ကြွက်မစင်ကနေ ကူးစက်တဲ့ ဗိုင်းရပ်စ်အသစ်တမျိုး လူအချင်းချင်း ကူးစက်နိုင်ကြောင်း တွေ့ရှိ
ဘိုလီဗီးယားမှာဖြစ်ပွားခဲ့တဲ့ အော့အန်ခြင်း၊ သွေးထွက်ခြင်းအစရှိတာတွေကို ဖြစ်ပွားစေတဲ့ ရှားပါးဗိုင်းရပ်စ်ဟာ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါဗိုင်းရပ်စ်ဟာ အီဘိုလာဗိုင်းရပ်စ်နဲ့အလားသဏ္ဍာန်တူညီပြီး ကူးစက်ခံရသူ ငါးဦးမှာ သုံးဦးအထိ သေဆုံးစေနိုင်တဲ့အထိ ဆိုးကျိုးဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ကြွက်ကတဆင့်ကူးစက်တဲ့ ဒီဗိုင်းရပ်စ်ကို ၂၀၀၄ ခုနှစ်က ဘိုလီဗီးယားမြို့တော် လာပါ့ဇ်ရဲ့ အရှေ့ဘက် မိုင် ၃၇၀ အကွာက Chapare ကျေးလက်ဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါနာမည်ကိုပဲ ပေးခဲ့ကာ Charpare Virus လို့ ခေါ်တွင်ခဲ့ပါတယ်။ သုတသနအသစ်တွေပြုလုပ်ချက်အရဆိုရင် လူနာအမှတ်သုညက အစပြုပျံ့နှံ့ခဲ့ပုံတွေနဲ့ သေစေနိုင်မှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်းက အဆိုပါဗိုင်းရပ်စ်ဟာ ဘိုလီဗီးယားနိုင်ငံတွင်းမှာ outbreak ဖြစ်ပွားခဲ့ပြီး အီဘိုလာနဲ့ မတူကွဲပြားပေမယ့်လည်း သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်ပေါ်စေသလို အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုယ်တွင်းအင်္ဂါပျက်စီးခြင်းနဲ့ သွေးထွက်စေခြင်းတွေကို ဖြစ်ပွားစေနိုင်တယ်လို့ သုတေသီတွေက အတည်ပြုနိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီဗိုင်းရပ်စ်ကို ကုသဖို့အတွက် အထောက်အကူပြုစောင့်ရှောက်မှုနဲ့ သွေးသွင်းခြင်းကလွဲပြီး ကျန်ကုသနည်းမရှိသေးဘူးလို့ သိရပါတယ်။ နောက်ထပ်ရောဂါဝေဒနာတွေအဖြစ် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ အဖုအပိန့်ထွက်ခြင်းနဲ့ သွားဖုံးယောင်ရမ်းခြင်းတွေ ဖြစ်ပွားတတ်တာကို တွေ့ရှိခဲ့ရပြီး ကြွက်ရဲ့ ဆီး ဒါမှမဟုတ် ပြင်းထန်တဲ့အဆိပ်တွေကို ထိတွေ့မှုကနေ ကူးစက်ခံရတယ်လို့ ယုံကြည်ရပါတယ်။
အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာက ဒေါက်တာ Caitlin Cossaboom က သူမရဲ့ သုတေသနေတွေ့ရှိချက်တွေကို တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန်အပူပိုင်းဒေသဆေးပညာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ အသက် ၆၅ နှစ်အရွယ် လယ်သမားကြီးတစ်ဦးက လူနာအမှတ်သုညအဖြစ်သတ်မှတ်ခံခဲ့ရပြီး သူ့ဆီကတဆင့် အသက် ၂၅ နှစ်အရွယ် ဆရာဝန်တစ်ဥိးကို ထပ်မံကူးစက်ခဲ့ကာ စတင်ပြန့်ပွားခဲ့တယ်လို့ သူမရဲ့ တင်ပြချက်မှာ ပါရှိခဲ့ပါတယ်။
သတင်းကောင်းတစ်ခုအဖြစ်ကတော့ အဆိုပါဗိုင်းရပ်စ်ပိုးဟာ အပူနဲ့ ပိုးသတ်ဆေးတွေကြောင့် အလွယ်တကူထိခိုက်လွယ်တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာကူးစက်ပြန့်ပွားမှုမဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက မှတ်ချက်ပြုခဲ့တာပဲဖြစ်ပါတယ်။