သရုပ်ဆောင်နေခြည်ဦး က She Shines Gems & Jewelry ရဲ့ အွန်လိုင်းဈေးရောင်းချလို့ ရတဲ့ အကျိုးအမြတ်ငွေကျပ်သိန်း(၁၀၀၀) ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၇)ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးမှာ အမေများအဖွဲ့၊ ကိုလူချောအဖွဲ့၊ မမများအဖွဲ့ အဓိက သရုပ်ဆောင် အခြေခံအလွှာ နှင့် ဇာတ်လမ်း၊ဇာတ်ညွှန်း အခြေခံအလွှာ တွေကို ဆန်နှင့်ဆီ ငွေကျပ် သိန်း(၁၀၀) ဖိုးလာ ရောက်လှူ ဒါန်းခဲ့ပါတယ်။
ထို့နောက် ရန်ကုန်ဆေးရုံကြီး မှာလည်း ကိုဗစ်လူနာတွေအတွက် ဆေးကုသရေးမှာ အဆင်ပြေစေဖို့ Syringe Pump (၁၀)လုံး၊ Infusion Pump (၁၀)လုံး၊ Portable Ultrasound (၁)လုံး စုစုပေါင်း ငွေကျပ် (၂၈၂) သိန်း ကိုထပ်မံလှူဒါန်းခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်နေခြည်ဦး အနေနဲ့ ဆက်လက်ပြီး နောက်ရက်တွေမှာလည်း တစ်ခြားနေရာ တွေ သွားလှူဖို့ရှိပြီး ဘယ်နေရာတွေ မှာလှူဖြစ်တယ်ဆိုတာလည်း Chillies ကိုချစ်တဲ့ပရိသတ်တွေကိုအမြဲ Update ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။