ပလက်ဝ စစ်ဘေးရှောင်တွေလား..
ဘူသီးတောင် မောင်းတောက ဒုက္ခသည်စခန်းလား…။
အင်းဒင် ..ဂူတာပြင်ရွာကလူတွေလား…?
မဟုတ်ပါဘူး။လုံးဝ လုံးဝမဟုတ်ပါ။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အစပ် ကလေးမြို့အထွက် ခိုင်ကမ်းCovid စစ်ဆေးရေးဂိတ်ဖြစ်ပါတယ်။ကျွဲလို နွားလို နဖါးကြိုးအထိုးခံရဖို့အရေးSeniorအကျော်အခွ မခံရဖို့အရေး..ညအိပ် တန်းစီပြီး စောင့်နေကြတာပါ။
သေချာသွားကြည့်ရင်ထမင်းထုပ်၊ ပါဆယ်ဘူး၊ ရေဘူးကိုယ်စီနဲ့ရယ်ပါ။Covidကြောင့် …ကုန်စီးဆင်းမှုအကုန်လုံနီးပါးး ရပ်တန့်သွားလို့
Ownerရော ကာသမားပါ …ယဉ်ယဉ်လေးနဲ့ ငတ်ပြတ်နေကြတာကြာပါပြီ ။
ယခုလမှ တခေါက်တလေ ရလိုရငြားထွက်ကြတာပါ။တစ်ခုခုလွဲနေပြီ ဆိုတာ သေချာပါပြီ။သက်ဆိုင်ရာ ဌါနမှလူကြီးမင်းများခင်ဗျာ..လူကြီးမင်းတို့ဘက်မှ အခက်အခဲပေါင်းစုံရှိနေမည်ဆိုတာ သေချာပါတယ်။
ဒါပေမဲ့ …လမ်းဘေးမှာ ခွေးလိုဝက်လို အိပ်ရလောက်တဲ့အဆင့် ရှိမည်မထင်ပါ။ဒီထက်ပိုကောင်းတဲ့ အစီအစဉ် ဆိုတာ လုံးဝမရှိနိုင်တော့ဘူးလား..?
အားလုံးအဆင်ပြေမည့် ရောဂါစစ်ဆေးရေးပုံစံတစ်ခု၊ စနစ်တစ်ခုမရှိနိုင်တော့ဘူးလား ..?နှာခေါင်းပေါက်တိုင်း လွတ်လပ်စွာ အသက်ရှူခွင့် ရကြပါစေ ….
မဏိပူရ်
18Nov’20 ( Wed )
Photo Credit ; KB Zaw Aung & …ZarniBo