News

“ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းမှ ဝန်ထမ်း (၉ ) ဦးအပါအဝင် ကျောင်းသား (၅၀) ကျော် ကိုဗစ်ကူးစက်ခံရ”

ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်ရှိကျိုက်ဝိုင်း လူငယ် သင်တန်းကျောင်းမှ ဝန်ထမ်း ၉ ဦးအပါအဝင် ကျောင်းသား ၅၀ ကျော်တွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းမရမ်းကုန်းမြို့နယ်မဲဆန္ဒနယ် အမှတ်-၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်မိုးမိုးစုကြည်ကပြည်မြန်မာကိုပြောသည်။

“အဲဒီကျောင်းကဝန်ထမ်းအပါအဝင်လူယောက် ၁၀၀ ကျော်ကိုစစ်လိုက်တယ်၊၅၀ကျော်မှာ ပိုးတွေ့တယ်၊ရိုး မရိပ်သာကိုပို့ထားပေးပါတယ်၊ဒီနေ့မှာလည်း ကျန်တဲ့ကလေးတွေထပ်စစ်ဖို့လုပ်မှာပါ၊ ရောဂါပိုးပေါ်လာနိုင် တယ်၊အဲဒီကျောင်းမှာကဝန်ထမ်းနဲ့ကလေး ၂၀၀ကျော်ရှိတယ်၊

အားလုံးစစ်ပြီးလို့ကျန်တဲ့ကလေးတွေ ကိုတော့ အဲဒီကျောင်းမှာပဲကွာရန်တင်းထားမယ်၊ကျောင်းဝင်းကကျယ်တာကြောင့်ပါ။ဘာကြောင့်ပိုးတွေ့တာလဲဆိုတော့ ကျွန်မသုံးသပ်မိတာကဝန်ထမ်းအဝင်အထွက်ပါ။မနက်ရုံးတက်တယ်၊ညနေပြန်တယ်အိမ်ကိုလမ်းကနေရခဲ့ပြီကျောင်းမှာကူးစက်ခဲ့ပုံရတယ်”ဟု၎င်းကပြောသည်။

အဆိုပါကျောင်းတွင်နိုဝင်ဘာလ ၁၇ ရက်က ကလေးများ ဖျားနာခြင်း၊ နေမကောင်းဖြစ်ခြင်းများကြောင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်ရှိဝန်ထမ်းများနှင့် ကလေးငယ်များ အားလုံးကိုလည်း ကျန်းမာရေးစစ်ဆေးမှုများထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ကိုထွဋ်

ဓာတ်ပုံ-ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းfb