Covid 19 myanmar

ပိုးတွေ့လူနာတွေ ပို့ရတဲ့အထဲ ရင်ထဲအထိဆုံး မြင်ကွင်းလေးပါဘဲ Fighting သမီးလေးရေ




ယူနီကုဒ်ဖြင့်ဖတ်ရန်

၃ နှစ်သမီးလေး ပိုးတွေ့လို့ လွှဲပြောင်းဆေးရုံကို ပို့တော့ တည်တည်ငြိမ်ငြိမ်လေး ကားပေါ်တက် လိုက်လာတာလေး မြင်ရတော့ ကိုယ်တွေရင်ထဲ မကောင်းချက် မိဘတွေနဲ့

တကွဲစီ သွားနေရမယ်ဆိုတော့ နောက်ကနေ လိုက်ပို့ပေးတဲ့ အမေရဲ့ အားပေးသံ “ဆေးရုံရောက်ရင် မေမေ့ကို VC ခေါ်နော် သမီးလေး” တဲ့ တည်ငြိမ်တဲ့ သမီးငယ်လေး

ကိုယ့်အထုတ်လေး ကိုယ်ဆွဲပီး ခေါင်းလေးငြိမ့်ပြပြီး ကားပေါ်တက် လိုက်ခဲ့ရှာတယ် Fighting သမီးလေးရေ ဦးတို့ အားပေးနေတယ် အမြန်ဆုံး ပျောက်ကင်းပါစေကွယ်။