News

ဂိမ်းဆော့ရင်း ရည်စားဖြစ်သွားတဲ့ ကောင်မလေးနဲ့တွေ့ဖို့ မြစ်ကြီးနားကနေ တာချီလိတ်ထိသွားတဲ့ ၁၄ နှစ် သားလေးအဖြစ်







အနှိပ်ခန်းများတွင်ရှာဖွေစေခြင်းများ၊ဦးရွှေဝင်း၊ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်နှင့်အမန်တရားသတင်းဂျာနယ်မှုခင်းSHMediaသတင်းအဖွဲ့တာဝန်ခံအဖွဲ့နှင့်ချိတ်ဆက်၍ပူးပေါင်းရှာဖွေခြင်းများ၊အမာခံသတင်းပေးများ၊ပျောက်ဆုံးသူမောင်ဒယ်နီယယ်ဝင်း၏မိဘများနှင့်အတူရှာဖွေစုံစမ်းခြင်းများကို ပြုလုပ်ကြစဉ်







Unicode

ရည်းစားကိုတွေ့ရန်မြစ်ကြီးနားကတာချီလိတ်သို့လာရောက်သူကိုရဲတပ်ဖွဲ့နင့်S.Hသတင်းအေဂျင်စီ၊သတင်းထောက်ဦးရွှေဝင်းတို့ကရှာဖွေကာမိဘထံပြန်အပ်ပေးအမှုဖြစ်စဉ်မှာ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ဒူကတောင်ရပ်ကွက်၊ဆိမ်ဆလမ်း၊အိမ်အမှတ်(၃၄၇)နေမောင်ဒယ်နီယယ်ဝင်း(၁၄နှစ်၉)လသည်၂၀.၆.၂၀၂၀ရက်နေ့တွင်တစ်ရပ်ကွက်တည်းနေသူငယ်ချင်းဖြစ်သူဂွမ်မြအောင်၏နေအိမ်သို့ဆိုင်ကယ်နှင့်ထွက်ခွာသွားရာမှပြန်လည်ရောက်ရှိလာခြင်းမရှိ၍သွားရောက်မေးမြန်းစုံစမ်းရာ

ဂွမ်မြအောင်၏မိခင်မှနေအိမ်တွင်ဆိုင်ကယ်အားခေတ္တအပ်နှံထားမည်ဟုပြောဆိုပြီးမည်သည့်နေရာသို့သွားမည်ကိုပြောဆိုသွားခြင်းမရှိပဲထွက်ခွာသွားကြောင်းပြောပြသိရှိရသဖြင့်မြစ်ကြီးနားမြိုမရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ရာမြစ်ကြီးနားရဲစခန်းလူပျောက်အမှတ်စဉ်(၂/၂၀၂၀)ဖြင့်ရေးဖွင့်ကာသွားလာတတ်သောနေရာများ၊

မိတ်ဆွေတစ်ချို့ကိုစုံစမ်းခဲ့ရာမှတာချီလိတ်မြို့သို့သွားရောက်နိုင်ကြောင်းသိရှိရသောကြောင့်တာချီလိတ်မြို့မရဲစခန်းသို့ကူညီစုံစမ်းရှာဖွေပေးရန်အကြောင်းကြားလာခဲ့ရာ

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့စိပ်မှုခင်းကမြို့ဝင်/ထွက်၊မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတာဝန်ကျ တပ်ဖွဲ့ဝင်များကိုတာချီလိတ်မြိုသို့ဝင်ရောက်လာသည့်မော်တော်ယာဉ်များအားစစ်ဆေးရှာဖွေခြင်း၊မော်တော်ယာဉ်စာရင်းများတွင်ရှာဖွေေ

စခြင်း၊ကမ္ဘာလှည့်ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်၍ တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်၊မိုတယ်၊တည်းခိုခန်းများ၏ဧည့်စာရင်းတိုင်ကြားမှုစာရင်းများအားစစ်ဆေးခြင်း၊ တာချီလိတ်မြို့ဂေါက်ကွင်းရှိကယ်ရီသမားများထံစုံစမ်းမေးမြန်းခြင်း၊

အနှိပ်ခန်းများတွင်ရှာဖွေစေခြင်းများ၊ဦးရွှေဝင်း၊ရုှထောင့်မုှခင်းနှင့်သတင်းဂျာနယ်နှင့်အမန်တရားသတင်းဂျာနယ်မှုခင်းSHMediaသတင်းအဖွဲ့တာဝန်ခံအဖွဲ့နှင့်ချိတ်ဆက်၍ပူးပေါင်းရှာဖွေခြင်းများ၊အမာခံသတင်းပေးများ၊ပျောက်ဆုံးသူမောင်ဒယ်နီယယ်ဝင်း၏မိဘများနှင့်အတူရှာဖွေစုံစမ်းခြင်းများကို ပြုလုပ်ကြစဉ်

၃၀-၆-၂၀၂၀ ရက်ည၈နာရီ၃၀မိနစ်အချိန် တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိPupgဂိမ်းကစားစဉ်ခင်မင်ရင်းနှီးသူသူငယ်ချင်းမအားမီနှင့်အတူရှိ နေကြောင်းသိရှိရသဖြင့်၎င်း၏မိဘများ၊ဦးရွှေဝင်းမှုခင်းSHMedia သတင်းထောက်အဖွဲ့တို့နှင့်အတူသွားရောက်ရှာဖွေခဲ့ရာမအားမီအားမတွေ့ရှိသဖြင့်

ဆက်လက်စုံစမ်းခဲ့ရာဂေါက်ကွင်းအနီးအနှိပ်ခန်းတစ်ခုတွင်သွားရောက်လုပ်ကိုင်ခြင်းနှင့်မောင်ဒယ်နီယယ်ဝင်းလည်းလိုက်ပါသွားကြောင်းသိရှိရသဖြင့်သွားရောက်ရှာဖွေတွေ့ရှိပြီး၎င်းတို့နှစ်ဦးအားလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှူးရုံးသို့ခေါ်ဆောင်မေးမြန်းခဲ့ရာ မောင်ဒယ်နီယယ်ဝင်းက၎င်းသည်လွန်ခဲ့သော (၈ ။)လခန့်ကမအားမီအားPupgဂိမ်းကစားရာမှခင်မင်ရင်းနှီးခဲ့ပြီး

BiBiLayFacebookAccountဖြင့်ဆက်သွယ်မှုပြုလုပ်ခဲ့ပြီးလူငယ်သဘာဝချစ်ကြိုက်ပြောကြားရာခဲ့ကြောင်း၊မောင်ဒယ်နီယယ်ဝင်းမှမအားမီအားလူချင်းတွေ့ဆုံလိုကြောင်းမအားမီမှတာချီလိတ်တွင်နေထိုင်ကြောင်းလာရောက်လိုကမန္တလေးမှတဆင့်မော်တော်ယာဉ်ဖြင့်လာရောက်နိုင်ကြောင်းသိရသဖြင့်၂၀.၆.၂၀၂၀ရက်နေ့က၊သူငယ်ချင်းအိမ်သို့သွားရောက်မည်ဟုပြောကာ

မြစ်ကြီးနားမှမန္တလေး၊ မန္တလေးမှချမ်းသာအောင်အမြန်ယာဉ်ငယ်ဖြင့်တာချီလိတ်မြို့သို့ထွက်ခွာလာခဲ့ရာ၂၅-၆-၂၀၂၀ရက်နေ့တွင်ရောက်ရှိခဲ့ပြီး မအားမီနှင့် သူငယ်ချင်း နေထိုင်သော တိုက်ခန်းသို့ လိုက်ပါနေထိုင်ခဲ့ကြောင်း၊၃၀-၆-၂၀၂၀ရက်ည၈နာရီအချိန်ခန့်တွင် မအားမီနှင့်အတူ ၎င်းလုပ်ကိုင်သည့်အနှိပ်ခန်းသို့ အတူလိုက်ပါသွားစဉ်

မိဘများနှင့်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်ရုံးသို့မောင်ဒယ်နီယယ်ဝင်းနှင့်မအားမီတို့ရောက်ရှိလာပြီးတာဝန်ရှိသူတို့ခေါ်ယူစစ်မေးခံခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုချက်အရ၁.၇.၂၀၂၀ရက်နံနက်၁၀ နာရီ၃၀မိနစ်အချိန်မောင်ဒယ်နီယယ်ဝင်းကိုမိဘရပ်ထံပြန်လည်အပ်နှံကာမွန်းတည့်၁၂နာရီအချိန်တွင်ကမ္ဘောဇလေကြောင်းလိုင်း(တာချီလိတ်မန္တလေး)လေယာဉ်နှင့်မန္တလေးမြို့သို့ ပြန်သွားပြီဖြစ်ကြောင်း သိရှိရသည်။

ရွှေဝင်း(တာချီလိတ်)S.Hခရက်ဒစ်