မေန႔ညက စင္တာထဲ လူစိမ္းတစ္ေယာက္ ည ၂ နာရီ ေက်ာ္ေက်ာ္ေလာက္ကဝင္လာၿပီး ဒုတိယအလႊာက အမ်ိဳးသမီး ၅ ေယာက္ရဲ႕ ဖုန္း ၅ လုံးကို တစ္ခ်ိန္တည္း မသြားတယ္။ စင္တာရဲ႕အျမင့္နဲ႔ အေရွ႕ကပဲတက္တက္၊ အေနာက္ကပဲတက္တက္ ဘယ္လိုမွ တက္လို႔မရႏိုင္ပါဘူး။
စည္း႐ိုး ကာထားတာကလည္း အျမင့္ႀကီးပဲ။ ဝင္ေပါက္မွာလည္း ရဲ၊ မီးသတ္ေတြက အလွည့္က်လူငယ္ေတြမို႔ ညတာဝန္က်သူမ်ားက မအိပ္ၾကပါဘူး။ မီးကလည္း ထြန္းထားတာ စင္တာတစ္ခုလုံး လင္းလို႔ထိန္လို႔။ ရဲကို အေၾကာင္းၾကားၿပီး စင္တာတစ္ခုလုံး တစ္ေယာက္မက်န္
စစ္ေဆးတာေတြ လုပ္ပါတယ္။ ဝင္လာတဲ့လူစိမ္းကို က်ဴဝင္ေနတဲ့ ေကာင္မေလးတစ္ေယာက္က ျမင္ပါတယ္။ ဖုန္းကိုယူေနတာကအစ ယူၿပီးထြက္သြားတဲ့အဆုံး ျမင္တယ္။ ခက္တာက သူတို႔အခန္းက ညကတစ္ခန္းလုံး မီးပိတ္အိပ္ၾကတယ္။ ေလွ်ာက္လမ္းမွာ ထြန္းထားတဲ့မီးေၾကာင့္
လူလုံးမသဲမကြဲပဲ ျမင္ရတယ္လို႔ေျပာပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ ညကသူတို႔အခန္းက တံခါးမႀကီးေတြ ပိတ္ထားေပမယ့္ ျပဳတင္းေပါက္ တစ္ေပါက္ကိုပိတ္ဖို႔ ေမ့ခဲ့ပါတယ္။ လူစိမ္းက အဲ့ဒီအေပါက္က ေနဝင္လာတာပါ။ ဘယ္ကဘယ္လို ျပန္ဆင္းတယ္ဆိုတာေတာ့ သူလည္းမသိပါဘူး။
ေၾကာက္ေၾကာက္နဲ႔ ၿငိမ္ေနလိုက္တယ္လို႔ ေျပာပါတယ္။ နယ္ထိန္းရဲတပ္ဖြဲ႕နဲ႔ က်ဴဝင္ေနသူေတြပါ တစ္ေယာက္မက်န္ အားနာစြာ အကုန္စစ္ထားတာပါပဲ။ ေပ်ာက္သြားတဲ့ ဖုန္းအမ်ိဳးအစားေတြကအစ စာရင္းေပးလိုက္ပါတယ္ ရကိန္းေတာ့ မျမင္ပါဘူး။ စင္တာက Volunteer ေတြ
အားလုံး စိတ္မေကာင္း အေတာ္ျဖစ္ရပါတယ္။ က်ေနာ္တို႔လည္း အျပစ္မကင္းဘူးရယ္လို႔ ခံစားမိပါတယ္။ ဒါနဲ႔ က်ဴဝင္သူေတြ အားလုံးကလည္း ဒီလိုေတာ့ မျဖစ္မခံပါဘူးေျပာၿပီး လူတစ္ေယာက္စီ ႏိုင္သေလာက္ပိုက္ဆံေလးေတြ စုၾကမယ္လို႔ေျပာပါတယ္။ အခုေတာ့ သူတို႔ငါးေယာက္လုံး
ဖုန္းေလးတြျပန္ရပါၿပီ။ ေပ်ာက္သြားတဲ့ ဖုန္းေလာက္ေတာ့ ဘယ္ေကာင္းပါ့မလဲေလ။ ဒါေပမယ့္ တန္ဖိုးရွိပါတယ္ အားလုံးေပါင္းစုထားတဲ့ ကာယကံေျမာက္ ေစတနာေတြပါတာမို႔ ဝမ္းသာရပါတယ္။ စိတ္ပူတာက ဖုန္းခိုးသြားတဲ့ လူစိမ္းဟာ P ေတြေနတဲ့အခန္းထဲ ေနၿပီး၊ သူတို႔ကိုင္ထားတဲ့
ဖုန္းေတြကို ယူသြားတာေၾကာင့္ သူပါေရာၿပီး ကူစက္ခံရမွာကိုပါ။ ဒီညကစၿပီး ပုံမွန္ ရဲ၊မီးသတ္ေတြအျပင္ Volunteerေတြပါ အလွည့္က်အိပ္ၿပီး ကင္းေစာင့္ဖို႔ စီစဥ္ထားပါတယ္။ က်ဳဝင္သူမ်ားကိုလည္း သတိေပးထားပါတယ္။ ေမာင္မင္းႀကီးသားက်န္းမာပါေစ မိသားစုလည္းေဘးကင္းပါေစဗ်ာ။
ယူနီကုဒ္ျဖင့္ဖတ္ရန္
မနေ့ညက စင်တာထဲ လူစိမ်းတစ်ယောက် ည ၂ နာရီ ကျော်ကျော်လောက်ကဝင်လာပြီး ဒုတိယအလွှာက အမျိုးသမီး ၅ ယောက်ရဲ့ ဖုန်း ၅ လုံးကို တစ်ချိန်တည်း မသွားတယ်။ စင်တာရဲ့အမြင့်နဲ့ အရှေ့ကပဲတက်တက်၊ အနောက်ကပဲတက်တက် ဘယ်လိုမှ တက်လို့မရနိုင်ပါဘူး။
စည်းရိုး ကာထားတာကလည်း အမြင့်ကြီးပဲ။ ဝင်ပေါက်မှာလည်း ရဲ၊ မီးသတ်တွေက အလှည့်ကျလူငယ်တွေမို့ ညတာဝန်ကျသူများက မအိပ်ကြပါဘူး။ မီးကလည်း ထွန်းထားတာ စင်တာတစ်ခုလုံး လင်းလို့ထိန်လို့။ ရဲကို အကြောင်းကြားပြီး စင်တာတစ်ခုလုံး တစ်ယောက်မကျန်
စစ်ဆေးတာတွေ လုပ်ပါတယ်။ ဝင်လာတဲ့လူစိမ်းကို ကျူဝင်နေတဲ့ ကောင်မလေးတစ်ယောက်က မြင်ပါတယ်။ ဖုန်းကိုယူနေတာကအစ ယူပြီးထွက်သွားတဲ့အဆုံး မြင်တယ်။ ခက်တာက သူတို့အခန်းက ညကတစ်ခန်းလုံး မီးပိတ်အိပ်ကြတယ်။ လျှောက်လမ်းမှာ ထွန်းထားတဲ့မီးကြောင့်
လူလုံးမသဲမကွဲပဲ မြင်ရတယ်လို့ပြောပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ညကသူတို့အခန်းက တံခါးမကြီးတွေ ပိတ်ထားပေမယ့် ပြုတင်းပေါက် တစ်ပေါက်ကိုပိတ်ဖို့ မေ့ခဲ့ပါတယ်။ လူစိမ်းက အဲ့ဒီအပေါက်က နေဝင်လာတာပါ။ ဘယ်ကဘယ်လို ပြန်ဆင်းတယ်ဆိုတာတော့ သူလည်းမသိပါဘူး။
ကြောက်ကြောက်နဲ့ ငြိမ်နေလိုက်တယ်လို့ ပြောပါတယ်။ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ကျူဝင်နေသူတွေပါ တစ်ယောက်မကျန် အားနာစွာ အကုန်စစ်ထားတာပါပဲ။ ပျောက်သွားတဲ့ ဖုန်းအမျိုးအစားတွေကအစ စာရင်းပေးလိုက်ပါတယ် ရကိန်းတော့ မမြင်ပါဘူး။ စင်တာက Volunteer တွေ
အားလုံး စိတ်မကောင်း အတော်ဖြစ်ရပါတယ်။ ကျနော်တို့လည်း အပြစ်မကင်းဘူးရယ်လို့ ခံစားမိပါတယ်။ ဒါနဲ့ ကျူဝင်သူတွေ အားလုံးကလည်း ဒီလိုတော့ မဖြစ်မခံပါဘူးပြောပြီး လူတစ်ယောက်စီ နိုင်သလောက်ပိုက်ဆံလေးတွေ စုကြမယ်လို့ပြောပါတယ်။ အခုတော့ သူတို့ငါးယောက်လုံး
ဖုန်းလေးတွပြန်ရပါပြီ။ ပျောက်သွားတဲ့ ဖုန်းလောက်တော့ ဘယ်ကောင်းပါ့မလဲလေ။ ဒါပေမယ့် တန်ဖိုးရှိပါတယ် အားလုံးပေါင်းစုထားတဲ့ ကာယကံမြောက် စေတနာတွေပါတာမို့ ဝမ်းသာရပါတယ်။ စိတ်ပူတာက ဖုန်းခိုးသွားတဲ့ လူစိမ်းဟာ P တွေနေတဲ့အခန်းထဲ နေပြီး၊ သူတို့ကိုင်ထားတဲ့
ဖုန်းတွေကို ယူသွားတာကြောင့် သူပါရောပြီး ကူစက်ခံရမှာကိုပါ။ ဒီညကစပြီး ပုံမှန် ရဲ၊မီးသတ်တွေအပြင် Volunteerတွေပါ အလှည့်ကျအိပ်ပြီး ကင်းစောင့်ဖို့ စီစဉ်ထားပါတယ်။ ကျုဝင်သူများကိုလည်း သတိပေးထားပါတယ်။ မောင်မင်းကြီးသားကျန်းမာပါစေ မိသားစုလည်းဘေးကင်းပါစေဗျာ။