? Pfizer ရဲ့ #ကိုဗစ်ကာကွယ်ဆေးဘယ်သူတွေအရင်ရမလဲ⁉️
Pfizer (ဖိုင်ဇာ) ကမကြာခင် အမေရိကန် FDA ကို အသိအမှတ်ပြု EUA #ရဖို့တင်တော့မယ်လို့ဆိုပါတယ်။
Pfizer ရဲ့ CEO ဖြစ်သူ Albert Bourla ရဲ့ မနေ့က နိုဝင်ဘာလ ၁၇ ရက်နေ့အပြောအရ မကြာခင်ကြေညာမယ်လို့ဆိုပါတယ်။
#ရက်ပိုင်းအတွင်းမှာဖြစ်မှာပါ။ အဲ့ဒါဆိုရင် အစောဆုံးနိုဝင်ဘာလကုန်နဲ့ နောက်အကျဆုံး ဒီဇင်ဘာလထဲမှာ FDA ကျလာနိုင်ဖွယ်ရှိပါတယ်။
အခုပြင်ထားတဲ့ FDA စည်းကမ်းချက်အသစ်အရ နောက်ဆုံးကာကွယ်ဆေးထိုးပြီး (၂ ) လအကြာ လူနာမှတ်တမ်းကိုပါထည့်သွင်းရတာမို့ #အန္တရာယ်ကင်းရှင်းမှုပိုရှိစေပါတယ်။
အခုလို FDA ကျလာတော့မယ်ဆိုတော့ Pfizer ရဲ့ကိုဗစ်ကာကွယ်ဆေးကို #ဘယ်သူတွေအရင်ရမလဲမေးလာနိုင်စရာရှိပါတယ်။
COVAX အစီအစဉ်နဲ့ နိုင်ငံတော်ရဲ့အစိုးရချင်းအစီအစဉ်အရ #ဘယ်လောက်ရမလဲမသိပါ။
▪️Pfizer ဟာကာကွယ်ဆေးကို ??ဘယ်ဂျီယံနိုင်ငံမှာ ထုတ်လုပ်နေပြီး ၂၀၂၀ အတွင်းမှာ ကာကွယ်ဆေးအလုံးရေ သန်း (၅၀) ထုတ်လုပ်ပြီးစီးပါလိမ့်မယ်။
အဲ့ဒီတော့ တစ်ယောက်ကို (၂) လုံး ၂၈ ရက်ခွာထိုးရမှာမို့ လူ (၂၅) သန်းအတွက်ပဲ ရပါလိမ့်မယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ ကာကွယ်ဆေးအလုံးရေ သန်း (၁၃၀၀) ထုတ်လုပ်မယ်လို့ဆိုပါတယ်။
? ကမ္ဘာ့လူဦးရေက သန်း (၇၈၀၀) ရှိပါတယ်။ နှစ်လုံးထိုးရတဲ့ကာကွယ်ဆေးဆိုရင် အလုံးရေ သန်း (၁၅၆၀၀) လိုပါတယ်။
အဲ့ဒီတော့ ၂၀၂၁ အတွင်းမှာ Pfizer အပြင်အခြားကာကွယ်ဆေး (၄) မျိုးလောက်ထပ်ရဖို့ လိုပါတယ်။
Moderna, Oxford/AstraZeneca, Johnson & Johnson, Novavax တို့လည်း ထွက်လာအုံးမှာပါ။
Moderna ရဲ့ CEO ကတော့ ဒီနေ့ပဲ ဥရောပက အမှာနှေးလို့ ပို့တာနှေးမယ်လို့ သတိပေးလိုက်ပါတယ်။
Clinical trials လူမှာစမ်းသပ်မှုတွေလုပ်တုန်းက အောင်မြင်မှာမအောင်မြင်မှာမသိသေးပဲ ငွေကြိုပေးထားတဲ့သူတွေ ဦးစားပေးရမှာပါ။
Moderna ရဲ့ #ကာကွယ်ဆေးတီထွင်ထုတ်လုပ်ဖို့ကြိုးပမ်းမှုမပါပဲ clinical trials စမ်းသပ်မှုစားရိတ်တင် အမေရိကန်ဒေါ်လာ သန်း (၁၀၀၀) ကျပါတယ်။
ကာကွယ်ဆေးထုတ်လုပ်မှုစားရိတ်လုံးဝမပါသေးပါ။
ဒါ့ကြောင့်နိုင်ငံလေးတွေက #ကိုယ်တိုင်ကာကွယ်ဆေးထုတ်ဖို့မလွယ်ဘူးလို့ပြောတာပါ။
ကဲ … Pfizer ရဲ့ကာကွယ်ဆေးကို ဘယ်သူတွေကြိုဝယ်ထားသလဲကြည့်ရအောင် …
?? အမေရိကန်
လူဦးရေ 328.2 သန်းရှိတယ်။
အကုန်ထိုးစရာမလိုဘူး။ ၆၀ – ၈၀ % အများဆုံးပဲထိုးဖို့လိုတယ်။
၇၀% ကိုထိုးမယ်ထား ကာကွယ်ဆေးအလုံးရေ သန်း ၄၅၀ လိုတယ်။
အမေရိကန်အစိုးရက ဒေါ်လာသန်း ၂၀၀၀ နီးပါးငွေထုတ်ပေးပြီး Pfizer ဆီကကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ကိုကြိုဝယ်ထားပါတယ်။
အလုံး ၅၀၀ ကိုလိုရင်ထပ်ဝယ်မယ်လို့လည်း option အနေနဲ့ထည့်စာချုပ်ချုပ်ထားပါတယ်။
ဒါပေမယ့်အမေရိကန်က Moderna ဆီက အလုံးရေ သန်း ၁၀၀ လည်းကြိုဝယ်ပြီးသားပါ။
Johnson & Johnson, Novavax, AstraZeneca, GlaxoSmithKline နဲ့ Sanofi တို့ဆီကလည်း ကြိုဝယ်ထားပါသေးတယ်။
Pfizer ကအမေရိကန်မှာ ကာကွယ်ဆေးစမ်းသပ်ဖြန့်ချီမှု pilot program တောင် စမ်းသပ်ကြည့်နေပြီ။
?? ယူကေနိုင်ငံ
ယူကေနိုင်ငံအစိုးရက Pfizer ဆီက အလုံးရေ သန်း ၄၀ ဝယ်ထားတယ်။
ယူကေနိုင်ငံက အင်္ဂလန်၊ စကော့တလန်၊ မြောက်ပိုင်းအိုင်ယာလန်၊ ဝေးပြည်နယ်တွေမှာ စုစုပေါင်း လူဦးရေ 66.65 သန်းရှိတယ်။
လူဦးရေရဲ့ ၇၀ % ကိုထိုးရင် အလုံးရေ ၉၃ သန်းလိုတယ်။
ယူကေက အနည်းဆုံးကာကွယ်ဆေးအလုံးရေ ၁၀ သန်းကို #နောက်လမကုန်ခင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောထားတယ်။
ယူကေက Pfizer က စာရွက်စာတမ်းတင်တာနဲ့ ရက်ပိုင်းအတွင်းကို ခွင့်ပြုမိန့်ချပေးမှာ။
ဒါကြောင့် #ဒီဇင်ဘာလဆန်းမှာကာကွယ်ဆေးစထိုးပေးတော့မယ်လို့အသံထွက်နေတယ်။
ယူကေက Pfizer အပြင်အခြား ၆ မျိုးကို စုစုပေါင်း အလုံးရေ သန်း ၃၄၀ တောင်ကြိုဝယ်ထားတာ။
ဒီ့အပြင် Oxford/AstraZeneca ဆီက အလုံးရေ သန်း ၁၀၀ မှာပြီးသား။
ပြန်ရောင်းရင်တောင်ထောလောက်တယ်။
?? ဂျပန်နိုင်ငံ
ဂျပန်က Pfizer ဆီက အလုံးရေ သန်း ၁၂၀ ဝယ်ထားတယ်။
အဲ့ဒီသန်း ၁၂၀ က ၂၀၂၁ ခုနှစ် ဇွန်လမကုန်ခင်အပြီးပို့ပေးရမှာ။
ကာကွယ်ဆေးကဝယ်ရုံတင်မဟုတ်ဘူး။ #ဘယ်တော့အပြီးပို့ပေးမလဲကလည်းအရေးကြီးသေးတယ်။
ဂျပန်က Oxford/AstraZeneca ဆီက အလုံးရေ သန်း ၁၂၀ မှာထားပြီး သန်း ၃၀ က မတ်လအပြီးပို့ပေးရမှာ။
?? ဥရောပသမဂ္ဂနိုင်ငံများ
ဥရောပသမဂ္ဂက Pfizer ဆီက ကာကွယ်ဆေး အလုံးပေါင်း သန်း၃၀၀ ဝယ်ထားတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံစာစုဝယ်ယူထားတာ။ ကိုယ့်ဘာသာကိုယ်လည်း ဝယ်ထားကြလိမ့်မယ်။
?? ဂျာမနီနိုင်ငံကျန်းမာရေးဝန်ကြီးရဲ့ တနင်္လာနေ့ကအပြောအရ ဥရောပနိုင်ငံတွေဟာ ၂၀၂၁ စတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ high-risk groups တွေကို အရင်ဆုံးစထိုးပေးမယ်တဲ့။
?? အီတလီက ပထမဆုံးအလုံး သန်း ၂၀၀ ထဲက 13.6% ကိုရလိမ့်မယ်။ ၂၇ သန်းကျော်ရမယ်ပေါ့။
ဥရောပသမဂ္ဂအနေနဲ့ AstraZeneca ဆီက
Oxford ကာကွယ်ဆေးကို အလုံး သန်း ၁၀၀ ဝယ်ယူဖို့သဘောတူထားတယ်။
ဥရောပနိုင်ငံတွေက Moderna ကနေ ဝယ်ဖို့လည်း ညှိနှိုင်းနေပါတယ်။
တစ်ခုရှိတာက အနောက်နိုင်ငံမှာက အစိုးရကအလကားထိုးပေးတာတောင် မထိုးမယ့် AntiVax ကာကွယ်ဆေးကိုအယုံအကြည်မရှိသောအုပ်စုကလည်းရှိပါတယ်။
အထက်ပါနိုင်ငံတွေကတော့ သတင်းတွေထွက်လာလို့သိရပါတယ်။
?? မြန်မာပြည်အတွက်ကျနော်တို့ လူဦးရေ 53.71 သန်းအားလုံးထိုးဖို့မလိုအပ်ပါ။
လူဦးရေရဲ့ ၇၀% ကိုထိုးမယ်ဆိုရင် အလုံးရေ ၇၅ သန်းလိုပါတယ်။
တစ်လုံးကို အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ ဈေးနဲ့ COVAX ကဆော်ဩသလို ဝယ်လို့ရနိုင်ခဲ့ရင် ဒေါ်လာ ၂၂၅ သန်းလောက်လိုပါတယ်။
ကျနော်တို့ COVAX အစီအစဉ်အရ ခွဲတမ်းဘယ်လောက်ရမလဲဆိုတာရယ်။ အစိုးရချင်းအစီအစဉ်နဲ့ ဘယ်လောက်ဝယ်ယူထားသလဲဆိုတာ မသိပါ။
?️? ခလုတ်အဆင်သင့်ဖြစ်ရင် သိရပါလိမ့်မယ်ခင်ဗျား။
Richard Myo Thant
18-November-2020