News

အိမ်ပေါ် ဥက္ကာခဲ ပြုတ်ကျလို့ နေရင်းထိုင်ရင်း သန်းကြွယ်သူဌေး ဖြစ်သွားသူ

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမာတြားပြည်နယ်မြောက်ပိုင်း၊ ကိုလန်မြို့မှ လူတစ်ဦးသည် နှစ်သက်တမ်းပေါင်း ၄.၅ ဘီလီယံရှိ ဥက္ကာခဲ ကို အမေရိကန်ဒေါ်လာ ၂.၅ သန်း (ပေါင် ၁.၄ သန်း) ဖြင့် ရောင်းချနိုင်ခဲ့ပြီးနောက် ဆင်းရဲနွမ်းပါးသူအဖြစ်မှ ရုတ်တရက်ချမ်းသာကြွယ်ဝသွားခဲ့ကြောင်း နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြကြသည်။

အသက် ၃၃ နှစ်ရှိ ဂျိုရူအာ ဟူတာဂလန် အမည်ရှိ သူသည် ၎င်း၏ နေအိမ် အရှေ့ခေါင်မိုးကို ဖောက်ထွက်ကာ ခြံဝန်းအတွင်းသို့ကျရောက်လာသည့် အာကာသအတွင်းမှ ဥက္ကာပျံအခဲကို ရောင်းချနိုင်ခဲ့ရာမှ ကြွယ်ဝသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥက္ကာခဲမှာ အလေးချိန် ၂.၅ ကီလိုဂရမ် (၅.၅၁ ပေါင်) ရှိပြီး ဘောလုံးငယ်အရွယ်အစားခန့်ရှိသည်။ ယခု ၂၀၂၀ သြဂုတ်လအတွင်းက ဂျိုရူအာ ဟူတာဂလန်၏ နေအိမ် ခြံဝန်းအတွင်းသို့ကျလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါဥက္ကာခဲ ကျရောက်ခဲ့ချိန် ကနဦးကမူ မည်သည့်အရာများဖြစ်ပွားခဲ့သည်ကို ဂျိုရူအာ ဟူတာဂလန်က မသိခဲ့ပေ။ “အဲဒါကြီး ကျလာတုန်းက အသံက အကျယ်ကြီးပဲ။ အိမ်ရဲ့တချို့ နေရာတွေတောင် ရမ်းထွက်သွားတယ်။ ဘာဖြစ်တာလည်းဆိုပြီး ကျွန်တော်လိုက်ရှာတော့ ခေါင်မိုးက ပေါက်ထွက်နေတာကို သွားတွေ့တယ်။ နောက်ပြီး မြေကြီးထဲကို ၁၅ စင်တီမီတာလောက် နစ်ဝင်နေတဲ့ ကျောက်တုံးကို သွားတွေ့တယ်”ဟု ဂျိုရူအာဟူတာဂလန်က ဆိုသည်။

အဆိုပါကျောက်တုံးကို မြင်တွေ့လိုက်ချိန်မှာပင် အများတကာ ပြောလေ့ရှိကြသည့် ဥက္ကာခဲဖြစ်နိုင်သည် ဟု သံသယဝင်မိခဲ့သည် ဟုလည်း ဂျိုရူအာ ဟူတာဂလန်က ဆိုသည်။ ထိုကဲ့သို့ထင်မြင်မိခြင်းမှာ ထိုသို့ ကျောက်တုံးမျိုးကို တစ်စုံတစ်ဦးက အပေါ်မှလွတ်ချရန် သို့မဟုတ် ပစ်ပေါက်ရန် မဖြစ်နိုင်ခြင်းကြောင့်ဟု လည်း ဂျိုရူအာဟူတာဂလန်က ဆိုခဲ့သည်။

အဆိုပါကျောက်တုံးကို မြေကြီးထဲမှ တူးထုတ်လိုက် ချိန်တွင် ပူနွေးနေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။ “အဲ့ဒိ ကျောက်တုံးကို ကျွန်တော်တူးပြီး မ, ယူလိုက် တော့ ပူနွေးနေဆဲပဲဗျ။ နောက်တော့ ကျွန်တော် အိမ် ထဲကို ယူလာခဲ့တယ်” ဟု ဂျိုရူအာဟူတာဂလန်က ဆိုသည်။

ဂျိုရူအာဟူတာဂလန်နေထိုင်ရာဒေသအတွင်းမှ လူများသည်လည်း ကျယ်လောင်သည့် အသံကို ကြားလိုက်ရခြင်း၊ ၎င်းတို့၏ နေအိမ်များလည်း လှုပ်ရမ်းသွားသည့်အတွက် မည်သည့်အရာများဖြစ်သည်ကို စုံစမ်းခဲ့ပြီးနောက် ဂျိုရူအာဟူတာဂလန်၏ နေအိမ်ပေါ်သို့ဥက္ကာခဲ ကျရောက်လာခြင်းကို သိရှိသွားခဲ့သည်။ အဆိုပါရှားပါးသည့်အရာကို မြင်တွေ့ခွင့်ရရန် ဂျိုရူအာ ဟူတာဂလန်၏ နေအိမ်သို့ရောက်ရှိလာခဲ့ကြသည်။

“စူးစမ်းလိုတဲ့သူတွေအများကြီး အိမ်ကို ရောက်လာခဲ့ ကြတယ်” ဟု ဂျိုရူအာဟူတာဂလန်က ဆိုသည်။ အဆိုပါသတင်းမှာ ဒေသအတွင်း ပြန့်နှံ့သွားခဲ့ပြီး နောက် ဂျိုရူအာဟူတာဂလန်ထံမှ ဥက္ကာခဲကို ဘာလီကျွန်းအခြေစိုက်သည့် အမေရိကန်နိုငံသား ဥက္ကာပျံ အခဲကျွမ်းကျင်စုဆောင်းသူ ဂျာရတ်ကောလင်းစ်က ပွဲစားတစ်ဦးအဖြစ် ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ရဲ့ ဖုန်းက တဂွမ်ဂွမ်မြည်နေတယ်။ အဲ့ဒိ ဥက္ကာခဲကို အရဝယ်နိုင်ဖို့၊ လေယာဉ်တစ်စီးနဲ့အမြန် သွားဖို့၊ ကမ်းလှမ်းပြောဆိုတဲ့ ဖုန်းတွေပါ။ အဲ့ဒိအချိန် ကလည်း ကိုဗစ်ကာလအလယ်ကြီးအတွင်းမှာ ဖြစ်ခဲ့တာ။ ကိုယ့်အတွက် ကိုယ်ဝယ်မလား။ အမေရိကန်က ဥက္ကာပျံခဲစုဆောင်းတဲ့ သိပ္ပံပညာရှင်တွေအတွက် ဝယ်ပေးမလားဆိုတာကို ကျွန်တော် ဆုံးဖြတ်ရတော့တာပါပဲ” ဟု ဂျာရတ်ကောလင်းစ်က ဆိုသည်။

နောက်ဆုံးတွင် ရသမျှပိုက်ဆံအားလုံးကို စုဆောင်း သယ်ဆောင်ကာ ဂျိုရူအာကို ရှာဖွေရန် ကြားခံ ပွဲစားတစ်ဦးပမာ ထွက်ခွာခဲ့သည်ဟု ဂျာရတ်ကောလင်းစ် က ဆိုသည်။

ဂျိုရူအာ၏ နေအိမ်ခြံဝန်းအတွင်းသို့ကျရောက်လာ သည့်ဥက္ကာခဲမှာ နှစ်ပေါင်း ၄.၅ ဘီလီယံခန့်သက် တမ်းရှိပြီး ပေါင် ၁.၄ သန်း (အမေရိကန်ဒေါ်လာ ၂.၅ သန်း)တန်ကြေးရှိသည်ဟုသိရသည်။ ဂျာရတ်ကောလင်းမှာ ဥက္ကာခဲကို ဝယ်ယူပြီးနောက် အမေရိကန်သို့ သင်္ဘောဖြင့် ပို့ဆောင်ခဲ့သည်။ အဆို ပါ ဥက္ကာခဲကို အမေရိကန်နိုင်ငံ အင်ဒီယာနာပိုးလစ်မှ ဥက္ကာပျံဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ဂျေးပီယာတက်ခ်က ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု တက္ကဆက်စ်ပြည်နယ်အခြေစိုက် လနှင့်ဂြိဟ်များဆိုင်ရာနည်းပညာ သိပ္ပံ၏ အဆိုအရ သိရသည်။

ဂျိုရူအာထံမှ ဝယ်ယူခဲ့သည့်ဥက္ကာခဲမှာ ကာဘွန်ပါဝင် သည့် CM1/2 အမျိုးအစား Chondrite ဖြစ်ကာ အလွန် ရှားပါးသည့် အရာဖြစ်သည်ဟုလည်း အဆိုပါအဖွဲ့အစည်းက သတ်မှတ်ခဲ့သည်။ အဆိုပါ ဥက္ကာခဲကိုလည်း Kolang ဟု တရားဝင်အမည်ပေးခဲ့သလို အလေးချိန် ၂.၅ ကီလိုဂရမ်ရှိသည်ဟု သတ်မှတ်ခဲ့သည်။ အခြားဥက္ကာပျံအခဲ အပိုင်းအစများကိုလည်း ဂျိုရူအာ၏ နေအိမ်အနီးပတ်ဝန်းကျင်ဒေသများမှပင် ထပ်မံရှာတွေ့ခဲ့သည်။ တစ်ခုမှာ ဂျိုရူအာ၏နေအိမ်နှင့် ၃ ကီလိုမီတာအကွာတွင်ရှိသည့် စပါးခင်းတစ်ခုအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားအစိုးရ၏ အမျိုးသားလေကြောင်းနှင့် အာကာသအေဂျင်စီ၏ အကြီးအကဲဖြစ်သူ သောမတ်ဂျမာလူဒင်ကမူ ဥက္ကာခဲများအနေဖြင့် လူနေအိမ်ခြေများပေါ်သို့ကျလာခြင်းမှာ ရှားပါးလွန်းသည် ဟု မှတ်ချက်ချခဲ့သည်။

“အာကာသအတွင်းမှာက နေရောင်ခြည်စွမ်းအင်သုံးစနစ်က ခွဲထွက်လာတဲ့ စွန့်ပစ်ပစ္စည်း အရေအတွက် ပမာဏက အရမ်းကို များပြားလွန်းပါတယ်။ ဥက္ကာခဲအများစုကတော့ လူတွေနေထိုင်ရာဒေသနဲ့အတော် ဝေးဝေးကို ကျတာပါ။ ဥပမာ သမုဒ္ဒရာအတွင်း၊ တောအုပ်အတွင်း၊ သဲကန္တာရအတွင်းပေါ့ ” ဟု သောမတ် ဂျမာလူဒင်က မီဒီယာများသို့ပြောသည်။

ယခု ၂၀၂၀ သြဂုတ်လအတွင်းက ဘရာဇီးနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ ဆန်တာဖီလိုမီနာမြို့ ပတ်ဝန်းကျင် အတွင်းသို့ နှစ်ပေါင်း ၄.၆ ဘီလီယံသက်တမ်းရှိသည့် ဥက္ကာခဲအပိုင်းအစပေါင်း ၂၀၀ ခန့်ကျရောက်ခဲ့သည် ဟုလည်း သိရသည်။