Uncategorized

ေ႐ႊဂုံတိုင္ ဂံုးေက်ာ္တံတားေအာက္မွာဝင္ခိုေနတဲ့ ဘယ္ကမွန္းမသိတဲ့သူေတြ

၁၇.၁၁.၂၀၂၀ ရက္မွာ အဖြဲ႕စုံလင္စြာနဲ႔ ၿမိဳ႕နယ္အတြင္း စည္းကမ္းထိန္းရွင္းလင္းေရး လိုက္လုပ္ရာမွာ ဘယ္လိုမွ မထင္မွတ္ထားတဲ့ ေ႐ႊဂုံတိုင္ဂုံးတံတား ေအာက္မွာ တံတားထိန္းသိမ္းေရးလုပ္ငန္းမ်ားလုပ္ရန္

အလုံပိတ္ထားတဲ့ တံတားေအာက္အခန္းေတြထဲမွာ ဝင္ေရာက္ၿပီး စတဲခ်ေနထိုင္ေနၾကတဲ့လူမ်ားကို မထင္မွတ္ပဲစစ္ေဆးေတြ႕ရွိခဲ့ရတယ္။ ထိုကဲ့သို႔ ေတြရွိရပါသျဖင့္ စည္ပင္ဝန္ထမ္း ၂ ေယာက္ကို ကားေပၚမွာ

အသင့္ေဆာင္ထားတဲ့ လက္ႏွိပ္ဓါတ္မီးယူခိုင္းၿပီး ဝင္ေရာက္စစ္ေဆးေစခါ မွတ္တမ္းယူခိုင္းခဲ့ပါတယ္။ ထိုအတြင္းထဲတြင္ ေမြ႕ယာ၊ အက်ႌနဲ႔ အက်ႌတန္း၊ အရက္ပုလင္း၊ ဘီယာပုလင္း၊ ဖဲထုတ္ အစရွိသည္မ်ားကို

ေတြ႕ရွိခဲ့ရပါသည္။ ထိုသို႔ ေတြ႕ရွိရျခင္းေၾကာင့္ မလိုလားအပ္သူမ်ား ထပ္မံဝင္ေရာက္ျခင္းမွ တားဆီးႏိုင္ရန္အတြက္ အထဲသို႔ဝင္တဲ့ Man hole ကို ပိတ္ပစ္ရန္စီစဥ္ဘို႔ ၿမိဳ႕နယ္လမ္းတံတား တာဝန္ခံအင္ဂ်င္နီယာအား

ခ်က္ခ်င္းေခၚယူၿပီး၊ အေျခအေနကိုျပခါ၊ သက္ဆိုင္ရာမ်ားသို႔ အဆင့္ဆင့္ သတင္းပို႔ၿပီး ဆက္လက္လုပ္ေဆာင္ရန္ၫႊန္ၾကားခဲ့ပါတယ္။ က်ေနာ့္အေနျဖင့္ ယခုအျဖစ္အပ်က္ကိုနမူနာယူၿပီး သတိေပးလိုသည္မွာ

အျခားၿမိဳ႕နယ္အသီးသီးတြင္ရွိသည့္ ဂုံးေက်ာ္တံတားမ်ားတြင္လည္း၊ အလွ်င္အျမန္ စစ္ေဆးရန္ လိုအပ္ေနၿပီျဖစ္ပါေၾကာင္းေျပာပါရေစ။

ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဗဟန္းၿမိဳ႕နယ္ ရန္ကုန္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

၁၇.၁၁.၂၀၂၀ ရက်မှာ အဖွဲ့စုံလင်စွာနဲ့ မြို့နယ်အတွင်း စည်းကမ်းထိန်းရှင်းလင်းရေး လိုက်လုပ်ရာမှာ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ရွှေဂုံတိုင်ဂုံးတံတား အောက်မှာ တံတားထိန်းသိမ်းရေးလုပ်ငန်းများလုပ်ရန်

အလုံပိတ်ထားတဲ့ တံတားအောက်အခန်းတွေထဲမှာ ဝင်ရောက်ပြီး စတဲချနေထိုင်နေကြတဲ့လူများကို မထင်မှတ်ပဲစစ်ဆေးတွေ့ရှိခဲ့ရတယ်။ ထိုကဲ့သို့ တွေရှိရပါသဖြင့် စည်ပင်ဝန်ထမ်း ၂ ယောက်ကို ကားပေါ်မှာ

အသင့်ဆောင်ထားတဲ့ လက်နှိပ်ဓါတ်မီးယူခိုင်းပြီး ဝင်ရောက်စစ်ဆေးစေခါ မှတ်တမ်းယူခိုင်းခဲ့ပါတယ်။ ထိုအတွင်းထဲတွင် မွေ့ယာ၊ အင်္ကျီနဲ့ အင်္ကျီတန်း၊ အရက်ပုလင်း၊ ဘီယာပုလင်း၊ ဖဲထုတ် အစရှိသည်များကို

တွေ့ရှိခဲ့ရပါသည်။ ထိုသို့ တွေ့ရှိရခြင်းကြောင့် မလိုလားအပ်သူများ ထပ်မံဝင်ရောက်ခြင်းမှ တားဆီးနိုင်ရန်အတွက် အထဲသို့ဝင်တဲ့ Man hole ကို ပိတ်ပစ်ရန်စီစဉ်ဘို့ မြို့နယ်လမ်းတံတား တာဝန်ခံအင်ဂျင်နီယာအား

ချက်ချင်းခေါ်ယူပြီး၊ အခြေအနေကိုပြခါ၊ သက်ဆိုင်ရာများသို့ အဆင့်ဆင့် သတင်းပို့ပြီး ဆက်လက်လုပ်ဆောင်ရန်ညွှန်ကြားခဲ့ပါတယ်။ ကျနော့်အနေဖြင့် ယခုအဖြစ်အပျက်ကိုနမူနာယူပြီး သတိပေးလိုသည်မှာ

အခြားမြို့နယ်အသီးသီးတွင်ရှိသည့် ဂုံးကျော်တံတားများတွင်လည်း၊ အလျှင်အမြန် စစ်ဆေးရန် လိုအပ်နေပြီဖြစ်ပါကြောင်းပြောပါရစေ။

မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဗဟန်းမြို့နယ် ရန်ကုန်။