News

“ဘေးရန်ကင်းဖို့ သေချာပြင်ဆင်နေရလို့ နောက်ကျမှ ထွက်ပေါ်လာတဲ့ ထိုင်းထီ ဘတ် ၁၂ သန်းဆုရှင် မြန်မာ ဇနီးမောင်နှံ”

“အထူး သတင်းကောင်း”ထိုင်းထီပထမဆုကြီး နှစ်စောင်တွဲ ပေါက်ပြန်ပြီ..

တစ်ချိန်က အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရလို့ နစ်နာကြေးတွေရအောင် AAC က ကူညီ​ပေးခဲ့တဲ့ ​မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းထီအမြင့်ဆုံးဆု နှစ်စောင်တွဲ ထိုင်းဘတ်ငွေ(12)သန်း ကံထူးသွားပြန်ပါပြီ…..

ထိုင်းထီဆုငွေထုတ်ဖို့ ထိုင်းအစိုးရရုံးတွေ ပိတ်ထားလို့ နောက်ထပ်နှစ်ရက်စောင့်ရပါမည်။ထီဆုငွေများ ထုတ်ယူပြီး မြန်မာပြည်မိသားစုထံငွေရောက်ရှိသွားပါက Live လွှင့်ပြီး ထိုင်းထီပေါက်သူ သဌေးလောင်းများအား AAC မှ ဖော်ပြပေးပါမည်။

ဘာလို့ နောက်ကျမှ သိရတာလဲ ဆိုတော့ပါးနပ်ပြီး အထာနပ်တဲ့ ဇနီးမောင်နှံ ဖြစ်တာမို့ ဘေးရန်ကင်းအောင် ​သေချာပြင်ဆင်ပြီးမှ ထီပေါက်ခဲ့သော နေရာကနေအသာလေး ခွာလာတာမို့ပါ။

“ထူးခြားတာက ထိုင်းထီပေါက်ရင် AAC ကိုဆုငွေထုတ်ခိုင်းမယ် ပြီးတော့ AAC ကို လှူမယ်ဆိုတဲ့စိတ်နဲ့ ထီထိုးခဲ့တာပါတဲ့” ဗျာ….

ကဲ….သဌေးလောင်းတွေကို မြင်ချင်သူတွေAAC က မကြာမီ ပြပေးပါမယ်။

မှတ်ချက်။ ။ပူးတွဲ ဖော်ပြပါ ပုံကတော့ လွန်ခဲ့သောနှစ်နှစ်က လုပ်အားခ မရလို့ လာတိုင်ကြတဲ့ မြန်မာလုပ်သားတွေ AAC ရုံးခန်းမှာ ရိုတ်ထားတဲ့ ပုံပါ…

ဒီပုံထဲမှာ ဘတ်(12)သန်းပေါက်တဲ့ သဌေးဇနှီးမောင်နှံပါတယ်…. ဘယ်သူ ဖြစ်မလဲ မှန်းကြည့်….ရဲမင်း(AAC မဟာမိတ်အဖွဲ့)

ထိုင်းအခြေစိုက်အလုပ်သမားကူညီရေး….