သရုပ်ဆောင် မင်းသမီးတွေထဲမှာတော့ မအေးသောင်းဟာ အရမ်းချစ်ဖို့ကောင်းသလို ခုချိန်ထိ အလှအပတွေကို ထိန်းသိမ်းထားနိုင်ဆဲပါ…အပျိုကြီးဆိုတဲ့ ဂုဏ်ကိုလည်း ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်
ခုတင်ပေးမှာကတော့ မအေးသောင်းက လူပျိုကြီးတွေအတွက် သတင်းကောင်းပါးလိုက်တဲ့ အကြောင်းလေးပါပဲ….သူမက သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ ခုလိုတင်ထားပါတယ်…
“အလုပ်အသစ်လက်ခံနေပါပြီနော်
ရည်းစားစကားပြောရင် နားထောင်ပေးပါတယ်။
တမိနစ် ၁သိန်းခွဲပါနော်။
ညလုံးပေါက်ပြောလဲနားထောင်ပေးနေပါပြီ။
ကြိုတင်ဘိုကင်ယူလိုက်ပါတော့။
?????” ဆိုပြီး တင်ထားတာဖြစ်ပါတယ်….
အဲဒါအကောင့်တု မဟုတ်ပါဘူးနော်….မအေးသောင်းရဲ့ အကောင့်အစစ်ပါ….Blue Mark ပါပါတယ်နော်
ကဲကဲ . . လူပျိုကြီးတွေအတွက် သတင်းကောင်းလေး ပါးလိုက်ပါပြီနော်….နောက်မကျရအောင် သွားပြောဖို့ ပြင်ပေတော့…တကယ်အတည်ပေါက်လား…စတာလားဆိုတာကတော့ သူနဲ့ တွေ့မှပဲ ကိုယ်တိုင် မေးကြည့်လိုက်ပါနော်….
FA ဘ၀က ကျွတ်ပြီး မအေးသေားင်းနဲ့ ညားနိုင်ကြပါစေ….