News

“ကရိန်းကားကြီးနဲ့ လာပြီး 315 KVA ထရန်ဖော်မာကြီးကို ဖြုတ်ခိုးသူတွေကို အရေးယူပြီ”






www.moha.gov.mm

——————————————————–

ကော့မှူးမြို့နယ်၌ 315 KVA ထရန်စဖော်မာ ခိုးယူသူများအား အရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့က 315 KVA ထရန်စဖော်မာ ခိုးယူသူများအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်နေ ဦးသူရရဲစိုး(၂၅)နှစ် Supervisor (Crystal Diamond ကုမ္မဏီ)သည် နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန်က ကော့မှူးမြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ ကုမ္မဏီပိုင် ဝါးခြံအတွင်း တပ်ဆင်ထားသည့် 315 KVA ထရန်စဖော်မာ (တန်ဖိုးကျပ် ၂၅၀ သိန်းခန့်)အား လူတစ်စုမှ လာရောက်ခိုးယူနေကြောင်း သိရှိရသောကြောင့် သွားရော

က်ကြည့်ရှု့ခဲ့ရာ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ကျော်မင်းဦး(၃၀)နှစ်ပါ ၉ ဦး တို့သည် YGN 4G/xxxx FUSO ၁၂ ဘီး(ကရိန်းယာဉ်)ပါ မော်တော်ယာဉ်နှစ်စီးဖြင့် အဆိုပါ ထရန်စဖော်မာအား ခိုးယူရန် အဝင်မီးကြိုးများဖြတ်တောက်ခြင်း၊ အထိုင်နတ်များအား ဖြုတ်ထား ခြင်းတို့ကို

ပြုလုပ်နေသည်ကို တွေ့ရှိရသောကြောင့် ကျော်မင်းဦးပါ(၅)ဦး(ဖမ်းမိ)နှင့် ထွက်ပြေးတိမ်းရှောင်နေသူ အပုလေးပါ ၄ ဦး ပေါင်း ၉ ဦးတို့အား အရေးယူပေးရန် တိုင်တန်းချက်အရ ကျိုက်ထော်နယ်မြေရဲစခန်း(ပ)၆၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၁၁/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

www.moha.gov.mm