Covid 19 myanmar

ကိုဗစ်နဲ့ပတ်သတ်ပြီး နိုင်ငံတော်အစိုးရရဲ့ပေါ်လစီ ပြောင်းသွားပါပြီ။

အခုက ပိတ်ဆို့ထားတဲ့ပေါ်လစီမျိုး မဟုတ်တော့ပဲ စည်းစနစ်နဲ့ ဖွင့်ချပါတော့မယ်။မကြာခင်မှာ ၂ပတ် အိမ်မှာနေခိုင်းမယ်ရောဂါကူးစက်မှု စက်ဝန်းကို ရသလောက်ဖြတ်မယ်။ဒါပြီးတာနဲ့ ဖွင့်ချတော့မယ်။

စားသောက်ဆိုင်တွေ၊ ခရီးသွားလာမှုတွေ၊ဘာသာရေးဌာနတွေဖွင့်နိုင်သလောက် ဖွင့်ပေးတော့မယ်။ဒီအချိန်မှာ အရေးကြီးတာကကျနော်တို့တစ်ယောက်ချင်းရဲ့စည်းကမ်းလိုက်နာမှု ဖြစ်ပါတယ်။ဆင်ခြေတွေ နောက်မှ ပေးပါ။အရင်ဆုံးစည်းကမ်းလိုက်နာကြပါ။အစိုးရက အိမ်မှာနေဖို့ ပြောရင်ဘာအကြောင်းပြချက်ရှိရှိအိမ်မှာနေပေးကြပါ။

ထွက်လို့ ဖမ်းဖမ်း မဖမ်းဖမ်းဘယ်သူထွက်ထွက် မထွက်ထွက်ကိုယ်ကတော့ လိုက်နာပါ။ဒါက အားလုံးကောင်းဖို့ ခင်ဗျားကိုယ်တိုင်လဲ ကောင်းဖို့ဖြစ်ပါတယ်။Mask တပ်ဆို တပ်ပါ။

ဆေးစစ်ပြီးမှ ခရီးသွားဆိုဆေးစစ်ဖြစ်အောင် စစ်ပါ။ကျနော်တို့ရွေးတဲ့အစိုးရကို ကျနော်တို့ရပြီးနောက်မှာအစိုးရ ညွှန်တဲ့လမ်းကို တန်းတန်းမတ်မတ်လိုက်ဖို့လည်း လိုပါတယ်။ခေါင်းဆောင်က ဘယ်လောက်ကောင်းကောင်းနောက်လိုက်ကောင်းပါမှလည်းတိုင်းပြည်တစ်ပြည်က လိုရာပန်းတိုင်ရောက်နိုင်မှာ …

Thorn Nay Soe