mRNA #ကာကွယ်ဆေးသူရဲကောင်း။
? (#တဘုံးဘုံးအလဲထိုးခံရရာမှပြန်ထခဲ့သူတစ်ယောက်အကြောင်း)
“#အားလုံးကမဖြစ်နိုင်ဘူး” လို့ပြောထားတဲ့ #အိပ်မက်တစ်ခုကို အလွန်ခေါင်းမာပြီးဆက်လုပ်တဲ့လူတစ်ယောက်သာမရှိခဲ့ရင် ဒီနေ့ Pfizer နဲ့ Moderna ရဲ့ #ကိုဗစ်ကာကွယ်ဆေးပေါ်ထွက်လာစရာမရှိပါဘူး။
Pfizer/BioNTech ရဲ့ ကမ္ဘာ့ပထမဦးဆုံး mRNA ကိုဗစ်ကာကွယ်ဆေးပေါ်ထွက်လာတော့ BioNTech ရဲ့ပိုင်ရှင်လင်မယားကို ဝိုင်းချီးကျူးကြပါတယ်။ တကယ့်ကန့်လန့်ကာနောက်ကသူရဲကောင်းကို လူတွေသိပ်မသိကြပါ။
တကယ်တော့ အလုပ်ကိုစက်ဘီးစီးသွားတာမသွားတာထက် ပိုအရေးပါတာက “မအောင်မြင်နိုင်ဘူး” ဆိုပြီး #လူတိုင်းကဖယ်ကြဉ်တဲ့ဒဏ်ကိုခံပြီး ခေါင်းမာစွာဆက်လုပ်ခဲ့စိတ်ဓာတ်ပါ။
အဲ့ဒီစိတ်ဓာတ်ပိုင်ရှင်ကတော့ Senior Vice President အဖြစ်နဲ့ BioNTech ကိုပူးတွဲထူထောင်သူ “Professor Katalin Karikó” ပါ။
Katalin Karikó ဟာ ?? ဟန်ဂေရီနိုင်ငံမှာ ၁၉၅၅ ခုနှစ်မှာမွေးဖွားခဲ့သူပါ။ ၁၉၇၈ ခုနှစ်မှာ Katalin Karikó ဟာ ဟန်ဂေရီက ဓာတ်ခွဲခန်းတစ်ခုမှာ mRNA ကို စတင်သုတေသနလုပ်ခဲ့ပါတယ်။
အဲ့ဒီတုန်းက mRNA ရဲ့ဖြစ်နိုင်ခြေကို #အယုံအကြည်မရှိကြပါဘူး။ mRNA ဟာတစ်နေ့မှာ ရောဂါမျိုးစုံကို ကုသနိုင်တယ်ဆိုတာ လေထဲမှာတိုက်အိမ်ဆောက်တဲ့ အိပ်မက်လို့ အတော်များများက ယူဆခဲ့ကြတာပါ။
၁၉၈၅ ခုနှစ်မှာ ဟန်ဂေရီနိုင်ငံ Szeged ရှိ Biological Research Centre ကနေ ခေါင်းမာတဲ့ Katalin Karikó ကို #ရာထူးကဖြုတ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် Katalin Karikó ဟာ အမေရိကကို ပြောင်းရွှေ့လာပြီး University of Pennsylvania (UPen) မှာ professor အဖြစ်အလုပ်ဝင်ခဲ့ပါတယ်။
Katalin Karikó ဟာ ဘယ်နေရာရောက်ရောက် mRNA သုတေသနကို ယုံကြည်ချက်ကြီးစွာနဲ့ ဇောက်ချပြီးလုပ်ပါတယ်။
ပြဿနာက အဲ့ဒီတုန်းက ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ဖြစ်မယ်လို့လည်း ဘယ်သူမှမသိကြပါ။ mRNA နဲ့ရောဂါကုမယ့်ကုထုံးအတွက် သုတေသနကိုလည်း အယုံအကြည်သိပ်မရှိကြပါ။
ပထမဆုံးအကြိမ်ရာထူးကပြုတ်ပြီး ၁၀ နှစ်အကြာ ၁၉၉၀ ကျော်ကာလမှာပဲ Katalin Karikó ဟာ UPen မှာ #ရာထူးလျော့ချတာခံခဲ့ရပါတယ်။mRNA သုတေသနအတွက် လုံလောက်တဲ့ ရန်ပုံငွေကို ရအောင်မရှာနိုင်ခဲ့လို့ပါ။
တကယ်တော့ အခုအချိန်မှာ လူတွေက mRNA ကို ကိုဗစ်ကာကွယ်ဆေးအောင်မြင်မှုလို့သာသိထားကြတာပါ။တကယ်တော့ #ဆေးလောကကမ္ဘာသစ်တစ်ခုရဲ့တံခါးတစ်ချပ်ပွင့်ထွက်သွားတာကို လူတွေသိပ်မသိကြပါဘူး။
၂၀၁၅ လောက်တုန်းက mRNA နည်းပညာကြောင့် တစ်နေ့မှာ ဆေးထုတ်နေတဲ့ ကုမ္ပဏီကြီးတွေပျောက်ကွယ်သွားနိုင်သလားဆိုတဲ့ ဆောင်းပါးကို ကျနော်ဖတ်ဖူးပါတယ်။
mRNA ဆိုတာ “Software of Life” လို့ Moderna ရဲ့ President ဖြစ်သူ Stephen Hoge က ၂၀၁၈ မှာပြောခဲ့ပါတယ်။mRNA = messenger RNA ဆိုတာ ကျနော်တို့ပေးချင်တဲ့ instruction အချက်အလက်တွေကို လူရဲ့ဆဲလ်ထဲ သယ်သွားပေးမယ့် ပရိုဂရမ်ကုတ်တွေပါတဲ့ မော်လီကျူးအတန်းကလေးပါပဲ။
လူရဲ့ဆဲလ်တွေမှာ သဘာဝအတိုင်းကျန်းမာအောင်လုပ်တဲ့ ပရိုတိန်းတွေရှိပါတယ်။ အဲ့ဒီပရိုတိန်းတွေကို ခိုင်းစေနိုင်လို့ရှိရင် ရောဂါ၊ ကင်ဆာဆဲလ်တွေကို ပြောင်းလဲကုသနိုင်တဲ့အထိ အစွမ်းထက်ပါတယ်။
သဘောကတော့ လူရဲ့ဆဲလ်တွေကို ဆေးမလိုပဲ သူ့ဘာသာသူပြန်ပြုပြင်အောင်လုပ်တဲ့ နည်းပညာပါ။
အဲ့ဒီနည်းပညာရဲ့ အကျိုးကျေးဇူးကိုရေးပြရင် ကုန်နိုင်ဖွယ်မရှိပါ။ “ယနေ့မကုသနိုင်သေးတဲ့ ရောဂါအတော်များများကို mRNA နည်းပညာနဲ့ကုသနိုင်ပါလိမ့်မယ်”။
mRNA ဟာ ကျနော်တို့သုံးနေတဲ့ memory stick လိုပါပဲ။ ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး အထဲက ပရိုဂရမ်ကုတ်တွေကိုပြင်လို့ရသလိုပါပဲ။ဒါ့ကြောင့် mRNA ကို “သက်ရှိလောကရဲ့ဆော့ဝဲလ်” လို့ တင်စားခေါ်ကြတာပါ။
mRNA ရဲ့ အကြောင်းကနေ အဲ့ဒီအိပ်မက်ကို ဇွဲရှိရှိခေါင်းမာမာနဲ့ အလျော့မပေးခဲ့တဲ့ Katalin Karikó အကြောင်းကိုပြန်ဆက်ပါမယ်။ငွေကုန်ကြေးကျများတဲ့ mRNA သုတေသနအတွက် ထောက်ပံ့ကြေးမရတဲ့အပြင် သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေကပါ သူမကိုအရူးလို့သတ်မှတ်ကာ ဖယ်ကြဉ်လာကြပါတယ်။
ရာထူးကလည်းအကြိမ်ကြိမ်အချခံရ၊ အလုပ်ထဲကလူတွေကလည်း ဖယ်ကြဉ်တဲ့ဒဏ်တွေနဲ့ အကြိမ်ကြိမ်အထိုးအနှက်ခံရပေမယ့် သူမကတော့ ခေါင်းမာစွာနဲ့ ပြန်ထကာဆက်ကြိုးပမ်းဆဲပါပဲ။
ဓာတ်ခွဲခန်းထဲမှာဖန်တီးထားတဲ့ mRNA ကို လူမှာသုံးမရတဲ့ ပြဿနာတစ်ခုက လူထဲကိုထိုးထည့်လိုက်ရင် inflammatory reaction ကိုယ်အင်္ဂါတွေယောင်ယမ်းတဲ့ အန္တရာယ်ရှိတဲ့ တုန့်ပြန်မှုကိုပေးလို့ ဖြစ်ပါတယ်။
“ဘဝမှာလမ်းဆုံးဆိုတာမရှိပါ။”
“လမ်းမှန်ကိုရှာမတွေ့သေးတာပဲရှိပါတယ်။”
၂၀၀၄ ခုနှစ်မှာ Katalin Karikó ဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက် Drew Weissman နဲ့အတူ mRNA ရဲ့ nucleoside ကို မသိမသာလေးပြောင်းလိုက်တဲ့နည်းကို တွေ့ရှိခဲ့ပါတယ်။
အဲ့ဒီမသိမသာလေးပြောင်းလဲနိုင်မှုဟာ သိပ္ပံလောကအတွက် အလွန်ကြီးမားတဲ့အပြောင်းအလဲဖြစ်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ရေးခဲ့တဲ့ ၂၀၀၅ ခုနှစ်က စာတမ်းဟာ အခုကိုဗစ်ကာကွယ်ဆေးအတွက် Pfizer/BioNTech နဲ့ Moderna တို့အတွက် လမ်းဖွင့်ပေးခဲ့တာပါပဲ။
အဲ့ဒီ သုတေသနအောင်မြင်အပြီးမှာ mRNA ကို ဆေးလောကရဲ့အနာဂတ်အဖြစ်မြင်လာကြပြီး အတော်များများသုတေသနလုပ်လာကြပါတယ်။
၂၀၁၂ မှာ Katalin Karikó နဲ့ Drew Weissman တို့ဟာ mRNA ကို antiviral immune response မှာသုံးဖို့ မူပိုင်ခွင့်ရရှိခဲ့ပါတယ်။
Moderna က Katalin Karikó ကို mRNA အတွက် မူပိုင်ခွင့်ကိစ္စနဲ့ ချဉ်းကပ်ခဲ့ပေမယ့် Katalin Karikó က တစ်ချို့မူပိုင်ခွင့်ကို သူတို့မပိုင်ပဲ သူအလုပ်လုပ်နေတဲ့ UPen ကပိုင်ကြောင်းအကြောင်းပြန်ခဲ့ပါတယ်။
၂၀၁၃ မှာ Katalin Karikó ဟာ UPen က မူပိုင်ခွင့်တွေကို Cellscript ကိုရောင်းချလိုက်တယ်ဆိုတာ သိရအပြီးမှာ mRNA UPen သုတေသနဆက်လုပ်ဖို့မျှော်လင့်ချက် ကုန်ဆုံးပြီဆိုတာသိလိုက်ရပါတယ်။
အဲ့ဒါနဲ့ ၂၀၁၃ မှာပဲ BioNTech မှာ Senior Vice President ရထူးကိုယူခဲ့ပြီး ယနေ့အောင်မြင်တဲ့ Pfizer/BioNTech ရဲ့ mRNA ကိုဗစ်ကာကွယ်ဆေးဖြစ်လာတာပါ။
သူ့အနေနဲ့ ဘဝမှာတစ်ခါမှ လူရှေ့မှာချီးကျူးဂုဏ်ပြုတာမခံရဘူးတော့ အခုလိုလူတွေ ဝိုင်းဝန်းဂုဏ်ပြုကြတဲ့အချိန်မှာ မနေတတ်ရှာပါဘူး။
? တကယ်တော့ သူမရဲ့အောင်မြင်မှုရှိရာကိုကမ်းမမြင်လမ်းမမြင်လျှော်ခတ်နေချိန်မှာ သူမရဲ့အားအင်တွေက သူမရဲ့သမီး Susan Francia ဖြစ်ခဲ့ပါတယ်။
? ? Susan Francia ဟာ ကမ္ဘာ့အိုလံပစ်လှေလှော်ချန်ပီယံပါ။ နှစ်ကြိမ်တိုင် အိုလံပစ်ရွှေတံဆိပ်ဆုရခဲ့သူပါ။
Moral of the story
▪️တစ်ချိန်မှာကမ္ဘာကိုကိုင်လှုပ်မယ့် ကိုဗစ်ကပ်ရောဂါကြီးနဲ့ သူ့ mRNA အိပ်မက်ဆက်စပ်နေမယ်လို့ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က Katalin Karikó မသိခဲ့ပါဘူး။
▪️အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နေချိန် အောင်မြင်မှုကိုသွားရာလမ်းဟာ လွယ်လွယ်ကူကူနဲ့မရလေ ပိုကြီးမြတ်မှုရှိလေဖြစ်တတ်ပါတယ်။
ဒီနေ့ဒီရက်မှာ Katalin Karikó ကို နိုဘယ်ဆုပေးဖို့ဝိုင်းပြောနေကြပါပြီ။
အိပ်မက်ပန်းတိုင်ဆီကိုလျှောက်လှမ်းနေချိန်မှာ ရာထူးကျပြီးအလဲထိုးခံရတာ …
အလုပ်ထဲကအပေါင်းအသင်းတွေက ဖယ်ကြဉ်တာ ခံရတတ်ပါတယ်။
ဒီနေ့ဒီရက်မှာတော့ Katalin Karikó ကို သူတို့ကျောင်းကဖြစ်ကြောင်း ဂုဏ်တင်ပြောနေသူတွေ …
သူတို့အပေါင်းအသင်းလုပ်ဖော်ကိုင်ဖက်ဖြစ်ကြောင်း ဂုဏ်တင်ပြောနေသူတွေ …
အများကြီးဖြစ်နေပါပြီ။
“#ဘဝမှာလမ်းဆုံးဆိုတာမရှိပါ။”
“#လမ်းမှန်ကိုရှာမတွေ့သေးတာပဲရှိပါတယ်။”
“#ဆက်လက်ကူးခတ်နေသ၍ #သင်မနစ်မြှုပ်သွားပါ။
⛵ ဆက်လက်လှော်ခတ်ရင်း #လမ်းမှန်ကိုယုံကြည်မှုရှိရှိနဲ့ရှာဖွေနေဖို့သာ လိုအပ်ပါတယ်။
Katalin Karikó နဲ့ Susan Francia တို့သားအမိပုံကို ဖော်ပြပေးထားပါတယ်။
Richard Myo Thant
18-November-2020