နိုင်ငံတကာ ဇာတ်ကားဆု (၅) ဆုကို ထပ်မံဆွတ်ခူး ရရှိခဲ့တာ ဖြစ်တယ်လို့ အကယ်ဒမီ ဒါရိုက်တာလူမင်း ကပြောပါတယ် ။

“အခုက ဒုတိယ အကြိမ်ရတာပေါ့ ပထမအကြိမ်ကတော့ ဘူတန်မှာကျင်းပတဲ့ ပွဲတစ်ပွဲမှာ ဆု (၄) ဆုရပါတယ်။ အဲ့ဒါကနေ ခုဒုတိယအကြိမ်ကတော့ အန္ဒိယနိုင်ငံ ကလကတ္တားမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်တစ်ခုမှာ ဆု (၅) ဆုရတာပေါ့နော် ကျွန်တော်အတွက်ကတော့ နိုင်ငံတကာဆု ရရှိတာကဒါပထမဆုံး အကြိမ်ပါ ။

ဆုရတဲ့ အ ကြောင်းရင်က နို့ဘီလူးဇာတ်ကားကို ရိုက်ပြီးကတည်းကကျွန်တော်တို့ ဇာတ်ကားပေါ်မှာ အနုပညာအရ ယုံကြည်မှုလည်း ရှိတယ်ဆိုတော့ ထုတ်လုပ်သူက အင်္ဂလိပ်စာတန်းထိုးပြီးတော့ ပွဲတော် (၁၁)ခု ကိုပေးပို့ပြီး ယှဉ်ပြိုင်ထားတာ ဖြစ်ပါတယ် ။

ပွဲတော်နှစ်ခုကနေပြီးတော့ ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ နောက်ထပ်ပွဲတော်တွေကိုလည်း ပေးပို့ပြီး ယှဉ်ပြိုင်ထားဆဲဆိုတော့ ကံကောင်းရင်တော့လည်း နောက်ထပ် ဆုတွေလည်း ကျွန်တော်တို့ မျှော်မှန်း မျှော်လင့် နိုင်စရာလေးတွေလည်း ရှိပါတယ် ။

စရိုက် ကတည်းက Quality ရုပ်ရှင်ကားတစ်ကား ဖြစ်အောင် ရိုက်ကြမယ်ဆိုပြီး ထုတ်လုပ်သူနဲ့တိုင်ပင်ပြီး ကျွန်တော်တို့ ရိုက်ခဲ့ကြတာ ဖြစ်တဲ့အတွက် ခုပွဲတော်တွေ ပို့တဲ့အခါမှာ လည်းမျက်နှာပန်းလှလှနဲ့ ဆုတွေဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ လူမင်းက ပြောပါတယ် ။

“နို့ဘီလူး”ရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံတကာရုပ်ရှင်ပွဲတော်(၁၁) ခုကို ပေးပို့ ယှဉ်ပြိုင်ထားတာဖြစ်ပြီး ဘူတန်နိုင်ငံမှာ ထူးချွန်ဆု (၄) ဆုရရှိခဲ့တဲ့ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားက ထပ်မံ Calcutta International cult Film Festival မှာ ထူးချွန် (၅) ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ “နို့ဘီလူး” နဲ့ ဆုရရှိခဲ့တာ က ဘူတန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်နိုင်ငံရှိ သွားပြီ ဖြစ်တယ်လို့ သိရပါတယ် ။

“ နို့ဘီလူး ” ရုပ်ရှင်ဇာတ်ကားက မိဘမေတ္တာကို ဖော်ကြူးထားတဲ့ ဇာတ်ကား တစ်ကားဖြစ်သလို ဟိုးရှေးရိုးအစဉ် အလာကတည်းက အစွဲအလမ်းရှိကြတဲ့ ကျေးလက်ဒေသတွေမှာ ရှိနေခဲ့တဲ့ အကြောင်းအရာတွေကို အခြေခံပြီး ဇာတ်အိမ်တည်ကာ ရိုက်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာ့ရုပ်ရှင်ကား တစ်ကားအနေနဲ့ ပွဲတော်တွေမှာ ဆုရတယ်ဆိုတာက ဂုဏ်သိက္ခာ ဆုတစ်ဆုဖြစ်တာကြောင့် တကယ့်နိုင်ငံတကာ ဈေးကွက်ကြီးထိ ရောက်နိုင်ဖို့က နိုင်ငံတကာပွဲတော်တွေမှာ ဇာတ်ကားတွေ ပါဝင်ပြသနိုင်ဖို့ လိုတယ်လို့ လူမင်းက ထပ်မံပြောခဲ့ပါတယ် ။

“ ကိုယ့်ရိုက်ထားတဲ့ ရုပ်ရှင်ကားကို အနုပညာအရ ယုံကြည်တယ်ဆိုရင် ဒီလိုပွဲတော်တွေကိုတော့ ပေးပို့စေချင်တယ်။ ဘာလို့လဲဆိုတော့ စီးပွားရေး ဈေးကွက်ကြီးအရ မြန်မာရုပ်ရှင်ဇာတ်ကားက နိုင်ငံတကာ ဈေးကွက်ကြီးကို

ထိုးဖောက်မှုမဖြစ်နိုင်သည့်တိုင်တောင် မြန်မာရုပ်ရှင်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်း ဘာပညာအသိုင်းအဝိုင်းအစရှိသဖြင့် ကိုယ့်တိုင်းပြည် မဟုတ်တဲ့ ပြည်ပနိုင်ငံတွေက စိတ်ဝင်စား မှုကို ရရှိနိုင်ပါတယ် ။

တစ်ချို့ကားတွေဆိုလည်း ကောင်းပါတယ် ။ ဒါမဲ့ ပြိုင်ပွဲတွေပေးပို့ တာတွေ ဘာတွေမရှိပဲ ပြည်တွင်းမှာပဲ ဆုံးသွားတယ်ပေါ့နော် ။ အဲ့လိုထုတ်လုပ်သူတွေ ဒါရိုက်တာတွေကိုလည်း ပြင်ပလို အတွေ့ အကြုံတွေ ရရှိအောင်

ဒီလိုပွဲတော်တွေ ယှဉ်ပြိုင်မှုမျိုးကို လုပ်စေချင်ပါတယ်။ ကိုယ်ကြိုးစားမှုတစ်ခု အားထုတ်မှုတစ်ခုကို ပြည်တွင်းမှာပဲ မတင်းတိမ်ပဲနဲ့ တက်နိုင်သမျှ ခြေတံလက်တံတွေကို ဆွဲဆန့်ပြီးတော့ အမြင်ကျယ်ကျယ်နဲ့ ကြိုးစားတက်လှမ်း စေချင်ပါတယ်လို့ ” လူမင်း ကပြောပါတယ်။

Best Narrative Feature Outstanding Achievement Award Winner – The Milk Ogre (နို့ဘီလူးရုပ်ရှင်) ဇာတ်ကားဆု ၊ Best Director Winner ဆုရှင် လူမင်း ၊ Best Actor Outstanding Achievement Award Winner ဆုရှင် လူမင်း ၊ Best Supporting Actress Outstanding Achievement Award Winner ဆုရှင် ရွှေမှုံရတီ နဲ့

Best Producer Winner ဆုကို Dr.ကျော်ကျော်ဦး (Aung Thiri Film Production) တို့က အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု ၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု နဲ့ထုတ်လုပ်သူဆု ဆိုပြီး ဆု (၅) ဆုကို အသီးသီးရရှိခဲ့တာ ဖြစ်ပါတယ်။

(၂၀၂၁) ဇန်နဝါရီလမှာလည်း ကလကတ္တားမှာ ကျင်းပပြုလုပ်မယ့် Golden Fox Awards ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအတွက် ဆန်ကာတင် Nominees အနေနဲ့ ရွေးချယ်ဖိတ်ကြားခံခဲ့ရတယ်လို့ လည်းသိရပါတယ်။

RELATED POSTS