News

ကပ္ေရာဂါရဲ႕ ေဘးထြက္ဆိုးက်ိဳးမ်ား (ကိုဗစ္မဟုတ္တဲ့ ႐ိုး႐ိုးလူနာမ်ား ဒုကၡခံစားေနရပုံ)

ရန္ကုန္အေထြေထြေရာဂါကု ေဆး႐ုံႀကီးေဘး၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚ ပလက္ေဖာင္းတြင္ အိပ္စက္ၾကရသည့္ အနယ္နယ္အရပ္ရပ္မွ

ေဆး႐ုံတက္လာသူမ်ား၊ လူနာေစာင့္မ်ားကို နိုဝင္ဘာ ၁၇ ရက္၊ ည ၁၀ နာရီေက်ာ္က ေတြ႕ရျခင္းျဖစ္သည္။ နယ္ေဝးမွ ေရာက္လာသူ အခ်ိဳ႕လည္း

ကိုဗစ္ကာလ ကားလမ္းပိတ္၍ သြားလာေရးခက္ခဲမွုေၾကာင့္ ေနရပ္သို႔လည္း မျပန္နိုင္၊ ရန္ကုန္တြင္လည္း ေနထိုင္ရာေနရာအခက္အခဲမ်ားရွိသည္

ဟု ၎တို႔ထံမွ သိရွိရသည္။ ယခင္ရက္မ်ားက ေဆး႐ုံဝင္းအတြင္း ေလၽွာက္လမ္းမ်ားတြင္ အိပ္စက္ေသာ္လည္း ကိုဗစ္ကူးစက္မည္စိုး၍

ေဆး႐ုံလုံျခဳံေရးအဖြဲ႕က အျပင္သို႔ ထုတ္ထားျခင္းေၾကာင့္ ယင္းသို႔ လမ္းေဘးပလက္ေဖာင္းတြင္ အိပ္စက္ေနထိုင္ၾကရျခင္းျဖစ္သည္ဟုဆိုသည္။

အသက္ ၇၀ ခန္႔အရြယ္ ေဆး႐ုံလာျပသူ အဘြားတခ်ိဳ႕ပါ မိသားစုႏွင့္အတူ ပလက္ေဖာင္းတြင္ အိပ္စက္၊ ေနထိုင္ရသည္ကိုလည္း ေတြ႕ရွိခဲ့ရသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးဘေး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ် ပလက်ဖောင်းတွင် အိပ်စက်ကြရသည့် အနယ်နယ်အရပ်ရပ်မှ

ဆေးရုံတက်လာသူများ၊ လူနာစောင့်များကို နိုဝင်ဘာ ၁၇ ရက်၊ ည ၁၀ နာရီကျော်က တွေ့ရခြင်းဖြစ်သည်။ နယ်ဝေးမှ ရောက်လာသူ အချို့လည်း

ကိုဗစ်ကာလ ကားလမ်းပိတ်၍ သွားလာရေးခက်ခဲမှုကြောင့် နေရပ်သို့လည်း မပြန်နိုင်၊ ရန်ကုန်တွင်လည်း နေထိုင်ရာနေရာအခက်အခဲများရှိသည်

ဟု ၎င်းတို့ထံမှ သိရှိရသည်။ ယခင်ရက်များက ဆေးရုံဝင်းအတွင်း လျှောက်လမ်းများတွင် အိပ်စက်သော်လည်း ကိုဗစ်ကူးစက်မည်စိုး၍

ဆေးရုံလုံခြုံရေးအဖွဲ့က အပြင်သို့ ထုတ်ထားခြင်းကြောင့် ယင်းသို့ လမ်းဘေးပလက်ဖောင်းတွင် အိပ်စက်နေထိုင်ကြရခြင်းဖြစ်သည်ဟုဆိုသည်။

အသက် ၇၀ ခန့်အရွယ် ဆေးရုံလာပြသူ အဘွားတချို့ပါ မိသားစုနှင့်အတူ ပလက်ဖောင်းတွင် အိပ်စက်၊ နေထိုင်ရသည်ကိုလည်း တွေ့ရှိခဲ့ရသည်။